အာဖရိကဝက္ အျပင္းဖ်ားေရာဂါႀကိဳတင္ကာကြယ္ေရး အသိေပး


အာဖရိကဝက္အျပင္းဖ်ားေရာဂါသည္ ဝက္မ်ားတြင္ ဗိုင္းရပ္စ္ပိုးေၾကာင့္ ျဖစ္ပြားတတ္ေသာ ကူးစက္ျမန္ေရာဂါ တစ္ခု ျဖစ္ပါတယ္။

အာဖရိကဝက္အျပင္းဖ်ားေရာဂါသည္ လူသို႔ လုံးဝ(လုံးဝ) ကူးစက္ျခင္းမရွိဘဲ မိမိတို႔ေမြးျမဴထားေသာ ဝက္မ်ားကို အဆိုပါေရာဂါျဖစ္ပြားက်ေရာက္ျခင္းမွ ႀကိဳတင္ကာကြယ္နိုင္ေရးအတြက္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနက အသိေပးထားပါတယ္။

အာဖရိကဝက္အျပင္းဖ်ားေရာဂါမ်ားကို ႀကိဳတင္ကာကြယ္မွုအေနနဲ႔ ဝက္ေမြးျမဴေရးၿခံမ်ား၏ ဇီဝလုံျခဳံမွုကို အထူးဂ႐ုျပဳျမႇင့္တင္ရန္၊ ဝက္ၿခံမ်ားႏွင့္ သားငါးေဈးမ်ားတြင္ စနစ္တက် ပိုးသတ္ ေဆးဖ်န္းျခင္း ပုံမွန္ျပဳလုပ္ေဆာင္ရြက္ ရန္၊ ဝက္မ်ားကို စားေသာက္ဆိုင္ႏွင့္ အိမ္မ်ားမွ စားႂကြင္းစားက်န္မ်ားေကၽြးမည္ဆိုပါက အပူျပင္းျပင္းျဖင့္ ခ်က္ျပဳတ္ၿပီးမွ ေကၽြးေမြးရန္၊ အျခားၿခံမွ အသုံးအေဆာင္ပစၥည္းမ်ား ငွားရမ္းသုံးစြဲျခင္းမျပဳရန္ႏွင့္ လူအဝင္/အထြက္ ထိန္းခ်ဳပ္ရန္၊ အသက္အရြယ္တူ ဝက္မ်ားကိုသာ အတူတူေမြးျမဴရန္၊ ဝက္ၿခံမ်ား၏အပူခ်ိန္သည္ စိုထိုင္းဆ၊ ေလဝင္ေလထြက္ ေကာင္းမြန္ေစေရးေဆာင္ရြက္ရန္၊ ေရာဂါကင္းရွင္းေၾကာင္း စိတ္ခ်ရေသာၿခံမွ ဝက္မ်ားကို ဝယ္ယူေမြးျမဴရန္၊ ဝယ္ယူသည့္ ဝက္မ်ားကို မိမိၿခံရွိဝက္မ်ားႏွင့္အတူ ထည့္သြင္း ေမြးျမဴျခင္းမျပဳမီ သီးသန႔္ခြဲျခားထား၍ ေရာဂါကင္းရွင္းမွ ေမြးျမဴရန္၊ ျပည္ပမွတရားမဝင္ တင္သြင္းလာေသာ ဝက္အရွင္ႏွင့္ ဝက္မွထြက္ရွိေသာ ပစၥည္းမ်ားျဖစ္တဲ့ ဝက္သား၊ ေအးခဲဝက္သား၊ ဝက္ေပါင္ေျခာက္၊ ဝက္အူေခ်ာင္းႏွင့္ အျခားေသာ ဝက္မွထြက္ရွိတဲ့ပစၥည္းမ်ား တင္သြင္းျခင္း/ေရာင္းခ်ျခင္း၊ စားသုံးျခင္း မျပဳရန္၊ ေတာဝက္ႏွင့္ အိမ္ေမြးဝက္မ်ား ေရာေႏွာထိေတြ႕ျခင္းမွ ကာကြယ္ရန္၊ ေတာဝက္ႏွင့္ အိမ္ေမြးဝက္မ်ား ပုံမွန္ မဟုတ္ဘဲ ႐ုတ္တရက္ေသဆုံးပါက နီးစပ္ရာအုပ္ခ်ဳပ္ေရးအဖြဲ႕၊ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန၊ ျမန္မာနိုင္ငံေမြးျမဴေရး လုပ္ငန္းအဖြဲ႕ခ်ဳပ္ထံသို႔ ခ်က္ခ်င္းသတင္းပို႔ရန္၊ ေရာဂါႀကိဳတင္ကာကြယ္ေရးႏွင့္ ေရာဂါစူးစမ္းရွာေဖြျခင္း လုပ္ငန္းမ်ားတြင္ သက္ဆိုင္ရာဌာန၊ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းပါဝင္ေဆာင္ရြက္ရန္ႏွင့္ ညႊန္ၾကားခ်က္မ်ားအား လိုက္နာေဆာင္ရြက္ရန္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန၊ စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနက အသိေပးေၾကညာထားပါတယ္။
———————————————
အာဖရိကဝက် အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေး အသိပေး
======================
အာဖရိကဝက်အပြင်းဖျားရောဂါသည် ဝက်များတွင် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်သော ကူးစက်မြန်ရောဂါ တစ်ခု ဖြစ်ပါတယ်။

