ဆင္းဒူးစစ္ဆင္ေရး၌ အၾကမ္းဖက္သမား ၁၀၀ ေက်ာ္ေသဆုံးဟုဆို

အိႏၵိယနိုင္ငံ က ပါကစၥတန္နိုင္ငံ၌ရွိေသာ အၾကမ္းဖက္သမားမ်ားကိုပစ္မွတ္ထားသည့္ ဆင္းဒူးစစ္ဆင္ေရး ေဆာင္ရြက္မွုအတြင္း အၾကမ္းဖက္သမားအေယာက္ ၁၀၀ ေက်ာ္ေသဆုံးၿပီး ပါကစၥတန္လုံျခဳံေရးတပ္ဖြဲ႕ဝင္ ၄၀ ေက်ာ္ ကြယ္လြန္သြားေၾကာင္း အိႏၵိယစစ္ဘက္မွ အဆင့္ျမင့္တာဝန္ရွိသူတစ္ဦး က ေျပာသည္။

ဆင္းဒူးစစ္ဆင္ေရး တြင္ ညႊန္ၾကားေရးမွူးအျဖစ္ တာဝန္ထမ္းေဆာင္ေနသည့္ ရာဂ်စ္ဂိုင္က အိႏၵိယ၏တိုက္ခိုက္မွုေၾကာင့္ ပါကစၥတန္ ရွိ ေလတပ္စခန္း အနည္းဆုံး ၁၁ ခု ပ်က္စီးဆုံးရွုံးသြားေၾကာင္းႏွင့္ ထိုကဲ့သို႔တိုက္ခိုက္လိုက္သည့္အတြက္ ပါကစၥတန္၏စစ္ေရးစြမ္းရည္အေပၚ မ်ားစြာထိခိုက္ေစေၾကာင္း ေမလ ၁၂ ရက္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာ သည္။

အိႏၵိယနိုင္ငံသည္ ပါကစၥတန္နိုင္ငံရွိအၾကမ္းဖက္သမားမ်ားႏွင့္ ၎တို႔၏အေျခခံအေဆာက္အအုံမ်ား အေပၚ ပစ္မွတ္ထားတိုက္ခိုက္သည့္ ဆင္းဒူးစစ္ဆင္ေရးကို ၿပီးခဲ့သည့္ သီတင္းပတ္တြင္ စတင္ခဲ့ျခင္း ျဖစ္သည္။

ဆင္းဒူးစစ္ဆင္ေရးတြင္ ပါကစၥတန္၏စစ္ေရးပစ္မွတ္မ်ားကို ပစ္မွတ္ထားျခင္းမရွိေၾကာင္း အိႏၵိယအစိုးရက ထုတ္ျပန္ထားသည္ဟု RT သတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။
___________________________________________________________________________________
ဆင်းဒူးစစ်ဆင်ရေး၌ အကြမ်းဖက်သမား ၁၀၀ ကျော်သေဆုံးဟုဆို
=================================
အိန္ဒိယနိုင်ငံ က ပါကစ္စတန်နိုင်ငံ၌ရှိသော အကြမ်းဖက်သမားများကိုပစ်မှတ်ထားသည့် ဆင်းဒူးစစ်ဆင်ရေး ဆောင်ရွက်မှုအတွင်း အကြမ်းဖက်သမားအယောက် ၁၀၀ ကျော်သေဆုံးပြီး ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ ကျော် ကွယ်လွန်သွားကြောင်း အိန္ဒိယစစ်ဘက်မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဆင်းဒူးစစ်ဆင်ရေး တွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ရာဂျစ်ဂိုင်က အိန္ဒိယ၏တိုက်ခိုက်မှုကြောင့် ပါကစ္စတန် ရှိ လေတပ်စခန်း အနည်းဆုံး ၁၁ ခု ပျက်စီးဆုံးရှုံးသွားကြောင်းနှင့် ထိုကဲ့သို့တိုက်ခိုက်လိုက်သည့်အတွက် ပါကစ္စတန်၏စစ်ရေးစွမ်းရည်အပေါ် များစွာထိခိုက်စေကြောင်း မေလ ၁၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။

အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နိုင်ငံရှိအကြမ်းဖက်သမားများနှင့် ၎င်းတို့၏အခြေခံအဆောက်အအုံများ အပေါ် ပစ်မှတ်ထားတိုက်ခိုက်သည့် ဆင်းဒူးစစ်ဆင်ရေးကို ပြီးခဲ့သည့် သီတင်းပတ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

ဆင်းဒူးစစ်ဆင်ရေးတွင် ပါကစ္စတန်၏စစ်ရေးပစ်မှတ်များကို ပစ်မှတ်ထားခြင်းမရှိကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။