အခြန္ေဆာင္ထားျခင္းမရွိသည့္ ျပည္ပအလုပ္အကိုင္ ေအဂ်င္စီအခ်ိဳ႕ကို သတ္မွတ္ရက္အတြင္းအခြန္ေဆာင္ရန္အသိေပး

၂၀၂၃ -၂၀၂၄ ဘ႑ာေရးႏွစ္အတြက္ အခြန္ေဆာင္ထားျခင္းမရွိသည့္ ျပည္ပအလုပ္အကိုင္ ေအဂ်င္စီအခ်ိဳ႕ကို သတ္မွတ္ရက္အတြင္း အခြန္ေဆာင္ရန္ အလုပ္သမားဝန္ႀကီးဌာနမွ အသိေပးထုတ္ျပန္ထားသည္။

ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္ရေအဂ်င္စီမ်ားအေနျဖင့္ နိုင္ငံအလိုက္ အလုပ္သမားေစလႊတ္မွုအေပၚ ေပးေဆာင္ရမည့္ အခြန္ေပးေဆာင္ျခင္းမရွိပါက လိုင္စင္ပယ္ဖ်က္ကာ အမည္မည္းစာရင္းသြင္းမည္ျဖစ္ေၾကာင္း ေမလ (၁၇) ရက္ က ထုတ္ျပန္ေၾကညာထားျခင္း ျဖစ္သည္။

လက္ရွိတြင္ အခြန္ေဆာင္ထားျခင္းမရွိသည့္ ျပည္ပအလုပ္အကိုင္ေအဂ်င္စီ (၂၈)ခုကို သတ္မွတ္ရက္အတြင္း အခြန္မေဆာင္ပါက အမည္မည္းစာရင္းသြင္းမည္ျဖစ္ေၾကာင္း အသိေပးထားသည္။

အလုပ္သမားဝန္ႀကီးဌာန၏ ေၾကညာခ်က္အရ အမည္စာရင္းပါရွိသည့္ျပည္ပအလုပ္အကိုင္ အက်ိဳးေဆာင္လိုင္စင္ရ ေအဂ်င္စီ (၂၈) ခုအေနျဖင့္၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္အတြက္ အခြန္မ်ားကို ေမလ (၃၁) ရက္မတိုင္မီ သက္ဆိုင္ရာၿမိဳ႕ နယ္အခြန္႐ုံးမ်ားတြင္ အခြန္စည္းၾကပ္မွုခံယူၿပီး အခ်ိန္မီတင္ျပၾကရန္လိုေၾကာင္း ေဖာ္ျပထားသည္။

၂၀၂၃ -၂၀၂၄ ဘ႑ာႏွစ္အတြက္ ေအဂ်င္စီမ်ားက နိုင္ငံအလိုက္ အလုပ္သမားေစလႊတ္ခဲ့မွုအေပၚ သက္ဆိုင္ရာၿမိဳ႕ နယ္အခြန္႐ုံးမ်ားတြင္ ၂၀၂၄ ခုႏွစ္၊ ၾသဂုတ္လေနာက္ဆုံးထားၿပီး အခြန္စည္းၾကပ္မွုခံယူၿပီး ျပန္လည္တင္ျပၾကရန္ ၂၀၂၄ ခုႏွစ္ ဇြန္လ (၇) ရက္၌ အေၾကာင္းၾကားခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
____________________________________________________________________
အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်းအခွန်ဆောင်ရန်အသိပေး
===============================
၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်း အခွန်ဆောင်ရန် အလုပ်သမားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် နိုင်ငံအလိုက် အလုပ်သမားစေလွှတ်မှုအပေါ် ပေးဆောင်ရမည့် အခွန်ပေးဆောင်ခြင်းမရှိပါက လိုင်စင်ပယ်ဖျက်ကာ အမည်မည်းစာရင်းသွင်းမည်ဖြစ်ကြောင်း မေလ (၁၇) ရက် က ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။

လက်ရှိတွင် အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ (၂၈)ခုကို သတ်မှတ်ရက်အတွင်း အခွန်မဆောင်ပါက အမည်မည်းစာရင်းသွင်းမည်ဖြစ်ကြောင်း အသိပေးထားသည်။

အလုပ်သမားဝန်ကြီးဌာန၏ ကြေညာချက်အရ အမည်စာရင်းပါရှိသည့်ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ (၂၈) ခုအနေဖြင့်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အခွန်များကို မေလ (၃၁) ရက်မတိုင်မီ သက်ဆိုင်ရာမြို့ နယ်အခွန်ရုံးများတွင် အခွန်စည်းကြပ်မှုခံယူပြီး အချိန်မီတင်ပြကြရန်လိုကြောင်း ဖော်ပြထားသည်။

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွက် အေဂျင်စီများက နိုင်ငံအလိုက် အလုပ်သမားစေလွှတ်ခဲ့မှုအပေါ် သက်ဆိုင်ရာမြို့ နယ်အခွန်ရုံးများတွင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လနောက်ဆုံးထားပြီး အခွန်စည်းကြပ်မှုခံယူပြီး ပြန်လည်တင်ပြကြရန် ၂၀၂၄ ခုနှစ် ဇွန်လ (၇) ရက်၌ အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။