ျပင္ဦးလြင္ၿမိဳ႕နယ္၊အနီးစခန္းေက်း ရြာတြင္ ေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံပြဲသို႔ ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမွုေဆာင္ေဒါက္တာေမာင္သင္းတက္ေရာက္



ျပင္ဦးလြင္ ေမ ၁၇

မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕ နယ္၊ရပ္ကြက္ႀကီး(၁၇)၊အနီးစခန္းေက်းရြာအုပ္စု၊ေရႊဘိုစုရပ္ကြက္တြင္ ေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံပြဲ က်င္းပျပဳလုပ္ခဲ့ရာ ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမွုေဆာင္ ေဒါက္တာေမာင္သင္း၊ပါတီဗဟိုအလုပ္အမွုေဆာင္၊မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုး၊တိုင္းေဒသႀကီးပါတီအတြင္းေရးမွုး ဦးညြန္႔ေဆာင္၊တိုင္းေကာ္မတီဝင္မ်ား၊ျပင္ဦးလြင္ခရိုင္ႏွင့္ၿမိဳ႕နယ္ဥကၠ႒မ်ား၊အတြင္းေရးမွူးမ်ား၊ေကာ္မတီဝင္မ်ား၊ရပ္ေက်းပါတီေကာ္မတီဝင္မ်ား၊ရပ္မိရပ္ဖမ်ား၊ပါတီဝင္မ်ား၊ပါတီဝန္းရံသူမ်ား၊ေဒသခံျပည္သူမ်ား၊စုစုေပါင္းအင္အား ၁၁၀ဦး တက္ေရာက္ခဲ့ၾကပါသည္။

ေတြ႕ဆုံပြဲတြင္ တက္ေရာက္ လာသည့္ တိုင္းေဒသႀကီး/ခရိုင္/ၿမိဳ႕နယ္ပါတီေကာ္မတီဝင္မ်ားမွ တစ္ဦးခ်င္းမိတ္ဆက္ခဲ့ၾကၿပီး ပါတီဗဟိုအလုပ္အမွုေဆာင္ ေဒါက္တာေမာင္သင္းမွ ႏွုတ္ခြန္းဆက္စကားႏွင့္ ျပည္ခိုင္ၿဖိဳးပါတီမွာ တိုင္းျပည္ေကာင္းေအာင္ ေဆာင္ရြက္လိုသူမ်ားႏွင့္ဖြဲ႕စည္းထားသည့္ ပါတီျဖစ္ေၾကာင္း၊တက္ေရာက္လာသူမ်ားမွလည္း တိုင္းျပည္ေကာင္းေအာင္ ဝိုင္းဝန္းေဆာင္ရြက္ေပးၾကေစလိုေၾကာင္း၊ယခုတက္ေရာက္ လာသူမ်ားမွာ သတၱိရွိသူမ်ား တနည္းအားျဖင့္ တတ္သိပညာရွိသူမ်ားျဖစ္ေၾကာင္း၊အသိပညာရွိသူမ်ားျဖစ္၍ အနာဂတ္နိူင္ငံေတာ္ ဖြံ့ၿဖိဳးတိုးတက္ေရးအတြက္ ႀကိဳး စားေဆာင္ရြက္ေပးေစလိုေၾကာင္းျဖင့္ ေျပာၾကားခဲ့ပါသည္။

ဆက္ လက္၍ ပါတီဗဟိုအလုပ္အမွု ေဆာင္၊မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးက ႏွုတ္ခြန္းဆက္စကားႏွင့္လက္ရွိနိူင္ငံေရး အေျခအေနမ်ား၊၂၀၂၀ ေရြးေကာက္ပြဲ မဲမသမာမွုျဖစ္စဥ္မ်ား၊တပ္မေတာ္မွ နိူင္ငံေတာ္အာဏာကို ထိန္းသိမ္းခဲ့ရသည့္ ျဖစ္စဥ္မ်ား၊၂၀၂၅ ခုႏွစ္ ဒီဇင္ဘာလတြင္ ေရြးေကာက္ပြဲ က်င္းပမည့္ အေျခအေနမ်ား၊ေရြးေကာက္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္မည့္ နိူင္ငံေရးပါတီမ်ား၏ အေျခအေနမ်ားအား ရွင္းလင္းေျပာၾကားခဲ့ပါသည္။

