အေမရိကန္ႏွင့္တ႐ုတ္တို႔က ကုန္သြယ္ခြန္မ်ားတိုးျမႇင့္မွုကို ယာယီရပ္ဆိုင္းရန္သေဘာတူညီခ်က္ရ
အေမရိကန္နိုင္ငံႏွင့္တ႐ုတ္နိုင္ငံတို႔မွ အဆင့္ျမင့္တာဝန္ရွိသူမ်ားက ၎တို႔ႏွစ္နိုင္ငံၾကား ေဆြးေႏြးမွုမ်ား လုပ္ေဆာင္ၿပီးေနာက္ တစ္နိုင္ငံကတစ္နိုင္ငံအေပၚ ခ်မွတ္ထားသည့္ သြင္းကုန္စည္းၾကပ္အခြန္မ်ား တိုးျမႇင့္ ေကာက္ခံမွုကို ေခတၱရပ္ဆိုင္းရန္ သေဘာတူလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။
အဆိုပါႏွစ္နိုင္ငံၾကား ကုန္သြယ္ေရး ပဋိပကၡမ်ားျဖစ္ပြားလာပါက ႏွစ္နိုင္ငံစလုံးတြင္ စီးပြားေရးက်ဆင္းမွုသာမက ဘ႑ာေရးေဈးကြက္ကိုလည္း ကေမာက္ကမ ျဖစ္သြားေစနိုင္သည္။
အေမရိကန္နိုင္ငံသည္ တ႐ုတ္နိုင္ငံမွသြင္းကုန္မ်ားအေပၚ ေကာက္ခံမည့္ အခြန္ႏွုန္းထားကို ၁၄၅ ရာခိုင္ႏွုန္းအထိ သတ္မွတ္ထားေသာ္လည္း ၃၀ ရာခိုင္ႏွုန္းအထိ ေလၽွာ့ခ်ေပးသြားမည္ ျဖစ္ ေၾကာင္း၊ အလားတူ တ႐ုတ္နိုင္ငံကလည္း အေမရိကန္မွသြင္းကုန္မ်ားအေပၚ သတ္မွတ္ထားသည့္ သြင္းကုန္အခြန္ ၁၂၅ ရာခိုင္ႏွုန္းကို ၁၀ ရာခိုင္ႏွုန္းအထိ ေလၽွာ့ခ်ေပးသြားမည္ဟု ႏွစ္ဖက္စလုံးက ေမလ ၁၂ ရက္တြင္ ေျပာထားသည္။
အဆိုပါႏွစ္နိုင္ငံၾကား ေဆာင္ရြက္ခ်က္အသစ္သည္ ရက္ေပါင္း ၉၀ ၾကာအထိ အသက္ဝင္မည္ ျဖစ္သည္။ ေဆြးေႏြးပြဲတြင္ ႏွစ္နိုင္ငံစလုံး က ကိုယ္စီအမ်ိဳးသားအက်ိဳးစီးပြားအတြက္ ေဆာင္ၾကဥ္း နိုင္ေၾကာင္း၊ ႏွစ္နိုင္ငံၾကား ညီမၽွမွုရွိေသာကုန္သြယ္ေရးရွိလာၿပီျဖစ္ေၾကာင္း၊ အေမရိကန္အေနျဖင့္ ျဖစ္ေပၚလာသည့္ ထိုအေျခအေနအတိုင္း ဆက္လက္ ေလၽွာက္လွမ္းသြားမည္ျဖစ္ေၾကာင္း အေမရိကန္ဘက္ကေျပာထားသည္ဟု RTA သတင္းဌာနေဖာ္ၿပ ခ်က္ အရ သိရသည္။
—————————————————————————————
အမေရိကန်နှင့်တရုတ်တို့က ကုန်သွယ်ခွန်များတိုးမြှင့်မှုကို ယာယီရပ်ဆိုင်းရန်သဘောတူညီချက်ရ
=============================
အမေရိကန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့မှ အဆင့်မြင့်တာဝန်ရှိသူများက ၎င်းတို့နှစ်နိုင်ငံကြား ဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် တစ်နိုင်ငံကတစ်နိုင်ငံအပေါ် ချမှတ်ထားသည့် သွင်းကုန်စည်းကြပ်အခွန်များ တိုးမြှင့် ကောက်ခံမှုကို ခေတ္တရပ်ဆိုင်းရန် သဘောတူလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါနှစ်နိုင်ငံကြား ကုန်သွယ်ရေး ပဋိပက္ခများဖြစ်ပွားလာပါက နှစ်နိုင်ငံစလုံးတွင် စီးပွားရေးကျဆင်းမှုသာမက ဘဏ္ဍာရေးဈေးကွက်ကိုလည်း ကမောက်ကမ ဖြစ်သွားစေနိုင်သည်။
အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံမှသွင်းကုန်များအပေါ် ကောက်ခံမည့် အခွန်နှုန်းထားကို ၁၄၅ ရာခိုင်နှုန်းအထိ သတ်မှတ်ထားသော်လည်း ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးသွားမည် ဖြစ် ကြောင်း၊ အလားတူ တရုတ်နိုင်ငံကလည်း အမေရိကန်မှသွင်းကုန်များအပေါ် သတ်မှတ်ထားသည့် သွင်းကုန်အခွန် ၁၂၅ ရာခိုင်နှုန်းကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးသွားမည်ဟု နှစ်ဖက်စလုံးက မေလ ၁၂ ရက်တွင် ပြောထားသည်။
အဆိုပါနှစ်နိုင်ငံကြား ဆောင်ရွက်ချက်အသစ်သည် ရက်ပေါင်း ၉၀ ကြာအထိ အသက်ဝင်မည် ဖြစ်သည်။ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံစလုံး က ကိုယ်စီအမျိုးသားအကျိုးစီးပွားအတွက် ဆောင်ကြဉ်း နိုင်ကြောင်း၊ နှစ်နိုင်ငံကြား ညီမျှမှုရှိသောကုန်သွယ်ရေးရှိလာပြီဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် ဖြစ်ပေါ်လာသည့် ထိုအခြေအနေအတိုင်း ဆက်လက် လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း အမေရိကန်ဘက်ကပြောထားသည်ဟု RTA သတင်းဌာနဖော်ပြ ချက် အရ သိရသည်။