နိုင္ငံခ်စ္စိတ္ျဖင့္ တိုင္းျပည္ႏွင့္ျပည္သူအတြက္ နိုင္ငံ့အေရးကို စည္းလုံးညီညြတ္စြာလုပ္ေဆာင္ၾကရန္ မေကြးတိုင္းေဒသႀကီး တိုင္းပါတီ ေကာ္မတီဝင္မ်ားႏွင့္ ေတြ႕ဆုံပြဲ ၌ ပါတီဒုတိယဥကၠ႒ဦးလွထြန္း မွာၾကား
မေကြး ေမ ၁၆
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ
ဒုတိယဥကၠ႒ဦးလွထြန္းသည္ (၁၆-၅-၂၀၂၅)ရက္ေန႔က ပါတီဗဟိုအတြင္းေရးမွူး ဦးပိုက္ေထြး၊ ပါတီဗဟိုအလုပ္အမွုေဆာင္ ဦးတင့္လွိုင္ျမင့္တို႔ လိုက္ပါလ်က္ မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕ တိုင္းပါတီခန္းမ၌ တိုင္း၊ခရိုင္၊ၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ားႏွင့္ သြားေရာက္ ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံပြဲ၌ ပါတီဒုတိယဥကၠ႒မွ အမွာစကား ေျပာၾကားရာတြင္ မိမိတို႔ နိုင္ငံသည္ ပါလီမန္ေခတ္၊မဆလေခတ္ တို႔ျဖင့္ ေတြ႕ၾကဳံျဖတ္သန္းခဲ့ရၿပီး ယခုေခတ္ကာလမွာ ပါတီစုံဒီမိုကေရစီေခတ္ျဖစ္၍ မိမိတို႔ပါတီဝင္မ်ားအေနျဖင့္ တိုးတက္လာေသာေခတ္ႏွင့္အညီ ႀကိဳးစား ေဆာင္ရြက္ ၾကရမည္ ျဖစ္ေၾကာင္း၊ မီဒီယာေခတ္ ျဖစ္ေသာ ေၾကာင့္ ကမၻာႀကီးသည္ ရြာသာသာျဖစ္လာေသာ္လည္း အသိအျမင္မ်ား လြဲမွားကာ အဆိုးဘက္သို႔ဦးတည္လာေသာေၾကာင့္ယေန႔အခ်ိန္သည္ မိမိတို႔တိုင္းျပည္ အတြက္ အေရးႀကီးဆုံးအခ်ိန္ျဖစ္ေၾကာင္း၊ေရြးေကာက္ပြဲသည္လည္း မၾကာခင္က်င္းပေတာ့မည္ျဖစ္သျဖင့္ ေပါ့ေပါ့ဆဆေန၍မရေၾကာင္း၊တိုင္း/ခရိုင္/ၿမိဳ႕နယ္ /ရပ္ေက်းအလိုက္ အဆင့္ဆင့္စီမံခ်က္မ်ားခ်မွတ္လုပ္ေဆာင္ရန္လိုေၾကာင္း ဦးစြာႏွုတ္ခြန္းဆက္အမွာစကားေျပာၾကားခဲ့ပါသည္။
ဆက္လက္၍ ပါတီဗဟိုအတြင္းေရးမွူး ဦးပိုက္ေထြးမွ
ေရြးေကာက္ပြဲေအာင္နိုင္ေရးအတြက္ အလႊာလိုက္စည္း႐ုံးေရးကိစၥရပ္မ်ားကိုလည္းေကာင္း၊ဗဟိုအလုပ္အမွုေဆာင္ဦးတင့္လွိုင္ျမင့္မွ ပါတီစည္းကမ္းပိုင္းဆိုင္ရာမ်ားကိုလည္းေကာင္း ေဆြးေႏြးခဲ့ပါသည္။
၎ေနာက္ ခရိုင္ဥကၠ႒မ်ားမွ သက္ဆိုင္ရာခရိုင္အလိုက္ ပါတီလုပ္ငန္းမ်ားေဆာင္ရြက္ေနမွု ႏွင့္ နယ္ေျမအေျခအေနမ်ား တင္ျပေဆြးေႏြးခဲ့ၾကပါသည္။ဆက္လက္၍ တိုင္းပါတီဥကၠ႒ ေဒါက္တာေမာင္ေမာင္ေဌးမွ တိုင္း၊ခရိုင္၊ၿမိဳ႕နယ္မ်ား၏ပါတီေအာင္နိုင္ေရးေဆာင္ရြက္ေနမွုအေျခအေနမ်ားႏွင့္နယ္ေျမေဒသအေျခအေနမ်ားအား ျဖည့္စြက္ေဆြးေႏြးခဲ့ပါသည္။
