ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ ႏွင့္ ကိုယ္စားလွယ္အဖြဲ႕ ဘယ္လာ႐ုစ္နိုင္ငံ၊ Minsk ၿမိဳ႕တြင္ က်င္းပေသာ International Inter-Party Conference သို႔ တက္ေရာက္လ်က္ရွိ



ေမ ၁၇၊ ေနျပည္ေတာ္

ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕သည္ Belaya Rus ပါတီ ၏ ဖိတ္ၾကားခ်က္အရ ဘယ္လာ႐ုစ္နိုင္ငံ၊ Minsk ၿမိဳ႕တြင္ က်င္းပေသာ International Inter-Party Conference ဒုတိယေန႔အစီအစဥ္မ်ားကို တက္ေရာက္လ်က္ရွိသည္။

ထိုအစည္းအေဝးပြဲသို႔ ႐ုရွား၊ အဇာဘိုင္ဂ်န္၊ အာေမးနီးယား၊ ဗင္နီဇြဲလား၊ ဗီယက္နမ္၊ အီရန္၊ ကာဇက္စတန္၊ တ႐ုတ္၊ က်ဴးဘား၊ ျမန္မာ၊ ပါလက္စတိုင္း၊ ဆားဘီးယား၊ တာဂ်စ္ကစၥတန္၊ ဥဇဘက္ကစၥတန္စသည့္ နိုင္ငံေရးပါတီမ်ားမွ ပါတီကိုယ္စားလွယ္မ်ားႏွင့္ ပညာရွင္မ်ား စုစုေပါင္း ၄၉၂ ဦး ပါဝင္တက္ေရာက္လ်က္ရွိပါသည္။

ထိုအစည္းအေဝးအစီအစဥ္အတြင္း စုံညီအစည္းအေဝး ႏွင့္ က႑အလိုက္ ေဆြးေႏြးပြဲမ်ားတြင္ ေဟာေျပာသူ ၃၁ ဦး၊ သိပၸံဆရာဝန္ ၇ ဦး၊ တြဲဖက္ပါေမာကၡ ၂၉ ဦး၊ ပါေမာကၡ ၆ ဦး၊ ပညာရွင္ ၁ ဦးတို႔ ပါဝင္ၿပီး ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒မွလည္း တက္ေရာက္ေဟာေျပာေဆြးေႏြးခဲ့ေၾကာင္း သတင္းရရွိပါသည္။

ရင္းျမစ္ – Belaya Rus ပါတီ ဝက္ဘ္ဆိုက္
________________________________________
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ နှင့် ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်နိုင်ငံ၊ Minsk မြို့တွင် ကျင်းပသော International Inter-Party Conference သို့ တက်ရောက်လျက်ရှိ
===========
မေ ၁၇၊ နေပြည်တော်

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Belaya Rus ပါတီ ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ Minsk မြို့တွင် ကျင်းပသော International Inter-Party Conference ဒုတိယနေ့အစီအစဉ်များကို တက်ရောက်လျက်ရှိသည်။

ထိုအစည်းအဝေးပွဲသို့ ရုရှား၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဗင်နီဇွဲလား၊ ဗီယက်နမ်၊ အီရန်၊ ကာဇက်စတန်၊ တရုတ်၊ ကျူးဘား၊ မြန်မာ၊ ပါလက်စတိုင်း၊ ဆားဘီးယား၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်စသည့် နိုင်ငံရေးပါတီများမှ ပါတီကိုယ်စားလှယ်များနှင့် ပညာရှင်များ စုစုပေါင်း ၄၉၂ ဦး ပါဝင်တက်ရောက်လျက်ရှိပါသည်။

ထိုအစည်းအဝေးအစီအစဉ်အတွင်း စုံညီအစည်းအဝေး နှင့် ကဏ္ဍအလိုက် ဆွေးနွေးပွဲများတွင် ဟောပြောသူ ၃၁ ဦး၊ သိပ္ပံဆရာဝန် ၇ ဦး၊ တွဲဖက်ပါမောက္ခ ၂၉ ဦး၊ ပါမောက္ခ ၆ ဦး၊ ပညာရှင် ၁ ဦးတို့ ပါဝင်ပြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌမှလည်း တက်ရောက်ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရင်းမြစ် – Belaya Rus ပါတီ ဝက်ဘ်ဆိုက်