ေအစီမီလန္ကို အနိုင္ယူၿပီး ဘိုေလာ့နာအသင္း ကိုပါအီတာလီယာဖလား ဆြတ္ခူး

Bologna’s Riccardo Orsolini lifts the trophy as he celebrates with teammates after winning the Coppa Italia REUTERS/Matteo Ciambelli
ယေန႔နံနက္အေစာပိုင္းက ကိုပါအီတာလီယာဖလား ဗိုလ္လုပြဲမွာ ဘိုေလာ့နာ အသင္းက ပြဲခ်ိန္ ၅၃ မိနစ္မွာ သြင္းယူခဲ့တဲ့ အမ္ဒိုယီရဲ့ဂိုးနဲ႔ အနိုင္ရရွိ ဆြတ္ခူးနိုင္ခဲ့ပါတယ္။
၁၉၇၃-၇၄ ရာသီက ကိုပါအီတာလီယာဖလားရရွိၿပီး ေနာက္ဆုံးအႀကိမ္ ဆုဖလားရယူခဲ့တဲ့ ဘိုေလာ့ညာအသင္းအတြက္ ႏွစ္ေပါင္း ၅၁ ႏွစ္အၾကာမွာ ပထမဆုံးဆုဖလား ျပန္လည္ရယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။
ဘိုေလာ့ညာနည္းၿပ အီတာလီယာနို အတြက္လည္း ဖီအိုရင္တီးနားနည္းျပဘဝမွာ ဗိုလ္လုပြဲ ၃ ႀကိမ္ ဆက္တိုက္ ရွုံးနိမ့္ခဲ့ၿပီးေနာက္ ပထမဆုံး ဆုဖလားရယူနိုင္ခဲ့တာ ျဖစ္ပါတယ္။
______________________________________________________
အေစီမီလန်ကို အနိုင်ယူပြီး ဘိုလော့နာအသင်း ကိုပါအီတာလီယာဖလား ဆွတ်ခူး
=====================================
ယနေ့နံနက်အစောပိုင်းက ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲမှာ ဘိုလော့နာ အသင်းက ပွဲချိန် ၅၃ မိနစ်မှာ သွင်းယူခဲ့တဲ့ အမ်ဒိုယီရဲ့ဂိုးနဲ့ အနိုင်ရရှိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
၁၉၇၃-၇၄ ရာသီက ကိုပါအီတာလီယာဖလားရရှိပြီး နောက်ဆုံးအကြိမ် ဆုဖလားရယူခဲ့တဲ့ ဘိုလော့ညာအသင်းအတွက် နှစ်ပေါင်း ၅၁ နှစ်အကြာမှာ ပထမဆုံးဆုဖလား ပြန်လည်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဘိုလော့ညာနည်းပြ အီတာလီယာနို အတွက်လည်း ဖီအိုရင်တီးနားနည်းပြဘဝမှာ ဗိုလ်လုပွဲ ၃ ကြိမ် ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ပထမဆုံး ဆုဖလားရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။