____________________________________
အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင် ကင်ဆာရောဂါ ခံစားနေရသည်ဟုဆို
=====================================
အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်ဟာ ပြင်းထန်တယ်လို့ ယူဆရတဲ့ ဆီးကျိတ်ကင်ဆာရောဂါကို ခံစားနေရတယ်လို့ သိရပါတယ်။
၎င်း ကင်ဆာဆဲလ်တွေဟာ အရိုးတွေထိ ပျံ့နှံနေပြီလို့ သူ့ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဆေးစစ်မှုတွေမှာ တွေ့ရှိခဲ့တာာဖြစ်ပြီး အသက် ၈၂ နှစ်အရွယ် ဂျိုးဘိုင်ဒင်အတွက် ကုသမှုဆိုင်ရာ ရွေးချယ်မှုတွေကို သမားတော်တွေက သုံးသပ်နေတယ်လို့လည်း သိရပါတယ်။