မေ ၁၇၊ နေပြည်တော်
________________________________________________________
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ နှင့် ကိုယ်စားလှယ်အဖွဲ့ ပြည်ခိုင်ဖြိုးပါတီ နှင့် Belaya Rus ပါတီ တို့ နှစ်နိုင်ငံပါတီချင်း ပါတီလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးစီး
===============
မေ ၁၇၊ နေပြည်တော်
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Belaya Rus ပါတီ ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ Minsk မြို့တွင် ရောက်ရှိနေပြီး ဘယ်လာရုစ်နိုင်ငံ၊ အနိုင်ရပါတီဖြစ်သည့် Belaya Rus နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအကြား နှစ်နိုင်ငံပါတီချင်း ပါတီလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးပြီးစီးကြောင်း သတင်းရရှိပါသည်။
ရင်းမြစ် – Belaya Rus ပါတီ ဝက်ဘ်ဆိုက်