ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ဘယ္လာ႐ုစ္နိုင္ငံ၊ Belaya Rus ပါတီ၏ ဖိတ္ၾကားခ်က္အရ အစည္းအေဝးတက္ေရာက္ရန္ႏွင့္ ႏွစ္(၈၀)ျပည့္ Great Patriotic war အခမ္းအနားတက္ေရာက္ရန္ ဘယ္လာ႐ုစ္နိုင္ငံသို႔ထြက္ခြာ



ေမ ၁၅၊ ရန္ကုန္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ဦးေဆာင္ေသာ ပါတီကိုယ္စားလွယ္အဖြဲ႕သည္ ဘယ္လာ႐ုစ္နိုင္ငံ၊ Belays Rus ပါတီ၏ ဖိတ္ၾကားခ်က္အရ ဘယ္လာ႐ုစ္နိုင္ငံ၊ မင္းစ္ၿမိဳ႕တြင္ ေမလ (၁၅)ရက္မွ (၁၇)ရက္ေန႔ထိ က်င္းပမည့္ ႏွစ္(၈၀)ျပည့္ Great Patriotic War အခမ္းအနား တက္ေရာက္ရန္ ဘယ္လာ႐ုစ္နိုင္ငံသို႔ ၂၀၂၅ ခုႏွစ္၊ ေမလ (၁၄)ရက္ေန႔ ၁၈၀၀ နာရီခ်ိန္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ထြက္ခြာသြားခဲ့ပါသည္။

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ အခမ္းအနားတက္ေရာက္ေနစဥ္ကာလအတြင္း ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီႏွင့္ Belaya Rus ပါတီအၾကား လူငယ္၊ အမ်ိဳးသမီး၊ မီဒီယာ၊ ပါတီအဆင့္ဆင့္ အျပန္အလွန္ဖလွယ္ေရးႏွင့္ လႊတ္ေတာ္က႑မ်ားတြင္ ပူးေပါင္းေဆာင္ရြက္နိုင္ေရးအတြက္ မူဝါဒစည္းေႏွာင္မွု မပါရွိေသာ ႏွစ္ပါတီသေဘာတူညီခ်က္ Agreement ေရးထိုးေဆာင္ရြက္မည္ျဖစ္ပါသည္။

ထိုသို႔ ပါတီဥကၠ႒ ဦးခင္ရီႏွင့္ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ား ျပည္ပထြက္ခြာရာသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိမ္း၊ ရန္ကုန္တိုင္းေဒသႀကီးပါတီဥကၠ႒ ဗဟိုအလုပ္အမွုေဆာင္ ဦးခင္ေမာင္စိုးႏွင့္ တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ားမွ လိုက္ပါပို႔ေဆာင္ႏွုတ္ဆက္ခဲ့ၾကပါသည္။
___________________________________________________________________________________________________
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဘယ်လာရုစ်နိုင်ငံ၊ Belaya Rus ပါတီ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန်နှင့် နှစ်(၈၀)ပြည့် Great Patriotic war အခမ်းအနားတက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံသို့ထွက်ခွာ
====================================================
မေ ၁၅၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ၊ Belays Rus ပါတီ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ မင်းစ်မြို့တွင် မေလ (၁၅)ရက်မှ (၁၇)ရက်နေ့ထိ ကျင်းပမည့် နှစ်(၈၀)ပြည့် Great Patriotic War အခမ်းအနား တက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ မေလ (၁၄)ရက်နေ့ ၁၈၀၀ နာရီချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် အခမ်းအနားတက်ရောက်နေစဉ်ကာလအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် Belaya Rus ပါတီအကြား လူငယ်၊ အမျိုးသမီး၊ မီဒီယာ၊ ပါတီအဆင့်ဆင့် အပြန်အလှန်ဖလှယ်ရေးနှင့် လွှတ်တော်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မူဝါဒစည်းနှောင်မှု မပါရှိသော နှစ်ပါတီသဘောတူညီချက် Agreement ရေးထိုးဆောင်ရွက်မည်ဖြစ်ပါသည်။

ထိုသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ ပြည်ပထွက်ခွာရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များမှ လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။