ဂ်ပန္ဘာသာ အရည္အခ်င္းစစ္စာေမးပြဲကို ရန္ကုန္စာေျဖဌာနတြင္ ေျပာင္းေ႐ႊ႕ေျဖဆိုရမည္
မႏၲေလးငလ်င္ေၾကာင့္ မႏၲေလးၿမိဳ႕အတြင္းရွိ ဂ်ပန္ဘာသာအရည္အခ်င္းစစ္စာေမးပြဲ (JLPT) စာေျဖဌာနမ်ားအျဖစ္အသုံးျပဳမည့္ တကၠသိုလ္ႏွင့္ေက်ာင္းမ်ား ပ်က္စီးဆုံးရႈံးမႈ မ်ားျဖစ္ေပၚခဲ့ျခင္းေၾကာင့္ ၂၀၂၅ ခုႏွစ္၊ ဇူလိုင္တြင္ စာေမးပြဲက်င္းပျပဳလုပ္ရန္ အခက္အခဲမ်ားရွိသည့္အတြက္ မႏၲေလးစာေျဖဌာနအတြက္ ေလွ်ာက္ထားခဲ့သည့္ စာေျဖသူမ်ား Level အားလုံး ရန္ကုန္ၿမိဳ႕တြင္ ေျပာင္းလဲေျဖဆိုသြားရမွာျဖစ္တယ္လို႔ သိရပါတယ္။
မႏၲေလးစာေျဖဌာနတြင္ ေလွ်ာက္ထားသူမ်ားအေနနဲ႔ ရန္ကုန္စာေျဖဌာန၌ ေျပာင္းေ႐ႊ႕ေျဖဆိုျခင္းမရွိပါက စာေမးပြဲေလွ်ာက္ထားမႈအားပယ္ဖ်က္၍ စာေမးပြဲေၾကးကို ျပန္လည္ထုတ္ယူ၍ ေလွ်ာက္ထားႏိုင္ၿပီး ပယ္ဖ်က္လိုေသာ စာေျဖသူမ်ားအေနနဲ႔ Google Form Link >> https://forms.gle/qQP81DXtFtu9prf97 မွတစ္ဆင့္ ၂၀၂၅ ခုႏွစ္၊ ေမလ ၁၂ ရက္ ညေန ၄ နာရီအတြင္း စာရင္းေပးသြင္းရမွာျဖစ္တယ္လို႔ လည္း သိရပါတယ္။
စာေမးပြဲေၾကး ျပန္လည္လႊဲေပးသြားမည့္ရက္ကို ထပ္မံေၾကညာေပးသြားမွာျဖစ္ၿပီး၊ အဆိုပါ ကာလအတြင္း Google Form တြင္ ပယ္ဖ်က္စာရင္းေပးသြင္းထားျခင္း မရွိပါက ရန္ကုန္စာေျဖဌာနတြင္ ေျပာင္းေ႐ႊ႕ေျဖဆိုမည့္ စာေျဖသူမ်ားအျဖစ္ စာရင္းသြင္းသတ္မွတ္သြားမွာျဖစ္လို႔ သိရပါတယ္။
ရန္ကုန္စာေျဖဌာနတြင္ ေျပာင္းေ႐ႊ႕ေျဖဆိုမည့္သူမ်ားသည္ Google Form တြင္ ျဖည့္သြင္းရန္မလိုေၾကာင္းႏွင့္ ရန္ကုန္စာေျဖဌာနသို႔ ေျပာင္းလဲေျဖဆိုသူမ်ားအတြက္ စာေျဖဌာနေနရာမ်ားႏွင့္ပတ္သက္လို႔ အေသးစိတ္ထပ္မံေၾကညာေပးသြားမည္ျဖစ္ၿပီးတ္လို႔ JLPT စာေမးပြဲက်င္းပ ေရးေကာ္မတီက ေၾကညာထားလို႔ သိရပါတယ္။
ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲကို ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုရမည်
==================
မန္တလေးငလျင်ကြောင့် မန္တလေးမြို့အတွင်းရှိ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) စာဖြေဌာနများအဖြစ်အသုံးပြုမည့် တက္ကသိုလ်နှင့်ကျောင်းများ ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်တွင် စာမေးပွဲကျင်းပပြုလုပ်ရန် အခက်အခဲများရှိသည့်အတွက် မန္တလေးစာဖြေဌာနအတွက် လျှောက်ထားခဲ့သည့် စာဖြေသူများ Level အားလုံး ရန်ကုန်မြို့တွင် ပြောင်းလဲဖြေဆိုသွားရမှာဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးစာဖြေဌာနတွင် လျှောက်ထားသူများအနေနဲ့ ရန်ကုန်စာဖြေဌာန၌ ပြောင်းရွှေ့ဖြေဆိုခြင်းမရှိပါက စာမေးပွဲလျှောက်ထားမှုအားပယ်ဖျက်၍ စာမေးပွဲကြေးကို ပြန်လည်ထုတ်ယူ၍ လျှောက်ထားနိုင်ပြီး ပယ်ဖျက်လိုသော စာဖြေသူများအနေနဲ့ Google Form Link >> https://forms.gle/qQP81DXtFtu9prf97 မှတစ်ဆင့် ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက် ညနေ ၄ နာရီအတွင်း စာရင်းပေးသွင်းရမှာဖြစ်တယ်လို့ လည်း သိရပါတယ်။
စာမေးပွဲကြေး ပြန်လည်လွှဲပေးသွားမည့်ရက်ကို ထပ်မံကြေညာပေးသွားမှာဖြစ်ပြီး၊ အဆိုပါ ကာလအတွင်း Google Form တွင် ပယ်ဖျက်စာရင်းပေးသွင်းထားခြင်း မရှိပါက ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုမည့် စာဖြေသူများအဖြစ် စာရင်းသွင်းသတ်မှတ်သွားမှာဖြစ်လို့ သိရပါတယ်။
ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုမည့်သူများသည် Google Form တွင် ဖြည့်သွင်းရန်မလိုကြောင်းနှင့် ရန်ကုန်စာဖြေဌာနသို့ ပြောင်းလဲဖြေဆိုသူများအတွက် စာဖြေဌာနနေရာများနှင့်ပတ်သက်လို့ အသေးစိတ်ထပ်မံကြေညာပေးသွားမည်ဖြစ်ပြီးတ်လို့ JLPT စာမေးပွဲကျင်းပ ရေးကော်မတီက ကြေညာထားလို့ သိရပါတယ်။