မော်လမြိုင် မေ ၇
ရွေးကောက်ပွဲအောင်နိုင်ရေး ဆက်လက်လုပ်ဆောင် ရမည့်လုပ်ငန်းစဥ်များကို မွန်ပြည်နယ်ပါတီတာဝန်ရှိသူများအားပါတီဒုတိယဥက္ကဌ ဦးမျိုးဇော်သိမ်း လမ်းညွှန်မှာကြား
=====================
မော်လမြိုင် မေ ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်းရေးမှူးဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ပါတီဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော် ၊မွန်ပြည်နယ်ပါတီခေတ္တဥက္ကဋ္ဌ ဦးသက်ထွေးတို့နှင့်အတူ ၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် မော်လမြိုင်မြို့၌ ပြည်နယ်၊ခရိုင်၊မြို့နယ်၊ရပ်ကျေးအဆင့်ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။
ထို့နောက်ပါတီဒုတိယဥက္ကဋ္ဌသည် အစည်းအဝေးသို့တက်ရောက်လာကြသော တိုင်း/ ခရိုင်/မြို့နယ်ပါတီများမှ တာဝန်ရှိသူများနှင့်သက်ဆိုင်ရာ နယ်မြေအလိုက် ရွေးကောက်ပွဲ အောင်နိုင်ရေးနှင့်ပတ်သက်ပြီး အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အသေးစိတ် သုံးသပ်ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။