တင္ျပမွုမ်ားအေပၚ ပါတီဒုတိယဥကၠ႒မွျပန္လည္သုံးသပ္ေဆြးေႏြး ေပးခဲ့ၿပီး နိဂုံးခ်ဳပ္ အမွာစကား ေျပာၾကားရာတြင္ ဒီမိုကေရစီ၏အႏွစ္သာရကိုမသိပဲ အတၱလြန္ကဲေသာ နိုင္ငံေရးသမားမ်ားသည္ နိုင္ငံေရးကိုနိုင္ငံေရးနည္းလမ္းျဖင့္မေျဖရွင္းပဲ အၾကမ္းဖက္နည္းလမ္းျဖင့္ ေျဖးရွင္းျခင္းေၾကာင့္ တိုင္းျပည္မၿငိမ္မသက္ ျဖစ္ရေၾကာင္း၊ပါတီေအာင္နိုင္ေရးအတြက္လုပ္ေဆာင္ရာတြင္အတိုက္အခိုက္မ်ား၊ၿပိဳင္ဘက္မ်ားရွိလာနိုင္သျဖင့္ မိမိတို႔လုပ္ေဆာင္မွုမ်ားသည္ မွန္ကန္ေသာလမ္းေၾကာင္းေပၚ တြင္ ရပ္တည္ေနဖို႔လိုေၾကာင္း၊ နိုင္ငံခ်စ္စိတ္ျဖင့္ တိုင္းျပည္ႏွင့္ျပည္သူအတြက္ နိုင္ငံ့အေရးကို စည္းလုံးညီညြတ္စြာလုပ္ေဆာင္ၾကရန္လိုေၾကာင္း၊အခ်ိန္ကာလအားျဖင့္ အနည္းငယ္သာလိုေတာ့သည့္အတြက္ မေလၽွာ့ေသာဇြဲ ျဖင့္လုပ္ေဆာင္ၾကရန္ လိုေၾကာင္း၊ ၾကဳံေတြ႕လာသည့္ အခက္အခဲမ်ားကိုလည္း ေဆြးေႏြးတိုင္ပင္ညႇိႏွိုင္းၿပီး ပါတီေအာင္နိုင္ေရးအတြက္ စည္းလုံးစြာလုပ္ေဆာင္ၾကရန္ မွာၾကားခဲ့ပါသည္။
ဆက္လက္၍ ပါတီဒုတိယဥကၠဌ မွမေကြးတိုင္းေဒသႀကီးအတြင္း အၾကမ္းဖက္ ေရွာင္ ေနရပ္စြန႔္ခြာခဲ့ရေသာ ပါတီဝင္မိသားစုမ်ားႏွင့္ ေတြ႕ဆုံခဲ့ၿပီး အားေပးစကားျပာၾကားကာ ေထာက္ပံ့ေငြမ်ား ေပးအပ္ခဲ့ပါသည္။
_________________________________________________________
နိုင်ငံချစ်စိတ်ဖြင့် တိုင်းပြည်နှင့်ပြည်သူအတွက် နိုင်ငံ့အရေးကို စည်းလုံးညီညွတ်စွာလုပ်ဆောင်ကြရန် မကွေးတိုင်းဒေသကြီး တိုင်းပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲ ၌ ပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်း မှာကြား
============================
မကွေး မေ ၁၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ဒုတိယဥက္ကဋ္ဌဦးလှထွန်းသည် (၁၆-၅-၂၀၂၅)ရက်နေ့က ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့်တို့ လိုက်ပါလျက် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ တိုင်းပါတီခန်းမ၌ တိုင်း၊ခရိုင်၊မြို့နယ်ပါတီတာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲ၌ ပါတီဒုတိယဥက္ကဋ္ဌမှ အမှာစကား ပြောကြားရာတွင် မိမိတို့ နိုင်ငံသည် ပါလီမန်ခေတ်၊မဆလခေတ် တို့ဖြင့် တွေ့ကြုံဖြတ်သန်းခဲ့ရပြီး ယခုခေတ်ကာလမှာ ပါတီစုံဒီမိုကရေစီခေတ်ဖြစ်၍ မိမိတို့ပါတီဝင်များအနေဖြင့် တိုးတက်လာသောခေတ်နှင့်အညီ ကြိုးစား ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ မီဒီယာခေတ် ဖြစ်သော ကြောင့် ကမ္ဘာကြီးသည် ရွာသာသာဖြစ်လာသော်လည်း အသိအမြင်များ လွဲမှားကာ အဆိုးဘက်သို့ဦးတည်လာသောကြောင့်ယနေ့အချိန်သည် မိမိတို့တိုင်းပြည် အတွက် အရေးကြီးဆုံးအချိန်ဖြစ်ကြောင်း၊ရွေးကောက်ပွဲသည်လည်း မကြာခင်ကျင်းပတော့မည်ဖြစ်သဖြင့် ပေါ့ပေါ့ဆဆနေ၍မရကြောင်း၊တိုင်း/ခရိုင်/မြို့နယ် /ရပ်ကျေးအလိုက် အဆင့်ဆင့်စီမံချက်များချမှတ်လုပ်ဆောင်ရန်လိုကြောင်း ဦးစွာနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ
ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အလွှာလိုက်စည်းရုံးရေးကိစ္စရပ်များကိုလည်းကောင်း၊ဗဟိုအလုပ်အမှုဆောင်ဦးတင့်လှိုင်မြင့်မှ ပါတီစည်းကမ်းပိုင်းဆိုင်ရာများကိုလည်းကောင်း ဆွေးနွေးခဲ့ပါသည်။
၎င်းနောက် ခရိုင်ဥက္ကဋ္ဌများမှ သက်ဆိုင်ရာခရိုင်အလိုက် ပါတီလုပ်ငန်းများဆောင်ရွက်နေမှု နှင့် နယ်မြေအခြေအနေများ တင်ပြဆွေးနွေးခဲ့ကြပါသည်။ဆက်လက်၍ တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးမှ တိုင်း၊ခရိုင်၊မြို့နယ်များ၏ပါတီအောင်နိုင်ရေးဆောင်ရွက်နေမှုအခြေအနေများနှင့်နယ်မြေဒေသအခြေအနေများအား ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။
တင်ပြမှုများအပေါ် ပါတီဒုတိယဥက္ကဋ္ဌမှပြန်လည်သုံးသပ်ဆွေးနွေး ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ဒီမိုကရေစီ၏အနှစ်သာရကိုမသိပဲ အတ္တလွန်ကဲသော နိုင်ငံရေးသမားများသည် နိုင်ငံရေးကိုနိုင်ငံရေးနည်းလမ်းဖြင့်မဖြေရှင်းပဲ အကြမ်းဖက်နည်းလမ်းဖြင့် ဖြေးရှင်းခြင်းကြောင့် တိုင်းပြည်မငြိမ်မသက် ဖြစ်ရကြောင်း၊ပါတီအောင်နိုင်ရေးအတွက်လုပ်ဆောင်ရာတွင်အတိုက်အခိုက်များ၊ပြိုင်ဘက်များရှိလာနိုင်သဖြင့် မိမိတို့လုပ်ဆောင်မှုများသည် မှန်ကန်သောလမ်းကြောင်းပေါ် တွင် ရပ်တည်နေဖို့လိုကြောင်း၊ နိုင်ငံချစ်စိတ်ဖြင့် တိုင်းပြည်နှင့်ပြည်သူအတွက် နိုင်ငံ့အရေးကို စည်းလုံးညီညွတ်စွာလုပ်ဆောင်ကြရန်လိုကြောင်း၊အချိန်ကာလအားဖြင့် အနည်းငယ်သာလိုတော့သည့်အတွက် မလျှော့သောဇွဲ ဖြင့်လုပ်ဆောင်ကြရန် လိုကြောင်း၊ ကြုံတွေ့လာသည့် အခက်အခဲများကိုလည်း ဆွေးနွေးတိုင်ပင်ညှိနှိုင်းပြီး ပါတီအောင်နိုင်ရေးအတွက် စည်းလုံးစွာလုပ်ဆောင်ကြရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပါတီဒုတိယဥက္ကဌ မှမကွေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက် ရှောင် နေရပ်စွန့်ခွာခဲ့ရသော ပါတီဝင်မိသားစုများနှင့် တွေ့ဆုံခဲ့ပြီး အားပေးစကားပြာကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။