၂၀၂၄-၂၅ ရာသီ ျပင္သစ္လိဂ္အေကာင္းဆုံးကစားသမားဆုကို ဒမ္ဘီလီ ရရွိ
PSG အသင္းမွ ျပင္သစ္တိုက္စစ္ကစားသမား ဒမ္ဘီလီသည္ ၂၀၂၄-၂၅ ရာသီအတြက္ ျပင္သစ္လိဂ္အေကာင္းဆုံးကစားသမားဆု ရရွိခဲ့ေၾကာင္း သိရသည္။
ဒမ္ဘီလီ(၂၇ ႏွစ္)သည္ ၂၀၂၃ ေႏြရာသီတြင္ ဘာစီလိုနာအသင္းမွ PSG အသင္းသို႔ ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး ၿပီးခဲ့သည့္ရာသီ၌ (၄၂)ပြဲကစားကာ (၆)ဂိုးသာ သြင္းယူနိုင္ခဲ့ေသာ္လည္း ယခုရာသီတြင္ (၄၆)ပြဲကစားကာ (၃၃)ဂိုး သြင္းယူထားသည္။
PSG အသင္းမွာ ရာသီကုန္ဆုံးရန္ (၆)ပတ္အလိုမွာပင္ ခ်န္ပီယံဆုရယူနိုင္ခဲ့သည့္အတြက္ အသင္းအတြက္ အေကာင္းဆုံးေျခစြမ္းျပခဲ့ေသာ ဒမ္ဘီလီက ျပင္သစ္လိဂ္အေကာင္းဆုံးကစားသမားအျဖစ္ ေရြးခ်ယ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
ဒမ္ဘီလီသည္ ရိန္းစ္အသင္းတြင္ ယွဥ္ၿပိဳင္ကစားစဥ္ ၂၀၁၅-၁၆ ရာသီ၌ ျပင္သစ္လိဂ္အေကာင္းဆုံးလူငယ္ကစားသမားဆု ရရွိခဲ့ၿပီးေနာက္ ယခုရာသီတြင္ အေကာင္းဆုံးကစားသမားဆု ရရွိခဲ့ျခင္းျဖစ္သည္။
ျပင္သစ္လိဂ္အေကာင္းဆုံးကစားသမားဆုကို PSG ကစားသမားမ်ားက ၂၀၁၅-၁၆ ရာသီမွစ၍ (၉)ရာသီဆက္တိုက္ ရယူနိုင္ခဲ့ၿပီး ျပင္သစ္ကစားသမားမ်ားအေနျဖင့္ (၆)ရာသီဆက္တိုက္ ရယူနိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဒမ္ဘီလီသည္ ျပင္သစ္လိဂ္အေကာင္းဆုံးကစားသမားဆုကို ပထမဆုံးအႀကိမ္ ရရွိျခင္းျဖစ္ၿပီး PSG အသင္း ခ်န္ပီယံလိဂ္ဖလား ရရွိခဲ့ပါက Ballon d’Or ဆုကိုပါ ရရွိနိုင္ေၾကာင္းလည္း ထင္ေၾကးေပးခံေနရသည္။
PSG အသင္းသည္ ယခုရာသီတြင္ ျပင္သစ္လိဂ္၊ ျပင္သစ္ဖလားႏွင့္ ခ်န္ပီယံလိဂ္ ဖလားသုံးလုံးေအာင္ပြဲကို ေမၽွာ္လင့္ခြင့္ရွိေနေၾကာင္း သိရသည္။
==================================================
၂၀၂၄-၂၅ ရာသီ ပြင်သစ်လိဂ်အကောင်းဆုံးကစားသမားဆုကို ဒမ်ဘီလီ ရရှိ
================================
PSG အသင်းမှ ပြင်သစ်တိုက်စစ်ကစားသမား ဒမ်ဘီလီသည် ၂၀၂၄-၂၅ ရာသီအတွက် ပြင်သစ်လိဂ်အကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြောင်း သိရသည်။
ဒမ်ဘီလီ(၂၇ နှစ်)သည် ၂၀၂၃ နွေရာသီတွင် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ရာသီ၌ (၄၂)ပွဲကစားကာ (၆)ဂိုးသာ သွင်းယူနိုင်ခဲ့သော်လည်း ယခုရာသီတွင် (၄၆)ပွဲကစားကာ (၃၃)ဂိုး သွင်းယူထားသည်။
PSG အသင်းမှာ ရာသီကုန်ဆုံးရန် (၆)ပတ်အလိုမှာပင် ချန်ပီယံဆုရယူနိုင်ခဲ့သည့်အတွက် အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့သော ဒမ်ဘီလီက ပြင်သစ်လိဂ်အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဒမ်ဘီလီသည် ရိန်းစ်အသင်းတွင် ယှဉ်ပြိုင်ကစားစဉ် ၂၀၁၅-၁၆ ရာသီ၌ ပြင်သစ်လိဂ်အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့ပြီးနောက် ယခုရာသီတွင် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်းဖြစ်သည်။
ပြင်သစ်လိဂ်အကောင်းဆုံးကစားသမားဆုကို PSG ကစားသမားများက ၂၀၁၅-၁၆ ရာသီမှစ၍ (၉)ရာသီဆက်တိုက် ရယူနိုင်ခဲ့ပြီး ပြင်သစ်ကစားသမားများအနေဖြင့် (၆)ရာသီဆက်တိုက် ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒမ်ဘီလီသည် ပြင်သစ်လိဂ်အကောင်းဆုံးကစားသမားဆုကို ပထမဆုံးအကြိမ် ရရှိခြင်းဖြစ်ပြီး PSG အသင်း ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပါက Ballon d’Or ဆုကိုပါ ရရှိနိုင်ကြောင်းလည်း ထင်ကြေးပေးခံနေရသည်။
PSG အသင်းသည် ယခုရာသီတွင် ပြင်သစ်လိဂ်၊ ပြင်သစ်ဖလားနှင့် ချန်ပီယံလိဂ် ဖလားသုံးလုံးအောင်ပွဲကို မျှော်လင့်ခွင့်ရှိနေကြောင်း သိရသည်။