_______________________________________________________________
ဒါဗာအိုမြို့တော်ဝန်အဖြစ် ဒူတာတေရွေးကောက်ခံရ
======================================
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာ တေသည် ICC ၌ထိန်းသိမ်းခံထားရသော် လည်း ၎င်း၏မွေးရပ်မြေဖြစ်သည့် ဒါဗာ အိုမြို့၌ မြို့တော်ဝန်အဖြစ်ရွေးကောက်ခံ ရကြောင်း ရွေးကောက်ပွဲဘုတ်အဖွဲ့က
မေလ ၁၃ ရက်တွင်ထတ်ပြန်ထားသည်။ ဒူတာတေသည် ၎င်း၏ပြိုင်ဘက်ထက် ထောက်ခံမဲရှစ်ဆကျော်ရရှိပြီး မြို့တော် ဝန်အဖြစ်ရွေးကောက်ခံရခြင်းဖြစ်သည်။ အလားတူ လက်ရှိမြို့တော်ဝန်အဖြစ် ဘာဝန်ယူနေသည့် ဒူတာတေ၏အငယ်ဆုံးသား ဆီဘက်ရှန်က ဒုတိယမြို့တော်ဝန် ဖြစ်လာသည်။
ဒူတာတေ၏သမီးဖြစ်သည့် လက်ရှိဒုတိယသမ္မတ ဆာရာဒူတာတေက ၂၀၂၈ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲဝင်ပြိုင် မည်ဖြစ်ကြောင်းသိရသည်။ Ref: TOI