ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ႏိုင္ငံေရးပါတီမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးပြဲသို႔ တက္ေရာက္

ေမ ၁၀၊ ရန္ကုန္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိမ္း၊ ဗဟိုအတြင္းေရးမႉး ဦးပိုက္ေထြး၊ ရန္ကုန္တိုင္းေဒသႀကီးပါတီဥကၠ႒ ဦးခင္ေမာင္စိုးတို႔ႏွင့္အတူ ၁၀-၅-၂၀၂၅ ရက္ေန႔ နံနက္ ၀၉၄၅ အခ်ိန္မွ ေန႔လည္ ၁၃၀၀ အခ်ိန္ထိ ဗဟန္းၿမိဳ႕နယ္၊ သံလြင္လမ္းရွိ ပါတီဌာနခ်ဳပ္(ရန္ကုန္႐ုံးခြဲ)တြင္ က်င္းပျပဳလုပ္ေသာ ပါတီစုံဒီမိုကေရစီစနစ္တြင္ အတူပါဝင္ေဆာင္႐ြက္ေနၾကသည့္ လတ္တေလာ ဆက္သြယ္၍ရရွိေသာ လုပ္ေဖာ္ကိုင္ဖက္ ႏိုင္ငံေရးပါတီမ်ားႏွင့္ ခ်စ္ၾကည္ရင္းႏွီးစြာ ေတြ႕ဆုံေဆြးေႏြးပြဲ အခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။

ထိုေတြ႕ဆုံေဆြးေႏြးပြဲသို႔ ႏိုင္ငံေရးပါတီ(၂၃)ပါတီမွ လူကိုယ္တိုင္ တက္ေရာက္ခဲ့ၾကၿပီးအခ်ိဳ႕ေသာပါတီျမားမွာ မလာေရာက္ႏိုင္ေသာ္လည္း ေတြ႕ဆုံေဆြးေႏြးပြဲသေဘာတူညီခ်က္မူၾကမ္းကို ေပးပို႔ေလ့လာၿပီး သေဘာတူ လက္မွတ္ေရးထိုးသြားမည္ဟုသိရသည္။

ေဆြးေႏြးပြဲတြင္ ပါတီဥကၠ႒ ဦးခင္ရီမွ အဖြင့္အမွာစကားေျပာၾကားကာ ႏိုင္ငံေရးပါတီမ်ား၏ အခန္းက႑ဆိုင္ရာကိစၥရပ္မ်ားကို တက္ေရာက္လာေသာ ႏိုင္ငံေရးပါတီအသီးသီးမွ တာဝန္ရွိသူမ်ားႏွင့္ ေဆြးေႏြးခဲ့ၿပီး ပူးတြဲထုတ္ျပန္ေၾကညာခ်က္တစ္ေစာင္အား လက္မွတ္ေရးထိုး ထုတ္ျပန္ခဲ့ပါသည္။အဆိုပါ ေတြ႕ဆုံေဆြးေႏြးပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိမ္း၊ ဗဟိုအတြင္းေရးမႉး ဦးပိုက္ေထြး၊ ရန္ကုန္တိုင္းေဒသႀကီးပါတီဥကၠ႒ ဦးခင္ေမာင္စိုး၊ လုပ္ေဖာ္ကိုင္ဖက္ ႏိုင္ငံေရးပါတီမ်ားမွ ပါတီဥကၠ႒မ်ား၊ ဒုတိယဥကၠ႒မ်ား၊ အတြင္းေရးမႉးမ်ားႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်
===================
မေ ၁၀၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့နှင့်အတူ ၁၀-၅-၂၀၂၅ ရက်နေ့ နံနက် ၀၉၄၅ အချိန်မှ နေ့လည် ၁၃၀၀ အချိန်ထိ ဗဟန်းမြို့နယ်၊ သံလွင်လမ်းရှိ ပါတီဌာနချုပ်(ရန်ကုန်ရုံးခွဲ)တွင် ကျင်းပပြုလုပ်သော ပါတီစုံဒီမိုကရေစီစနစ်တွင် အတူပါဝင်ဆောင်ရွက်နေကြသည့် လတ်တလော ဆက်သွယ်၍ရရှိသော လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးပါတီများနှင့် ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ(၂၃)ပါတီမှ လူကိုယ်တိုင် တက်ရောက်ခဲ့ကြပြီးအချို့သောပါတီမြားမှာ မလာရောက်နိုင်သော်လည်း တွေ့ဆုံဆွေးနွေးပွဲသဘောတူညီချက်မူကြမ်းကို ပေးပို့လေ့လာပြီး သဘောတူ လက်မှတ်ရေးထိုးသွားမည်ဟုသိရသည်။

ဆွေးနွေးပွဲတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ အဖွင့်အမှာစကားပြောကြားကာ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍဆိုင်ရာကိစ္စရပ်များကို တက်ရောက်လာသော နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပြီး ပူးတွဲထုတ်ပြန်ကြေညာချက်တစ်စောင်အား လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါသည်။အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးပါတီများမှ ပါတီဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။