ကလပ္ကမၻာ့ဖလားၿပိဳင္ပြဲဝင္မည့္ ရီးယဲလ္မက္ဒရစ္အသင္းကို အလြန္ဆို ကိုင္တြယ္ဖြယ္ရွိ

ရီးယဲလ္မက္ဒရစ္အသင္းသည္ အသင္းနည္းျပသစ္အျဖစ္ ခန႔္အပ္ရန္ ေသခ်ာေနသည့္ စပိန္လူမ်ိဳးနည္းၿပ ရွာဘီအလြန္ဆိုကို လာမည့္လ၌က်င္းပမည့္ ကလပ္ကမၻာ့ဖလား ၿပိဳင္ပြဲအမီ ခန႔္အပ္နိုင္ရန္ အလိုရွိေနေၾကာင္း သိရသည္။

အလြန္ဆို(၄၃ ႏွစ္)သည္ ကလပ္ကမၻာ့ဖလားၿပိဳင္ပြဲအတြက္ ျပင္ဆင္နိုင္ရန္ ဇြန္လ ၁ ရက္တြင္ မက္ဒရစ္ၿမိဳ႕သို႔ သြားေရာက္မည္ ျဖစ္ၿပီး ဇြန္လ ၁၈ ရက္တြင္ ေဆာ္ဒီကလပ္ အယ္လ္ဟီလာအသင္းႏွင့္ အုပ္စုအဖြင့္ပြဲ ကစားရမည္ျဖစ္သည္။

စပိန္လက္ေရြးစင္ ကြင္းလယ္လူေဟာင္း အလြန္ဆိုသည္ ၿပီးခဲ့သည့္ေသာၾကာေန႔က ရာသီကုန္တြင္ ေလဗာကူဆင္အသင္းႏွင့္ လမ္းခြဲေတာ့မည္ဟု ေၾကညာခဲ့ၿပီး တနဂၤေႏြေန႔က ကစားခဲ့ေသာ ဘြန္ဒစ္လီဂါ အိမ္ကြင္းေနာက္ဆုံးပြဲ၌ အမွတ္တရ ႏွုတ္ဆက္ပြဲ ျပဳလုပ္ခဲ့သည္။

အေစာပိုင္းတြင္ အလြန္ဆိုက ရီးယဲလ္အသင္းႏွင့္ အပူတျပင္း ပူးေပါင္းရန္ ဆႏၵမရွိေသာ္လည္း ၿပီးခဲ့သည့္ အပတ္က ေဆြးေႏြးမွုမ်ား ျပဳလုပ္ၿပီးေနာက္ ေစာစီးစြာကိုင္တြယ္ရန္ သေဘာတူခဲ့ဖြယ္ရွိသည္။

ရီးယဲလ္အသင္းသည္ အလြန္ဆိုကို အျမဲတမ္းနည္းျပအျဖစ္ မခန႔္အပ္မီ ယာယီနည္းျပႏွင့္သာ ကလပ္ကမၻာ့ဖလားၿပိဳင္ပြဲ ယွဥ္ၿပိဳင္ဖြယ္ရွိသည္ဟုလည္း ၿပီးခဲ့သည့္ရက္ပိုင္းက သတင္းထြက္ခဲ့သည္။

ရီးယဲလ္အသင္းသည္ ၿပီးခဲ့သည့္လမ်ားကတည္းက အန္ဆယ္ေလာ့တီ၏ေနရာအစားထိုးရန္ အလြန္ဆိုႏွင့္ ေဆြးေႏြးခဲ့ၾကၿပီး မတ္လ၌ ႏွုတ္အားျဖင့္ သေဘာတူညီမွုရခဲ့ကာ ၿပီးခဲ့သည့္ႏွစ္ပတ္က အေသးစိတ္ေဆြးေႏြးမွုစတင္ခဲ့သည္။

ရီးယဲလ္အသင္းသည္ အလြန္ဆိုႏွင့္ ၂၀၂၈ ခုႏွစ္အထိ သက္တမ္းရွိမည့္စာခ်ဳပ္ ခ်ဳပ္ဆိုသြားမည္ျဖစ္ေၾကာင္း သိရသည္။
———————————————————–
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ရီးယဲလ်မက်ဒရစ်အသင်းကို အလွန်ဆို ကိုင်တွယ်ဖွယ်ရှိနေ
=====================================
ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ရန် သေချာနေသည့် စပိန်လူမျိုးနည်းပြ ရှာဘီအလွန်ဆိုကို လာမည့်လ၌ကျင်းပမည့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအမီ ခန့်အပ်နိုင်ရန် အလိုရှိနေကြောင်း သိရသည်။

အလွန်ဆို(၄၃ နှစ်)သည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်နိုင်ရန် ဇွန်လ ၁ ရက်တွင် မက်ဒရစ်မြို့သို့ သွားရောက်မည် ဖြစ်ပြီး ဇွန်လ ၁၈ ရက်တွင် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနှင့် အုပ်စုအဖွင့်ပွဲ ကစားရမည်ဖြစ်သည်။

စပိန်လက်ရွေးစင် ကွင်းလယ်လူဟောင်း အလွန်ဆိုသည် ပြီးခဲ့သည့်သောကြာနေ့က ရာသီကုန်တွင် လေဗာကူဆင်အသင်းနှင့် လမ်းခွဲတော့မည်ဟု ကြေညာခဲ့ပြီး တနင်္ဂနွေနေ့က ကစားခဲ့သော ဘွန်ဒစ်လီဂါ အိမ်ကွင်းနောက်ဆုံးပွဲ၌ အမှတ်တရ နှုတ်ဆက်ပွဲ ပြုလုပ်ခဲ့သည်။

အစောပိုင်းတွင် အလွန်ဆိုက ရီးယဲလ်အသင်းနှင့် အပူတပြင်း ပူးပေါင်းရန် ဆန္ဒမရှိသော်လည်း ပြီးခဲ့သည့် အပတ်က ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် စောစီးစွာကိုင်တွယ်ရန် သဘောတူခဲ့ဖွယ်ရှိသည်။

ရီးယဲလ်အသင်းသည် အလွန်ဆိုကို အမြဲတမ်းနည်းပြအဖြစ် မခန့်အပ်မီ ယာယီနည်းပြနှင့်သာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ဖွယ်ရှိသည်ဟုလည်း ပြီးခဲ့သည့်ရက်ပိုင်းက သတင်းထွက်ခဲ့သည်။

ရီးယဲလ်အသင်းသည် ပြီးခဲ့သည့်လများကတည်းက အန်ဆယ်လော့တီ၏နေရာအစားထိုးရန် အလွန်ဆိုနှင့် ဆွေးနွေးခဲ့ကြပြီး မတ်လ၌ နှုတ်အားဖြင့် သဘောတူညီမှုရခဲ့ကာ ပြီးခဲ့သည့်နှစ်ပတ်က အသေးစိတ်ဆွေးနွေးမှုစတင်ခဲ့သည်။

ရီးယဲလ်အသင်းသည် အလွန်ဆိုနှင့် ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိမည့်စာချုပ် ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။