ဂ်ပန္ႏွင့္ ေတာင္ကိုရီးယား ပူးတြဲစစ္ေရးေလ့က်င့္မည္
ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕ ႏွင့္ ေတာင္ကိုရီးယား ကမ္းတက္တပ္ဖြဲ႕ တို႔သည္ ပူးတြဲစစ္ေရးေလ့က်င့္မႈတစ္ရပ္ကို လာမည့္လအေစာပိုင္းတြင္ ေဆာင္႐ြက္မည္ဟု သိရသည္။
ေျမာက္ကိုရီးယားႏွင့္ အျခားကမာၻ႔ႏိုင္ငံမ်ားအား ရင္ဆိုင္ရန္အတြက္ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယားအၾကား လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈကို ယခုပူးတြဲစစ္ေရး ေလ့က်င့္မႈျဖင့္ ျမႇင့္တင္ျခင္းျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားသည္။
ယခုေဆာင္႐ြက္မည့္ ပူးတြဲစစ္ေရးေလ့က်င့္မႈသည္ ယခုလေႏွာင္းပိုင္းတြင္ ဖိလစ္ပိုင္ႏိုင္ငံတြင္က်င္းပမည့္ သဘာဝေဘးဆိုင္ရာ ကူညီကယ္ဆယ္ေရး စစ္ေရး ေလ့က်င့္မႈ၏ အစိတ္အပိုင္းတစ္ရပ္ျဖစ္ေၾကာင္း ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕ ကေျပာၾကားသည္။ သဘာဝေဘးဆိုင္ရာကူညီကယ္ဆယ္ေရး စစ္ေရးေလ့က်င့္မႈမ်ားကို ယခင္ကေဆာင္႐ြက္ခဲ့ေသာ္လည္း ၎စစ္ေရးေလ့က်င့္မႈမ်ားတြင္ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယားတပ္ဖြဲ႕မ်ားသည္ သီးျခားစီသာေလ့က်င့္ခဲ့ၾကသည္။
ယခုေဆာင္႐ြက္မည့္သဘာဝေဘးဆိုင္ရာ ကူညီကယ္ဆယ္ေရးစစ္ေရးေလ့က်င့္ မႈတြင္ ဆူနာမီမုန္တိုင္းက်ေရာက္ေနစဥ္ ေတာင္ကိုရီးယားကမ္းတက္တပ္ဖြဲ႕ဝင္မ်ား က ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕၏ ေမာ္ေတာ္ဘုတ္မ်ားတြင္ လိုက္ပါစီးနင္းၿပီး ရွာေဖြကယ္ဆယ္ေရး တာဝန္ထမ္းေဆာင္ျခင္းကို ေလ့က်င့္မည္ျဖစ္သည္။ ႏွစ္ႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးမ်ားသည္ ၿပီးခဲ့သည့္ႏွစ္ဇူလိုင္လက စစ္ေရးပူးတြဲေလ့က်င့္ျခင္းႏွင့္ သတင္းအခ်က္အလက္မ်ားမွ်ေဝေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ရန္သေဘာတူခဲ့ သည္။ ဂ်ပန္ႏွင့္ေတာင္ကိုရီးယားအၾကား ပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ျခင္းျဖင့္ လြတ္လပ္ပြင့္လင္းသည့္ အင္ဒို-ပစိဖိတ္ေဒသျဖစ္လာေစေရးအတြက္ အက်ိဳးေက်းဇူး မ်ားရွိလာမည္ဟု ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕က ေျပာၾကားသည္။
-Ref:NHK
——————————–
ဂျပန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မည်
===========================
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ နှင့် တောင်ကိုရီးယား ကမ်းတက်တပ်ဖွဲ့ တို့သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို လာမည့်လအစောပိုင်းတွင် ဆောင်ရွက်မည်ဟု သိရသည်။
မြောက်ကိုရီးယားနှင့် အခြားကမ္ဘာ့နိုင်ငံများအား ရင်ဆိုင်ရန်အတွက် ဂျပန်နှင့် တောင်ကိုရီးယားအကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို ယခုပူးတွဲစစ်ရေး လေ့ကျင့်မှုဖြင့် မြှင့်တင်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ယခုဆောင်ရွက်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ယခုလနှောင်းပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပမည့် သဘာဝဘေးဆိုင်ရာ ကူညီကယ်ဆယ်ရေး စစ်ရေး လေ့ကျင့်မှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ ကပြောကြားသည်။ သဘာဝဘေးဆိုင်ရာကူညီကယ်ဆယ်ရေး စစ်ရေးလေ့ကျင့်မှုများကို ယခင်ကဆောင်ရွက်ခဲ့သော်လည်း ၎င်းစစ်ရေးလေ့ကျင့်မှုများတွင် ဂျပန်နှင့် တောင်ကိုရီးယားတပ်ဖွဲ့များသည် သီးခြားစီသာလေ့ကျင့်ခဲ့ကြသည်။
ယခုဆောင်ရွက်မည့်သဘာဝဘေးဆိုင်ရာ ကူညီကယ်ဆယ်ရေးစစ်ရေးလေ့ကျင့် မှုတွင် ဆူနာမီမုန်တိုင်းကျရောက်နေစဉ် တောင်ကိုရီးယားကမ်းတက်တပ်ဖွဲ့ဝင်များ က ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ မော်တော်ဘုတ်များတွင် လိုက်ပါစီးနင်းပြီး ရှာဖွေကယ်ဆယ်ရေး တာဝန်ထမ်းဆောင်ခြင်းကို လေ့ကျင့်မည်ဖြစ်သည်။ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများသည် ပြီးခဲ့သည့်နှစ်ဇူလိုင်လက စစ်ရေးပူးတွဲလေ့ကျင့်ခြင်းနှင့် သတင်းအချက်အလက်များမျှဝေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်သဘောတူခဲ့ သည်။ ဂျပန်နှင့်တောင်ကိုရီးယားအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းဖြင့် လွတ်လပ်ပွင့်လင်းသည့် အင်ဒို-ပစိဖိတ်ဒေသဖြစ်လာစေရေးအတွက် အကျိုးကျေးဇူး များရှိလာမည်ဟု ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က ပြောကြားသည်။
-Ref:NHK