အာဖရိကဝက်အပြင်းဖျားရောဂါသည် လူသို့ လုံးဝ(လုံးဝ) ကူးစက်ခြင်းမရှိဘဲ မိမိတို့မွေးမြူထားသော ဝက်များကို အဆိုပါရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အသိပေးထားပါတယ်။

အာဖရိကဝက်အပြင်းဖျားရောဂါများကို ကြိုတင်ကာကွယ်မှုအနေနဲ့ ဝက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုမြှင့်တင်ရန်၊ ဝက်ခြံများနှင့် သားငါးဈေးများတွင် စနစ်တကျ ပိုးသတ် ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက် ရန်၊ ဝက်များကို စားသောက်ဆိုင်နှင့် အိမ်များမှ စားကြွင်းစားကျန်များကျွေးမည်ဆိုပါက အပူပြင်းပြင်းဖြင့် ချက်ပြုတ်ပြီးမှ ကျွေးမွေးရန်၊ အခြားခြံမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူအဝင်/အထွက် ထိန်းချုပ်ရန်၊ အသက်အရွယ်တူ ဝက်များကိုသာ အတူတူမွေးမြူရန်၊ ဝက်ခြံများ၏အပူချိန်သည် စိုထိုင်းဆ၊ လေဝင်လေထွက် ကောင်းမွန်စေရေးဆောင်ရွက်ရန်၊ ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ဝက်များကို ဝယ်ယူမွေးမြူရန်၊ ဝယ်ယူသည့် ဝက်များကို မိမိခြံရှိဝက်များနှင့်အတူ ထည့်သွင်း မွေးမြူခြင်းမပြုမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်၊ ပြည်ပမှတရားမဝင် တင်သွင်းလာသော ဝက်အရှင်နှင့် ဝက်မှထွက်ရှိသော ပစ္စည်းများဖြစ်တဲ့ ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားသော ဝက်မှထွက်ရှိတဲ့ပစ္စည်းများ တင်သွင်းခြင်း/ရောင်းချခြင်း၊ စားသုံးခြင်း မပြုရန်၊ တောဝက်နှင့် အိမ်မွေးဝက်များ ရောနှောထိတွေ့ခြင်းမှ ကာကွယ်ရန်၊ တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန် မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်ထံသို့ ချက်ချင်းသတင်းပို့ရန်၊ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်နှင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။