ျပည္ခိုင္ၿဖိဳးပါတီဒုတိယဥကၠဌ ဦးမ်ိဳးေဇာ္သိမ္း ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ တိုင္း/ခရိုင္/ၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ


ရန္ကုန္ ေမ ၁၄

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ
ေအာက္ျမန္မာျပည္ ေပါင္းစပ္ညႇိႏွိုင္းေရးမွူးဒုတိယဥကၠ႒ဦးမ်ိဳးေဇာ္သိမ္းသည္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္/ခရိုင္ တစ္ခုခ်င္းအလိုက္ ပါတီတာဝန္ရွိသူမ်ား၊ တိုင္းပါတီေကာ္မတီဝင္မ်ားအား ေတြ႕ဆုံ၍ ေရြးေကာက္ပြဲဆိုင္ရာ လုပ္ငန္းစဥ္အေသးစိတ္ေပါင္းစပ္ညႇိႏွိုင္းေဆြးေႏြးမွုမ်ားအား ၂၀၂၅ခုႏွစ္ ေမလ ၁၂ ရက္ေန႔မွ ၁၄ ရက္ေန႔အထိ (၃)ရက္တိုင္တိုင္ေတြ႕ဆုံေဆာင္ရြက္ခဲ့ပါသည္။

အဆိုပါ ေတြ႕ဆုံေဆြးေႏြးပြဲသို႔ ရန္ကုန္တိုင္းေဒသႀကီး ျပည္ေထာင္စုႀကံခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီ ဥကၠဌ ဦးခင္ေမာင္စိုးႏွင့္အတူ တိုင္း/ခရိုင္/ၿမိဳ႕နယ္အလိုက္ ပါတီတာဝန္ရွိသူမ်ား စုံညီစြာ တက္ေရာက္၍ေဆြးေႏြးခဲ့ၾကပါသည္။

အဆိုပါ ေတြ႕ဆုံေဆြးေႏြးပြဲတြင္ ဒုတိယဥကၠဌမွသက္ဆိုင္ရာနယ္ေျမအလိုက္ တင္ျပေသာ ပကတိအေျခအေနမ်ားအေပၚမူတည္၍ ေရြးေကာက္ပြဲသည္ ဒီမိုကေရစီစနစ္၏ ေသာ့ခ်က္ျဖစ္ေၾကာင္း၊ ယခုေတြ႕ဆုံေဆြးေႏြးမွုမ်ားမွရရွိလာေသာ အားသာ/အားနည္းခ်က္မ်ားကို မွန္ကန္စြာရွုျမင္သုံးသပ္၍ ဆက္လက္ျပင္ဆင္ေဆာင္ရြက္ထားၾကရမည္ျဖစ္ေၾကာင္း၊ နိုင္ငံေရးလုပ္ငန္းစဥ္မွန္သမၽွ နိုင္ငံႏွင့္ျပည္သူ႔အက်ိဳးေရွ႕ရွု၍ ပရဟိတစိတ္ျဖင့္ ေဆာင္ရြက္သြားၾကရန္ႏွင့္ လိုအပ္ခ်က္မ်ားအား ျဖည့္စြက္ေဆြးေႏြးမွာၾကားၿပီး ေပါင္းစပ္ညႇိႏွိုင္းေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိပါသည္။
________________________________________________
ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ဦးမျိုးဇော်သိမ်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ
========================
ရန်ကုန် မေ ၁၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်းရေးမှူးဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်/ခရိုင် တစ်ခုချင်းအလိုက် ပါတီတာဝန်ရှိသူများ၊ တိုင်းပါတီကော်မတီဝင်များအား တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အသေးစိတ်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးမှုများအား ၂၀၂၅ခုနှစ် မေလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၃)ရက်တိုင်တိုင်တွေ့ဆုံဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်မောင်စိုးနှင့်အတူ တိုင်း/ခရိုင်/မြို့နယ်အလိုက် ပါတီတာဝန်ရှိသူများ စုံညီစွာ တက်ရောက်၍ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယဥက္ကဌမှသက်ဆိုင်ရာနယ်မြေအလိုက် တင်ပြသော ပကတိအခြေအနေများအပေါ်မူတည်၍ ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ်၏ သော့ချက်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံဆွေးနွေးမှုများမှရရှိလာသော အားသာ/အားနည်းချက်များကို မှန်ကန်စွာရှုမြင်သုံးသပ်၍ ဆက်လက်ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်မှန်သမျှ နိုင်ငံနှင့်ပြည်သူ့အကျိုးရှေ့ရှု၍ ပရဟိတစိတ်ဖြင့် ဆောင်ရွက်သွားကြရန်နှင့် လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေးမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။