ကျောက်ဆည် မေ ၁၇
______________________________________________
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင် ဒေါက်တာမောင်သင်းနှင့်ကျောက်ဆည်မြို့နယ်ပါတီကော်မ တီဝင်များသည် G-12 စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ကျောင်း သား/သူများအား သွားရောက်တွေ့ ဆုံ အားပေးစကားပြောကြား
========================
ကျောက်ဆည် မေ ၁၇
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ကျောက်ဆည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးစိုးထွန်း၊အတွင်းရေးမှူး ဦးတင်မင်းမြတ်ဦးနှင့်မြို့နယ်ကော်မတီ၀င် ဦးခင်မောင်၀င်းတို့သည် G-12 စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ကျောင်း သား/သူများအား သင်ခန်းစာများ သင်ကြားပေးနေသော ကျောက်ဆည်မြို့၊ဆူးကုန်းရပ်ကွက်ရှိ အမက-၆ ကျောင်းသို့ သွားရောက်ကာ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းမှ G-12 စာမေးပွဲ ပြန် လည်ဖြေဆိုမည့် Camp ဝင်ရောက်နေသော ညအိပ်/အဆောင်နေ ကျောင်းသား/သူများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီးကျောင်းသား/သူများ အတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အလှူငွေ (၂၀၀၀၀ဝ)ကျပ်နှင့် ကျောင်းသား/သူ ၅၀ဦးနှင့်ဆရာ/ဆရာမများအတွက် အချိုရည်နှင့်ညစာအာဟာရဒါနအတွက် ၂၅၅၀၀ဝကျပ်အား ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ကျောက်ဆည်မြို့၊ကြက်မင်းတွန်ရပ်ကွက်ရှိ မေတ္တာကိုယ်ပိုင်အထက်တန်း ကျောင်းရှိ စာသင်ဆောင်သို့ သွား ရောက်ကာ ပါတီဗဟိုအလုပ်အမှု ဆောင် ဒေါက်တာမောင်သင်းမှ G-12 စာမေးပွဲ ပြန်လည်ဖြေဆိုမည့် Camp ဝင်ရောက်နေသော ကျောင်း သား/သူများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပါသည်။