၎ေနာက္ တက္ေရာက္လာသည့္ ေဒသခံျပည္သူမ်ားမွ ေျမယာကိစၥမ်ား၊ေဒသဖြံ့ၿဖိဳးေရးကိစၥမ်ား တင္ျပေဆြးေႏြးခဲ့ၾကပါသည္။ေဒသခံမ်ား၏ တင္ျပခ်က္မ်ားအေပၚ ပါတီဗဟိုအလုပ္အမွုေဆာင္ ေဒါက္တာေမာင္သင္းႏွင့္ပါတီဗဟိုအလုပ္အမွုေဆာင္၊တိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးတို႔က ျပန္လည္ရွင္းလင္း ေဆြးေႏြးခဲ့ၿပီး ေတြ႕ဆုံပြဲအား ႐ုပ္သိမ္းခဲ့ေၾကာင္း သိရွိရပါသည္။
____________________________________________________________
ပြင်ဦးလွင်မြို့နယ်၊အနီးစခန်းကျေး ရွာတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းတက်ရောက်
============================
ပြင်ဦးလွင် မေ ၁၇

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ နယ်၊ရပ်ကွက်ကြီး(၁၇)၊အနီးစခန်းကျေးရွာအုပ်စု၊ရွှေဘိုစုရပ်ကွက်တွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊တိုင်းကော်မတီဝင်များ၊ပြင်ဦးလွင်ခရိုင်နှင့်မြို့နယ်ဥက္ကဋ္ဌများ၊အတွင်းရေးမှူးများ၊ကော်မတီဝင်များ၊ရပ်ကျေးပါတီကော်မတီဝင်များ၊ရပ်မိရပ်ဖများ၊ပါတီဝင်များ၊ပါတီဝန်းရံသူများ၊ဒေသခံပြည်သူများ၊စုစုပေါင်းအင်အား ၁၁၀ဦး တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် တက်ရောက် လာသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းမှ နှုတ်ခွန်းဆက်စကားနှင့် ပြည်ခိုင်ဖြိုးပါတီမှာ တိုင်းပြည်ကောင်းအောင် ဆောင်ရွက်လိုသူများနှင့်ဖွဲ့စည်းထားသည့် ပါတီဖြစ်ကြောင်း၊တက်ရောက်လာသူများမှလည်း တိုင်းပြည်ကောင်းအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ယခုတက်ရောက် လာသူများမှာ သတ္တိရှိသူများ တနည်းအားဖြင့် တတ်သိပညာရှိသူများဖြစ်ကြောင်း၊အသိပညာရှိသူများဖြစ်၍ အနာဂတ်နိူင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုး စားဆောင်ရွက်ပေးစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ဆက် လက်၍ ပါတီဗဟိုအလုပ်အမှု ဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက နှုတ်ခွန်းဆက်စကားနှင့်လက်ရှိနိူင်ငံရေး အခြေအနေများ၊၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုဖြစ်စဥ်များ၊တပ်မတော်မှ နိူင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ရသည့် ဖြစ်စဥ်များ၊၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပမည့် အခြေအနေများ၊ရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည့် နိူင်ငံရေးပါတီများ၏ အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

၎င်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများမှ မြေယာကိစ္စများ၊ဒေသဖွံ့ဖြိုးရေးကိစ္စများ တင်ပြဆွေးနွေးခဲ့ကြပါသည်။ဒေသခံများ၏ တင်ပြချက်များအပေါ် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းနှင့်ပါတီဗဟိုအလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။