ကိုးကား-ဆင်ဟွာ
————————————-
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အပူလှိုင်းကျရောက်နေသဖြင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်
===================================
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ရှိအချိန်၌ အပူလှိုင်းကျရောက်နေသဖြင့် အရေးပေါ်သတိပေး ချက်ထုတ်ပြန်ထားပြီး နိုင်ငံသားများ အား အပူဒဏ် ကာကွယ်ရေးအတွက် အစီအမံများဆောင်ရွက်ရန် တာဝန်ရှိသူများက ညွှန်ကြားထားကြောင်း သိရ သည်။
သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ ကာယ လုပ်သားများနှင့်နာတာရှည်ရောဂါခံစားနေရသူများ အား နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်ညွှန်ကြားထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးလုပ်ငန်းဌာနက ပြောကြား သည်။ နိုင်ငံသားများအား အိမ်တွင်းနှင့် အိမ်ပြင်ပတွင် ကိုယ်လက်လှုပ်ရှားမှုများ မဆောင်ရွက်ရန်နှင့် ရေများများသောက်သုံးရန် တာဝန်ရှိသူများက ညွှန်ကြားခဲ့သည်။ ထို့ပြင် ကိုယ်အပူချိန်မြင့်တက်မှု မရှိစေရေးအတွက် ရေများများချိုးရန်လည်း ညွှန်ကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