သံ႐ုံးေနအိမ္က မဆင္းဘဲ ေပကပ္ေနထိုင္ေနတဲ့ ၿဗိတိန္နိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ေဟာင္းကို ၿဗိတိန္ရဲတပ္ဖြဲ႕က တရားစြဲ
လန္ဒန္ၿမိဳ႕က ျမန္မာ သံ႐ုံးေနအိမ္ကေန မဖယ္ေပးဘဲ အတင္းေပကပ္ေနထိုင္ေနတဲ့ ၿဗိတိန္နိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ေဟာင္း ဦးေက်ာ္စြာမင္းကို ၿဗိတိန္ရဲတပ္ဖြဲ႕က တရားစြဲဆိုလိုက္တယ္လို႔ သိရပါတယ္။
ဦးေက်ာ္စြာမင္းမွာ နစကအစိုးရတက္လာၿပီးေနာက္ သံအမတ္ရာထူးကေန ျဖဳတ္ခ်ခံရေပမယ့္ သံ႐ုံးေနအိမ္ကေန ထြက္ခြာေပးဖို႔ ျငင္းဆန္ေနခဲ့တာျဖစ္တဲ့အတြက္ ၿဗိတိန္ရဲတပ္ဖြဲ႕က ပိုင္နက္က်ဴးလြန္မွုနဲ႔ စြဲခ်က္တင္ထားတယ္လို႔ Reuters က သတင္းဌာနက ေရးသားထားပါတယ္။
နစကအစိုးရတက္လာၿပီး လအနည္းငယ္အၾကာမွာ ဦးေက်ာ္စြာမင္းဟာ ေဒၚေအာင္ဆန္းစုၾကည္ကို လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့ၿပီးေနာက္ သံ႐ုံးအတြင္း ဝင္ေရာက္ခြင့္မရေတာ့သလို နစကအစိုးရဘက္ကလည္း သံတမန္ ကိုယ္စားလွယ္ေတြနဲ႔ အစားထိုးခဲ့တာ ျဖစ္ပါတယ္။
ဦးေက်ာ္စြာမင္းကို သံတမန္ေရးရာဌာနကို အတင္းလုယူထားတဲ့ ပိုင္နက္က်ဴးလြန္မွုနဲ႔ ၿပီးခဲ့တဲ့ အပတ္က စြဲခ်က္တင္ထားတာျဖစ္တယ္လို႔ လန္ဒန္ရဲတပ္ဖြဲ႕ရဲ့ ေျပာဆိုခ်က္ကို Reuters က သတင္းဌာနက အတည္ျပဳေရးသားထားပါတယ္။
အဆိုပါစြဲခ်က္တင္ထားတဲ့ သံအမတ္ေဟာင္းရဲ့ ပိုင္နက္က်ဴးလြန္မွုကို လာမယ့္ ေမလ ၃၀ ရက္ေန႔မွာ Westminster Magistrates တရား႐ုံးမွာ တရားရင္ဆိုင္ရမွာ ျဖစ္ၿပီး အဆိုပါအမွုကို ရပ္တန႔္ေပးဖို႔ ၿဗိတိန္ေရွ႕ေနခ်ဳပ္ကို လူ႔အခြင့္အေရးအဖြဲ႕ Myanmar Accountability Project မွ ဒါရိုက္တာ Chris Gunness က တိုက္တြန္းထားတယ္လို႔လည္း သိရပါတယ္။
________________________________________________________________
သံရုံးနေအိမ်က မဆင်းဘဲ ပေကပ်နေထိုင်နေတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်းကို ဗြိတိန်ရဲတပ်ဖွဲ့က တရားစွဲ
======================================
လန်ဒန်မြို့က မြန်မာ သံရုံးနေအိမ်ကနေ မဖယ်ပေးဘဲ အတင်းပေကပ်နေထိုင်နေတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းကို ဗြိတိန်ရဲတပ်ဖွဲ့က တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။
ဦးကျော်စွာမင်းမှာ နစကအစိုးရတက်လာပြီးနောက် သံအမတ်ရာထူးကနေ ဖြုတ်ချခံရပေမယ့် သံရုံးနေအိမ်ကနေ ထွက်ခွာပေးဖို့ ငြင်းဆန်နေခဲ့တာဖြစ်တဲ့အတွက် ဗြိတိန်ရဲတပ်ဖွဲ့က ပိုင်နက်ကျူးလွန်မှုနဲ့ စွဲချက်တင်ထားတယ်လို့ Reuters က သတင်းဌာနက ရေးသားထားပါတယ်။
နစကအစိုးရတက်လာပြီး လအနည်းငယ်အကြာမှာ ဦးကျော်စွာမင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပြီးနောက် သံရုံးအတွင်း ဝင်ရောက်ခွင့်မရတော့သလို နစကအစိုးရဘက်ကလည်း သံတမန် ကိုယ်စားလှယ်တွေနဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။
ဦးကျော်စွာမင်းကို သံတမန်ရေးရာဌာနကို အတင်းလုယူထားတဲ့ ပိုင်နက်ကျူးလွန်မှုနဲ့ ပြီးခဲ့တဲ့ အပတ်က စွဲချက်တင်ထားတာဖြစ်တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်ကို Reuters က သတင်းဌာနက အတည်ပြုရေးသားထားပါတယ်။
အဆိုပါစွဲချက်တင်ထားတဲ့ သံအမတ်ဟောင်းရဲ့ ပိုင်နက်ကျူးလွန်မှုကို လာမယ့် မေလ ၃၀ ရက်နေ့မှာ Westminster Magistrates တရားရုံးမှာ တရားရင်ဆိုင်ရမှာ ဖြစ်ပြီး အဆိုပါအမှုကို ရပ်တန့်ပေးဖို့ ဗြိတိန်ရှေ့နေချုပ်ကို လူ့အခွင့်အရေးအဖွဲ့ Myanmar Accountability Project မှ ဒါရိုက်တာ Chris Gunness က တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။