အူထိုင္းဌာနီအသင္းႏွင့္ လမ္းခြဲလိုက္ၿပီျဖစ္သည့္ ျမန္မာတိုက္စစ္မွူး ေအာင္သူ

ထိုင္းလိဂ္(၁)ကလပ္ အူထိုင္းဌာနီအက္ဖ္စီအသင္းတြင္ ပါဝင္ကစားေနသည့္ ျမန္မာတိုက္စစ္မွူး ေအာင္သူမွာ စာခ်ဳပ္သက္တမ္းျပည့္ၿပီျဖစ္သျဖင့္ အသင္းႏွင့္ လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္း ေမလ (၁၅) ရက္တြင္ အသင္းက အသိေပးထားသည္။

ယခု ၂၀၂၄-၂၅ ေဘာလုံးရာသီအၿပီး အသင္းႏွင့္ ခ်ဳပ္ဆိုထားသည့္ စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ျခင္းေၾကာင့္ လမ္းခြဲခဲ့ျခင္းျဖစ္ကာ အသင္း၌ ပါဝင္ကစားေနစဥ္ကာလအတြင္း ပေရာ္ဖက္ရွင္နယ္ဆန္မွုအေပၚ ေက်းဇူးတင္ေၾကာင္း အသိ ေပးခ်က္တြင္ ထည့္သြင္းေျပာၾကားထားသည္။

အူထိုင္းဌာနီအသင္းတြင္ ႏွစ္ရာသီဆက္ကစားခဲ့သည့္ ေအာ င္သူသည္ အသင္းအတြက္ (၅၂)ပြဲကစား၊ (၆)ဂိုးသြင္းၿပီး ဂိုးဖန္တီးမွု (၅)ႀကိမ္ ျပဳလုပ္ေပးနိုင္ခဲ့ေၾကာင္း သိရသည္။
_________________________________________________________________
အူထိုင်းဌာနီအသင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်သည့် မြန်မာတိုက်စစ်မှူး အောင်သူ
==================================
ထိုင်းလိဂ်(၁)ကလပ် အူထိုင်းဌာနီအက်ဖ်စီအသင်းတွင် ပါဝင်ကစားနေသည့် မြန်မာတိုက်စစ်မှူး အောင်သူမှာ စာချုပ်သက်တမ်းပြည့်ပြီဖြစ်သဖြင့် အသင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း မေလ (၁၅) ရက်တွင် အသင်းက အသိပေးထားသည်။

ယခု ၂၀၂၄-၂၅ ဘောလုံးရာသီအပြီး အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ခြင်းကြောင့် လမ်းခွဲခဲ့ခြင်းဖြစ်ကာ အသင်း၌ ပါဝင်ကစားနေစဉ်ကာလအတွင်း ပရော်ဖက်ရှင်နယ်ဆန်မှုအပေါ် ကျေးဇူးတင်ကြောင်း အသိ ပေးချက်တွင် ထည့်သွင်းပြောကြားထားသည်။

အူထိုင်းဌာနီအသင်းတွင် နှစ်ရာသီဆက်ကစားခဲ့သည့် အော င်သူသည် အသင်းအတွက် (၅၂)ပွဲကစား၊ (၆)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၅)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။