ႏိုင္ငံေရးပါတီတိုင္း၏ အသက္ဝိညာဥ္ဆိုသည္မွာ စည္း႐ုံးေရးပင္ျဖစ္ေၾကာင္း၊ မိမိေဒသႏွင့္ျပည္သူကို ေရွးရႈေသာ ႏိုင္ငံေရးခံယူခ်က္ျဖင့္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း မြန္ျပည္နယ္ ပါတီတာဝန္ရွိသူမ်ားႏွင့္ ခ႐ိုင္/ၿမိဳ႕နယ္ဥကၠ႒မ်ားအား ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိမ္း မွာၾကား
ေမာ္လၿမိဳင္ ေမ ၇
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ေအာက္ျမန္မာျပည္ ေပါင္းစပ္ညႇိႏႈိင္းေရးမႉး ဒုတိယဥကၠ႒ဦးမ်ိဳးေဇာ္သိမ္းသည္ ပါတီဗဟိုအတြင္းေရးမႉး ဦးသူရိန္ေဇာ္၊မြန္ျပည္နယ္ ပါတီေခတၱဥကၠ႒ ဦးသက္ေထြးတို႔ႏွင့္အတူ ၂၀၂၅ ခုႏွစ္၊ ေမလ ၇ ရက္ေန႔တြင္ ေမာ္လၿမိဳင္ၿမိဳ႕၌ ျပည္နယ္ပါတီေကာ္မတီဝင္မ်ား၊ခ႐ိုင္/ၿမိဳ႕နယ္ဥကၠ႒မ်ားႏွင့္ ေတြ႕ဆုံခဲ့ပါသည္။
ထို႔ေနာက္ပါတီဒုတိယဥကၠ႒သည္ အစည္းအေဝးသို႔တက္ေရာက္လာၾကေသာ တိုင္း/ ခ႐ိုင္/ၿမိဳ႕နယ္ပါတီမ်ားမွ တာဝန္ရွိသူမ်ားအားႏိုင္ငံေရးပါတီတိုင္း၏အသက္ဝိညာဥ္ဆိုသည္မွာ စည္း႐ုံးေရးပင္ျဖစ္ေၾကာင္း၊ မိမိတို႔ပါတီသည္ လူမ်ိဳးစြဲမရွိသည့္ ျပည္ေထာင္စုပါတီျဖစ္ေၾကာင္း၊ မိမိေဒသႏွင့္ျပည္သူကို ေရွးရႈေသာႏိုင္ငံေရးခံယူခ်က္ျဖင့္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲအတြက္ ျပင္ဆင္ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ားအား လက္ေတြ႕က်က်ေဆာင္႐ြက္ေရးအေသးစိတ္ ေပါင္းစပ္ညႇိိႏႈိင္းေဆြးေႏြးခဲ့ေၾကာင္း သတင္းရရွိပါသည္။
နိုင်ငံရေးပါတီတိုင်း၏ အသက်ဝိညာဉ်ဆိုသည်မှာ စည်းရုံးရေးပင်ဖြစ်ကြောင်း၊ မိမိဒေသနှင့်ပြည်သူကို ရှေးရှုသော နိုင်ငံရေးခံယူချက်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပါတီတာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်ဥက္ကဋ္ဌများအား ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း မှာကြား
===============================
မော်လမြိုင် မေ ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်းရေးမှူး ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ပါတီဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော်၊မွန်ပြည်နယ် ပါတီခေတ္တဥက္ကဋ္ဌ ဦးသက်ထွေးတို့နှင့်အတူ ၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် မော်လမြိုင်မြို့၌ ပြည်နယ်ပါတီကော်မတီဝင်များ၊ခရိုင်/မြို့နယ်ဥက္ကဋ္ဌများနှင့် တွေ့ဆုံခဲ့ပါသည်။
ထို့နောက်ပါတီဒုတိယဥက္ကဋ္ဌသည် အစည်းအဝေးသို့တက်ရောက်လာကြသော တိုင်း/ ခရိုင်/မြို့နယ်ပါတီများမှ တာဝန်ရှိသူများအားနိုင်ငံရေးပါတီတိုင်း၏အသက်ဝိညာဉ်ဆိုသည်မှာ စည်းရုံးရေးပင်ဖြစ်ကြောင်း၊ မိမိတို့ပါတီသည် လူမျိုးစွဲမရှိသည့် ပြည်ထောင်စုပါတီဖြစ်ကြောင်း၊ မိမိဒေသနှင့်ပြည်သူကို ရှေးရှုသောနိုင်ငံရေးခံယူချက်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား လက်တွေ့ကျကျဆောင်ရွက်ရေးအသေးစိတ် ပေါင်းစပ်ညှိိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။