သဘာဝချောင်းဆိုးပျောက်ဆေးဖြစ်တဲ့ ဇီယာရွက်ထူရဲ့ ကျန်းမာရေးအကျိုးပြုပုံနှင့် ဆေးနည်းတိုများ
ကျန်းမာရေးအတွက်သာမက စူးရှတဲ့ရနံ့ကြောင့် ဟင်းခတ်အမွှေးအကြိုင်အနေနဲ့လည်း သုံးကြပါတယ်။
အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်တယ်
အအေးမိတာကြောင့် လည်ချောင်းနာနေ နှာစေးနှာပိတ် ချောင်းဆိုးနေမယ်ဆိုရင်တော့ ဇီယာရွက်ကို ရေစင်အောင်ဆေးပြီး ဝါးစားပေးပါ။ ဒါမှမဟုတ် ရေနွေးဆူဆူထဲကို ထည့်ပြီးသောက်ပေးပါ။ ချွဲတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းတလျှောက်မှာ ဘက်တီးရီးယားတွေရှိနေရင်လည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပြီး ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။
🍃နှာခေါင်းပိတ်တာကိုသက်သာပျောက်ကင်းစေခြင်း
နှာခေါင်းပိတ်ပါက ဇီယာရွက်ထူပင်အရွက်ကို လက်ထဲပွတ်ချေကာ ရှုပေးခြင်းဖြင့် နှာခေါင်းပိတ်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
🍃အဖျားသက်သာစေနိုင်တယ်
အအေးမိဖျားနာခံစားရတဲ့အခါမှာလည်း အဖျားသက်သာစေဖို့ ဇီယာရွက်ကို စားသုံးပေးလို့ရပါတယ်။ ဇီယာရွက်က ကိုယ်ခံအားကောင်းစေနိုင်သလို ချွေကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အနာကျက်လည်းမြန်စေနိုင်ပါတယ်။
🍃ကင်ဆာကာကွယ်ပေးနိုင်တယ်
ဇီယာရွက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ပါဝငနေတာကြောင့် ကင်ဆာဆဲလ်တွေပွားတာကို တားဆီးပေးနိုင်သလို ခန္ဓာကိုယ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ထိခိုက်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
🍃ကျောက်ကပ် ကျန်းမာစေနိုင်တယ်
ဇီယာရွက်က ဆီးရွှင်စေနိုင်ပြီး ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဆီးကနေတဆင့် ဖယ်ရှားပေးနိုင်ပါတယ်။ ကိုယ်တွင်းမျာပိုနေတဲ့ အငန်ဓာတ်တွေ၊ အဆီဓာတ်တွေ၊ ရေဓာတ်တွေကို ဆီးကနေတဆင့် စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုတွေကို အဆင်ပြေပြေလုပ်ဆောင်နိုင်စေမှာပါ။
🍃နာတာရှည်အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု ကိုသက်သာစေနိုင်တယ်
အစာအိမ်နာတာနဲ့ အစာခြေစနစ်ရောင်ရမ်းတာတွေကို သက်သာစေနိုင်သလို နာတာရှည်အူလမ်းကြောင်းဆိုင်ရာ ပြဿနာ ခံစားနေရတာကိုလည်း သက်သာစေနိုင်ပါတယ်။ဇီယာရွက်ကို ရေစင်အောင်ဆေးလို့ ရေနွေးထဲစိမ်ပြီး သောက်ပေးပါ။
🍃အဆစ်ရောင်တာကို သက်သာစေနိုင်တယ်
Omega-6 fatty acids ကြွယ်ဝစွာပါဝင်နေတာကြောင့် အဆစ်ရောင်နာဖြစ်နိုင်ခြေကို နည်းစေနိုင်သလို ဖြစ်လာခဲ့ရင်လည်း အဆစ်နာတာကို သက်သာစေနိုင်ပါတယ်။ အရိုးပွရောဂါကို ကာကွယ်ဖို့အတွက်လည်း စားသုံးပေးလို့ရပါတယ်။
