မေလ ၁၇ ရက် ည ၁၀ နာရီ ၂၆ မိနစ်ဝန်းကျင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရွှေကူဘုန်းကြီးကျောင်းတိုက်အတွင်းမှာဖွင့်ထားတဲ့ ငလျင်ကယ်ဆယ်ရေးစခန်းပေါ် သစ်ပင်လဲပြိုကျလာလို့ ဒုက္ခသည် ကလေးတဦးနဲ့ လူကြီးတဦး ပိမိခဲ့တယ်လို့သိရပါတယ်
လူမှုကူညီရေးအသင်းက ကြိုးစားကယ်ထုတ်ခဲ့ပေမဲ့ ကလေးကော လူကြီးပါ သေဆုံးသွားခဲ့တယ်လို့ “မဏီစလ”လူမှုကူညီရေးအသင်း(မန္တလေး)က ထုတ်ပြန်ပါတယ်။
–