


______________________________________________________________________________________
နေ့သင်တန်းများ ဖွင့်လှစ်ကြောင်း ကြေညာ
===============================
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ဘွဲကြိုတန်းများနှင့် ဘွဲလွန်တန်းများကို မေလ (၂၂) ရက်မှ စတင်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာ ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မေလ (၂၂) ရက်မှ စတင်၍ နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး ဇွန် (၂) ရက်မှ စတင်၍ ကျောင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

▪️အလားတူ အခြေခံပညာ စာသင်ကျောင်းများသည်လည်း မေလ တတိယပတ်မှစတင်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး ဇွန် (၂) ရက်မှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။