လီဗာပူးလ္အသင္းတိုက္စစ္မႉး ဒါဝင္ႏူးနက္ဇ္အား ေခၚယူရန္ နာပိုလီအသင္း စီစဥ္
စီးရီးေအကလပ္ နာပိုလီအသင္းသည္ လီဗာပူးလ္အသင္းတြင္ ႐ုန္းကန္ေနရသည့္ ဥ႐ုေဂြးလက္ေ႐ြးစင္တိုက္စစ္မႉး ဒါဝင္ႏူးနက္ဇ္အား ေခၚယူရန္ စီစဥ္ေနေၾကာင္း သိရသည္။
အသက္ (၂၅) ႏွစ္အ႐ြယ္ရွိ ဒါဝင္ႏူးနက္ဇ္သည္ ၂၀၂၃ ေႏြရာသီတြင္ ဘင္ဖီကာအသင္းမွ လီဗာပူးလ္အသင္း သို႔ Add-ons ေၾကးအပါအဝင္ ေပါင္ (၈၅)သန္းျဖင့္ ေရာက္ရွိလာခဲ့သူျဖစ္သည္။
၎သည္ နည္းျပေဟာင္း ယာဂန္ကေလာ့ပ္လက္ထက္တြင္ ပြဲထြက္ခြင့္ရခဲ့ေသာ္လည္း လက္ရွိနည္းျပ အာနယ္ဆေလာ့လက္ထက္တြင္ ပြဲထြက္ခြင့္ရရန္ ႐ုန္းကန္ေနရသူ ျဖစ္သည္။
ဒါဝင္ႏူးနက္ဇ္သည္ ယခုရာသီတြင္ လီဗာပူးလ္အတြက္ ၿပိဳင္ပြဲစုံ (၄၅)ပြဲ ပါဝင္ကစားထားေသာ္လည္း အမ်ားစုမွာ လူစားဝင္အျဖစ္သာ ကစားခြင့္ရခဲ့ျခင္းျဖစ္ၿပီး (၇)ဂိုးသာ သြင္းယူထားႏိုင္ေသးသည္။
ထို႔ေၾကာင့္ ယင္းအေျခအေနကို ဒါဝင္ႏူးနက္ဇ္ကိုယ္တိုင္ စိတ္ပ်က္ေနၿပီး လာမည့္ေႏြရာသီတြင္ အသင္းမွ ထြက္ခြာရန္ အသင့္ရွိေနေၾကာင္း ၿဗိတိန္မီဒီယာမ်ားက ေဖာ္ျပေနၾကသည္။
လက္ရွိတြင္ ၎အား ေခၚယူရန္ ေဆာ္ဒီပ႐ိုလိဂ္က အဓိကစိတ္ဝင္စားေနၿပီး ယခုအခါ နာပိုလီအသင္းကပါ စိတ္ဝင္စားလာျခင္းျဖစ္သည္။
နာပိုလီအသင္း၏အားကစားဒါ႐ိုက္တာျဖစ္သူ မန္နာသည္ ဒါဝင္ႏူးနက္ဇ္အား ေခၚယူရန္အတြက္ လီဗာပူးလ္ၿမိဳ႕သို႔ သြားေရာက္ၿပီး ေဆြးေႏြးရန္ စီစဥ္လ်က္ရွိေၾကာင္းလည္း အီတလီမီဒီယာမ်ားက ေဖာ္ျပေနၾကသည္။
လီဗာပူးလ္အသင္းသည္ အသင္းႏွင့္ ၂၀၂၈ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းရွိေနသည့္ ဒါဝင္ႏူးနက္ဇ္အတြက္ ေပါင္သန္း (၆၀)ႏွင့္အထက္ အလိုရွိေနေၾကာင္း သိရသည္။ ဒါဝင္ ႏူးနက္ဇ္ကို ေခၚယူရန္ အက္သလက္တီကိုကလည္း စိတ္ဝင္စားေနသည္။
လီဗာပူးလ်အသင်းတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်အား ခေါ်ယူရန် နာပိုလီအသင်း စီစဉ်
========================
စီးရီးအေကလပ် နာပိုလီအသင်းသည် လီဗာပူးလ်အသင်းတွင် ရုန်းကန်နေရသည့် ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်အား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
အသက် (၂၅) နှစ်အရွယ်ရှိ ဒါဝင်နူးနက်ဇ်သည် ၂၀၂၃ နွေရာသီတွင် ဘင်ဖီကာအသင်းမှ လီဗာပူးလ်အသင်း သို့ Add-ons ကြေးအပါအဝင် ပေါင် (၈၅)သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။
၎င်းသည် နည်းပြဟောင်း ယာဂန်ကလော့ပ်လက်ထက်တွင် ပွဲထွက်ခွင့်ရခဲ့သော်လည်း လက်ရှိနည်းပြ အာနယ်ဆလော့လက်ထက်တွင် ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသူ ဖြစ်သည်။
ဒါဝင်နူးနက်ဇ်သည် ယခုရာသီတွင် လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ (၄၅)ပွဲ ပါဝင်ကစားထားသော်လည်း အများစုမှာ လူစားဝင်အဖြစ်သာ ကစားခွင့်ရခဲ့ခြင်းဖြစ်ပြီး (၇)ဂိုးသာ သွင်းယူထားနိုင်သေးသည်။
ထို့ကြောင့် ယင်းအခြေအနေကို ဒါဝင်နူးနက်ဇ်ကိုယ်တိုင် စိတ်ပျက်နေပြီး လာမည့်နွေရာသီတွင် အသင်းမှ ထွက်ခွာရန် အသင့်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
လက်ရှိတွင် ၎င်းအား ခေါ်ယူရန် ဆော်ဒီပရိုလိဂ်က အဓိကစိတ်ဝင်စားနေပြီး ယခုအခါ နာပိုလီအသင်းကပါ စိတ်ဝင်စားလာခြင်းဖြစ်သည်။
နာပိုလီအသင်း၏အားကစားဒါရိုက်တာဖြစ်သူ မန်နာသည် ဒါဝင်နူးနက်ဇ်အား ခေါ်ယူရန်အတွက် လီဗာပူးလ်မြို့သို့ သွားရောက်ပြီး ဆွေးနွေးရန် စီစဉ်လျက်ရှိကြောင်းလည်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။
လီဗာပူးလ်အသင်းသည် အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ဒါဝင်နူးနက်ဇ်အတွက် ပေါင်သန်း (၆၀)နှင့်အထက် အလိုရှိနေကြောင်း သိရသည်။ ဒါဝင် နူးနက်ဇ်ကို ခေါ်ယူရန် အက်သလက်တီကိုကလည်း စိတ်ဝင်စားနေသည်။