အိႏၵိယႏွင့္ပါကစၥတန္တို႔က သံတမန္မ်ားကိုအျပန္အလွန္ႏွင္ထုတ္

အိႏၵိယနိုင္ငံႏွင့္ ပါကစၥတန္နိုင္ငံတို႔က သံတမန္မ်ားကို အျပန္အလွန္ႏွင္ထုတ္လိုက္ေၾကာင္း သိရသည္။

ႏွင္ထုတ္ခံရသည့္သံတမန္မ်ားသည္ သူလၽွိုလုပ္ငန္းမ်ားကို လုပ္ေဆာင္သည္ဟူေသာ စြပ္စြဲခ်က္မ်ားျဖင့္ ႏွင္ထုတ္ခံ ရျခင္းျဖစ္သည္ဟု ႏွစ္နိုင္ငံစလုံးမွတာဝန္ရွိသူမ်ားက ေျပာသည္။

အိႏၵိယအစိုးရသည္ နယူးေဒလီၿမိဳ႕ရွိ ပါကစၥတန္ သံ႐ုံးမွ တာဝန္ရွိသူတစ္ဦးကို ႏွင္ထုတ္လိုက္ေၾကာင္းႏွင့္ ၂၄ နာရီအတြင္း နိုင္ငံအတြင္းမွထြက္သြားရန္လည္း ေတာင္းဆိုလိုက္ေၾကာင္း ထုတ္ျပန္ထားသည္ဟု အိႏၵိယသတင္းဌာနတစ္ခုက ေဖာ္ျပထားသည္။

အလားတူ ပါကစၥတန္အစိုးရကလည္း အစၥလာမ္မာဘတ္ၿမိဳ႕ရွိ အိႏၵိယသံ႐ုံးမွ အိႏၵိယတာဝန္ရွိသူတစ္ဦးကို ႏွင္ထုတ္လိုက္ၿပီး ၂၄ နာရီအတြင္း နိုင္ငံအတြင္းမွထြက္သြားရန္ ေတာင္းဆိုထားေၾကာင္း ပါကစၥတန္နိုင္ငံျခားေရး ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

ႏွင္ထုတ္ခံရသူမ်ားသည္ သက္ဆိုင္ရာနိုင္ငံအတြက္ မလိုလားအပ္သူမ်ား အျဖစ္လည္း ေၾကညာခံလိုက္ရေၾကာင္း ဆင္ဟြာသတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။_________________________________________
အိန္ဒိယနှင့်ပါကစ္စတန်တို့က သံတမန်များကိုအပြန်အလှန်နှင်ထုတ်
=========================
အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့က သံတမန်များကို အပြန်အလှန်နှင်ထုတ်လိုက်ကြောင်း သိရသည်။

နှင်ထုတ်ခံရသည့်သံတမန်များသည် သူလျှိုလုပ်ငန်းများကို လုပ်ဆောင်သည်ဟူသော စွပ်စွဲချက်များဖြင့် နှင်ထုတ်ခံ ရခြင်းဖြစ်သည်ဟု နှစ်နိုင်ငံစလုံးမှတာဝန်ရှိသူများက ပြောသည်။

အိန္ဒိယအစိုးရသည် နယူးဒေလီမြို့ရှိ ပါကစ္စတန် သံရုံးမှ တာဝန်ရှိသူတစ်ဦးကို နှင်ထုတ်လိုက်ကြောင်းနှင့် ၂၄ နာရီအတွင်း နိုင်ငံအတွင်းမှထွက်သွားရန်လည်း တောင်းဆိုလိုက်ကြောင်း ထုတ်ပြန်ထားသည်ဟု အိန္ဒိယသတင်းဌာနတစ်ခုက ဖော်ပြထားသည်။

အလားတူ ပါကစ္စတန်အစိုးရကလည်း အစ္စလာမ်မာဘတ်မြို့ရှိ အိန္ဒိယသံရုံးမှ အိန္ဒိယတာဝန်ရှိသူတစ်ဦးကို နှင်ထုတ်လိုက်ပြီး ၂၄ နာရီအတွင်း နိုင်ငံအတွင်းမှထွက်သွားရန် တောင်းဆိုထားကြောင်း ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နှင်ထုတ်ခံရသူများသည် သက်ဆိုင်ရာနိုင်ငံအတွက် မလိုလားအပ်သူများ အဖြစ်လည်း ကြေညာခံလိုက်ရကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။