ေက်ာက္ဆည္ၿမိဳ႕နယ္အတြင္းက ၃၇၇၁ ဧကက်ယ္တဲ့ေျမကို မန္းေခ်ာင္းႀကိဳးျပင္ကာကြယ္ေတာ”အျဖစ္သတ္မွတ္
မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ခ႐ိုင္၊ ေက်ာက္ဆည္ၿမိဳ႕နယ္အတြင္း က်ေရာက္ေနသည့္ ဧရိယာအက်ယ္အဝန္း ၃၇၇၁ ဧကရွိေသာနယ္ေျမကို “ရမန္းေခ်ာင္းႀကိဳးျပင္ကာကြယ္ေတာ”အျဖစ္ အမိန႔္ေၾကာ္ျငာ စာအမွတ္(၄၄/၂၀၂၅)အရ ၁၃၈၇ ခုႏွစ္ ကဆုန္လဆန္း ၄ ရက္၊ ၂၀၂၅ ခုႏွစ္ ဧၿပီ ၃၀ ရက္မွစ၍ သတ္မွတ္ေၾကာင္း ေၾကညာထားသည္။
သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာနက ၂၀၁၈ ခုႏွစ္တြင္ ျပ႒ာန္းထားသည့္ သစ္ေတာဥပေဒပုဒ္မ ၆ ပုဒ္မခြဲ(င)အရ အပ္ႏွင္းထားေသာလုပ္ပိုင္ခြင့္မ်ားကို က်င့္သုံးကာ ေၾကညာထားျခင္းျဖစ္သည္။
သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက အပူပိုင္းေဒသ၏ သဘာဝေတာက်န္ မ်ားအား ထိန္းသိမ္းျခင္းေၾကာင့္ ပတ္ဝန္းက်င္ေဒသကို အပူခ်ိန္ေလ်ာ့နည္းက်ဆင္းၿပီး ပူျပင္းေျခာက္ေသြ႕မႈ ကာကြယ္ရန္၊ ရာသီဥတု သာယာမွ်တေစၿပီး စိမ္းလန္းစိုျပည္ရန္၊ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈ ေလ်ာ့နည္းသက္သာ ေစရန္၊ ေျမဆီလႊာတိုက္စားမႈမ်ားကို တားဆီးကာကြယ္ရန္ႏွင့္ အပူပိုင္းသစ္ေတာမ်ား ထိန္းသိမ္းကာကြယ္ရန္ ရည္႐ြယ္၍ ႀကိဳးဝိုင္း၊ ႀကိဳးျပင္ကာကြယ္ေတာမ်ားအျဖစ္ ဖြဲ႕စည္းသတ္မွတ္ျခင္းျဖစ္သည္။။
ရမန္းေခ်ာင္းႀကိဳးျပင္ကာကြယ္ေတာသတ္မွတ္ျခင္းျဖင့္ အဆိုပါဧရိယာအတြင္း ေပါက္ေရာက္လ်က္ရွိေသာ သဘာဝေပါက္ပင္မ်ားျဖစ္သည့္ ပ်ဥ္းကတိုး၊ ပိေတာက္၊ အင္ၾကင္း၊ အင္၊ ေထာက္ႀကံ့၊ နီပေစး၊ နဘဲ၊ တေရာ္၊ ပိုးမဲဇာ၊ သစ္ေစး၊ ဆီးျဖဴ စသည့္သစ္မ်ိဳးမ်ားကို ထိန္းသိမ္းႏိုင္မည္ျဖစ္ျခင္း၊ ေတာဝက္၊ ယုန္၊ ရွဥ့္၊ ခ်ိဳး၊ ခါစသည့္ တိရစာၦန္ငယ္ မ်ား၏ ေနထိုင္က်က္စားရာေဒသအား ထိန္းသိမ္းႏိုင္မည္ျဖစ္ျခင္း၊ ေဒသခံျပည္သူမ်ားအတြက္ လယ္ယာလုပ္ငန္းသုံး အပူပိုင္းေဒသထြက္ သစ္ေတာထြက္ပစၥည္းမ်ား ပိုမိုရရွိလာႏိုင္ျခင္း၊ သဲကႏၲာရျဖစ္ထြန္းမႈ တိုက္ဖ်က္ေရးအတြက္ အေထာက္အကူျပဳလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္မည္ျဖစ္ျခင္း၊ ေျမဆီလႊာတိုးတက္ေကာင္းမြန္လာျခင္း၊ ေျမေအာက္ေရ ထိန္းသိမ္းႏိုင္ျခင္းႏွင့္ သစ္ေတာဖုံးလႊမ္းမႈတိုးလာၿပီး ရာသီဥတုပိုမိုေကာင္းမြန္လာႏိုင္ျခင္း စသည့္ အက်ိဳးေက်းဇူးမ်ား ရရွိႏိုင္မွာျဖစ္ေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။
ကျောက်ဆည်မြို့နယ်အတွင်းက ၃၇၇၁ ဧကကျယ်တဲ့မြေကို မန်းချောင်းကြိုးပြင်ကာကွယ်တော”အဖြစ်သတ်မှတ်
=======================
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၃၇၇၁ ဧကရှိသောနယ်မြေကို “ရမန်းချောင်းကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာ စာအမှတ်(၄၄/၂၀၂၅)အရ ၁၃၈၇ ခုနှစ် ကဆုန်လဆန်း ၄ ရက်၊ ၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက်မှစ၍ သတ်မှတ်ကြောင်း ကြေညာထားသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကို ကျင့်သုံးကာ ကြေညာထားခြင်းဖြစ်သည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အပူပိုင်းဒေသ၏ သဘာဝတောကျန် များအား ထိန်းသိမ်းခြင်းကြောင့် ပတ်ဝန်းကျင်ဒေသကို အပူချိန်လျော့နည်းကျဆင်းပြီး ပူပြင်းခြောက်သွေ့မှု ကာကွယ်ရန်၊ ရာသီဥတု သာယာမျှတစေပြီး စိမ်းလန်းစိုပြည်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းသက်သာ စေရန်၊ မြေဆီလွှာတိုက်စားမှုများကို တားဆီးကာကွယ်ရန်နှင့် အပူပိုင်းသစ်တောများ ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်၍ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်သည်။။
ရမန်းချောင်းကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော သဘာဝပေါက်ပင်များဖြစ်သည့် ပျဉ်းကတိုး၊ ပိတောက်၊ အင်ကြင်း၊ အင်၊ ထောက်ကြံ့၊ နီပစေး၊ နဘဲ၊ တရော်၊ ပိုးမဲဇာ၊ သစ်စေး၊ ဆီးဖြူ စသည့်သစ်မျိုးများကို ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ တောဝက်၊ ယုန်၊ ရှဉ့်၊ ချိုး၊ ခါစသည့် တိရစ္ဆာန်ငယ် များ၏ နေထိုင်ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဒေသခံပြည်သူများအတွက် လယ်ယာလုပ်ငန်းသုံး အပူပိုင်းဒေသထွက် သစ်တောထွက်ပစ္စည်းများ ပိုမိုရရှိလာနိုင်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးအတွက် အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ မြေဆီလွှာတိုးတက်ကောင်းမွန်လာခြင်း၊ မြေအောက်ရေ ထိန်းသိမ်းနိုင်ခြင်းနှင့် သစ်တောဖုံးလွှမ်းမှုတိုးလာပြီး ရာသီဥတုပိုမိုကောင်းမွန်လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။