🍃အမြင်အာရုံကောင်းစေတယ်
ဗီတာမင် A ကြွယ်ဝစွာပါဝင်နေမှုကြောင့် အမြင်အာရုံကို အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ မျက်လုံးကြွက်သားတွေကိုလည်း ကျန်းမာစေနိုင်ပါသေးတယ်။
🍃ဗောက်ပျောက်စေခြင်း
ဗောက်ခဏခဏထတတ်တဲ့သူတွေအတွက်ဆိုရင် ဇီယာရွက်ထူအရွက်ပြုတ်ရည်ဖြင့် မကြာခဏခေါင်းလျှော်ပေးပါက ဗောက်ထခြင်းကိုပျောက်ကင်းသက်သာစေနိုင်ပါတယ်။
🍃 အိပ်မပျော်တာ၊ခေါင်းမကြာခဏကိုက်တာ၊ရာသီပေါ်ရင်ကိုက်ခဲနာကျင်တာကိုသက်သာစေခြင်း
အိပ်မပျော်တဲ့သူတွေ၊ခေါင်းမကြာမကြာကိုက်တတ်တဲ့သူတွေ၊ရာသီပေါ်ရင်ကိုက်ခဲနာကျင်တတ်လေ့ရှိတဲ့အမျိုးသမီးတွေဆိုရင် ဇီယာရွက်ထူအရွက်ကိုအခြောက်လှမ်းကာ ရေနွေးထဲ့အရွက်ခြောက်ထည့်ခတ်ပြီး မကြာခဏသောက်ပေးပါက အိပ်မပျော်တာ၊ခေါင်းမကြာခဏကိုက်တာ၊ရာသီပေါ်ရင်ကိုက်ခဲနာကျင်တာတွေကို သက်သာစေနိုင်ပါတယ်။
🍃စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တယ်
စိတ်ဖိစီးနေတာ၊ စိတ်ပူပန်မှုတွေများနေရင်လည်း ဇီယာရွက်ကို စားပေးလို့ရပါတယ်။ စိတ်ဖိစီးနေတာကို သက်သာစေဖို့အတွက် ရေနွေးဆူဆူထဲမှာ ရေစင်အောင်ဆေးထားတဲ့ ဇီယာရွက် ကို စိမ်ပြီး သောက်ပေးလို့ရပါတယ်။ စိတ်ကိုတည်ငြိမ်စေသလို ညတိုင်းလည်း အိပ်ပျော်စေမှာပါ။
🍃 အသားအရေကျန်းမာစေနိုင်တယ်
အရေပြားပြဿနာအတွက်လည်း ဇီယာရွက် ကို အသုံးပြုပေးလို့ရပါတယ်။ အရေပြားမျာ ပိုးကောင်ကိုက်ခံရတဲ့အခါ ဇီယာရွက်ကို ရေစင်အောင်ဆေးပြီး ကြိတ်ခြေလို့ အုံပေးလို့ရပါတယ်။ အရေပြားမှာ နီမြန်းရောင်ရမ်းနေတာတွေ၊ ယားယံနေတာတွေရှိမယ်ဆိုရင်လည်း သက်သာစေမှာပါ။
အရေပြားထိခိုက်ရောင်ရမ်းတာတွေဖြစ်ပါက ဇီယာရွက်ထူအရွက်ကို ရေစင်အောင်ဆေးကာ ကြေအောင်ထုထောင်းပြီး ဖြစ်တဲ့အရေပြားနေရာပေါ်ကို ပုံပါ။ပြီးရင် အဝတ်ထူနဲ့စည်းထားပါ။
Essential oils များစွာပါဝင်တာကြောင့်ခြင်းပြေးနိုင်လို့ သဘာဝခြင်ဆေးအနေနဲ့သုံးနိုင်သည်။
ဇီယာရွက်ထူပင်ကို နှာစေးချောင်းဆိုးရောဂါ၊ပန်းနာရင်ကျပ်ရောဂါ၊ဝမ်းပျက်ဝမ်းလျှောရောဂါ၊ဝမ်းကိုက်ရောဂါ၊နားရောဂါတို့အတွက် တိုင်းရင်းဆေးဖော်စပ်ရာမှာ တခြားဆေးဘက်ဝင်အပင်ပစ္စည်းတွေနဲ့အချိုးကျရောပြီး သုံးလေ့ရှိပါတယ်။
Eugenol ပမာဏများပါက သန္ဓေသားထိခိုက်နိုင်တာကြောင့်ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်တွေလည်းမသုံးစွဲသင့်ပါ။
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ
#ဗဟုသုတ #စာပေ #စာပေချစ်သူများ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်