႐ုရွား- အာရပ္ ထိပ္သီးညီလာခံအတြက္ အာရပ္ေခါင္းေဆာင္အားလုံးကို သမၼတ ပူတင္ ဖိတ္ၾကား

႐ုရွားသမၼတ ပူတင္ သည္ ပထမဆုံးအႀကိမ္က်င္းပမည့္ ႐ုရွား-အာရပ္ထိပ္သီးညီလာခံအတြက္ အာရပ္ ေခါင္းေဆာင္အားလုံးႏွင့္ အာရပ္အဖြဲ႕ခ်ဳပ္အတြင္းေရးမွူးခ်ဳပ္တို႔ကို ဖိတ္ၾကားထားေၾကာင္း ႐ုရွားမီဒီယာမ်ားက သတင္းထုတ္ျပန္ထားသည္။

႐ုရွားနိုင္ငံက ပထမဆုံးအႀကိမ္ ႐ုရွား-အာရပ္ထိပ္သီးညီလာခံကို ေအာက္တိုဘာလ ၁၅ ရက္တြင္ ေမာ္စကို ၿမိဳ႕၌က်င္းပရန္ စီစဥ္ထားျခင္းျဖစ္သည္။

အဆိုပါထိပ္သီးညီလာခံ တက္ေရာက္ေရးအတြက္ သမၼတ ပူတင္ အေနျဖင့္ အာရပ္ေခါင္းေဆာင္အားလုံးႏွင့္ အာရပ္အဖြဲ႕ခ်ဳပ္ အတြင္းေရးမွူးခ်ဳပ္တို႔ကို ဖိတ္ၾကားထားၿပီး ျဖစ္ေၾကာင္း ကရင္မလင္နန္းေတာ္က သတင္းထုတ္ျပန္ထားသည္။

႐ုရွား-အာရပ္ထိပ္သီးညီလာခံသည္ ႐ုရွားႏွင့္အာရပ္နိုင္ငံမ်ားၾကား ဘက္စုံပူးေပါင္းေဆာင္ရြက္မွုမ်ား ပိုမို ခိုင္မာလာေစေရးအတြက္ အေထာက္အကူျပဳလိမ့္မည္ဟု မိမိတို႔ယုံၾကည္ေၾကာင္း သမၼတ ပူတင္ က ေျပာၾကား ထားသည္။

အာရပ္အဖြဲ႕ခ်ဳပ္သည္ အေရွ႕အလယ္ပိုင္းႏွင့္ အာဖရိကတို႔မွ အာရပ္နိုင္ငံမ်ားျဖင့္ ဖြဲ႕စည္းတည္ေဆာက္ ထားၿပီး အဖြဲ႕ဝင္နိုင္ငံ ၂၂ နိုင္ငံထိရွိသည္။

ယခုရက္သတၱပတ္အတြင္း ပင္လယ္ေကြ႕အာရပ္နိုင္ငံမ်ားသို႔ အေမရိကန္သမၼတ ေဒၚနယ္ထရန႔္ သြားေရာက္ ခဲ့ၿပီးေနာက္ သမၼတ ပူတင္ ကလည္း ႐ုရွား-အာရပ္ထိပ္သီးညီလာခံက်င္းပရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
_____________________________________________
ရုရှား- အာရပ် ထိပ်သီးညီလာခံအတွက် အာရပ်ခေါင်းဆောင်အားလုံးကို သမ္မတ ပူတင် ဖိတ်ကြား
===================================
ရုရှားသမ္မတ ပူတင် သည် ပထမဆုံးအကြိမ်ကျင်းပမည့် ရုရှား-အာရပ်ထိပ်သီးညီလာခံအတွက် အာရပ် ခေါင်းဆောင်အားလုံးနှင့် အာရပ်အဖွဲ့ချုပ်အတွင်းရေးမှူးချုပ်တို့ကို ဖိတ်ကြားထားကြောင်း ရုရှားမီဒီယာများက သတင်းထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံက ပထမဆုံးအကြိမ် ရုရှား-အာရပ်ထိပ်သီးညီလာခံကို အောက်တိုဘာလ ၁၅ ရက်တွင် မော်စကို မြို့၌ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

အဆိုပါထိပ်သီးညီလာခံ တက်ရောက်ရေးအတွက် သမ္မတ ပူတင် အနေဖြင့် အာရပ်ခေါင်းဆောင်အားလုံးနှင့် အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ်တို့ကို ဖိတ်ကြားထားပြီး ဖြစ်ကြောင်း ကရင်မလင်နန်းတော်က သတင်းထုတ်ပြန်ထားသည်။

ရုရှား-အာရပ်ထိပ်သီးညီလာခံသည် ရုရှားနှင့်အာရပ်နိုင်ငံများကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ ပိုမို ခိုင်မာလာစေရေးအတွက် အထောက်အကူပြုလိမ့်မည်ဟု မိမိတို့ယုံကြည်ကြောင်း သမ္မတ ပူတင် က ပြောကြား ထားသည်။

အာရပ်အဖွဲ့ချုပ်သည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့မှ အာရပ်နိုင်ငံများဖြင့် ဖွဲ့စည်းတည်ဆောက် ထားပြီး အဖွဲ့ဝင်နိုင်ငံ ၂၂ နိုင်ငံထိရှိသည်။

ယခုရက်သတ္တပတ်အတွင်း ပင်လယ်ကွေ့အာရပ်နိုင်ငံများသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သွားရောက် ခဲ့ပြီးနောက် သမ္မတ ပူတင် ကလည်း ရုရှား-အာရပ်ထိပ်သီးညီလာခံကျင်းပရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။