ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ တိုင္းေဒသႀကီး/ျပည္နယ္ ဥကၠ႒မ်ားႏွင့္ Zoom Meeting ျပဳလုပ္
ေမ ၈၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၀၂၅ ခုႏွစ္၊ ေမလ ၈ ရက္ေန႔ နံနက္ ၁၀၀၀ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ အစည္းအေဝးခန္းမ(၁)တြင္ Zoom Meeting ျဖင့္က်င္းပ ျပဳလုပ္ေသာ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီအစည္းအေဝးသို႔ တက္ေရာက္ခဲ့ပါသည္။
အစည္းအေဝးတြင္ ပါတီဥကၠ႒မွ ငလ်င္ဒဏ္ ကူညီေဆာင္႐ြက္ေနမႈ အေျခအေနမ်ား၊ Grade 12 ကေလးငယ္မ်ား စာေမးပြဲ ျပန္လည္ေျဖဆိုႏိုင္ေရး ကူညီေဆာင္႐ြက္ေနမႈမ်ား၊ ပါတီ၏ ေရးရာက႑မ်ားအလိုက္ ျပည္သူႏွင့္ထိေတြ႕ ေဆာင္႐ြက္ေနမႈမ်ား၊ ပါတီ၏ ေရွ႕လုပ္ငန္းစဥ္မ်ားႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္ပါတီမ်ားအေနျဖင့္ ေဆာင္႐ြက္ရန္ ကိစၥရပ္မ်ားအား ေဆြးေႏြးမွာၾကားခဲ့ၿပီး အစည္းအေဝးကို ေန႔လည္ ၁၁၅၀ အခ်ိန္တြင္ ရပ္နားခဲ့ပါသည္။
အဆိုပါ Zoom Meeting ျဖင့္က်င္းပျပဳလုပ္ေသာ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီအစည္းအေဝးသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကေသာ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ား၊ တိုင္းေဒသႀကီး/ျပည္နယ္ပါတီမ်ားမွ ဥကၠ႒မ်ား တက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ တိုင်းဒေသကြီး/ပြည်နယ် ဥက္ကဋ္ဌများနှင့် Zoom Meeting ပြုလုပ်
=========================================
မေ ၈၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၁)တွင် Zoom Meeting ဖြင့်ကျင်းပ ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌမှ ငလျင်ဒဏ် ကူညီဆောင်ရွက်နေမှု အခြေအနေများ၊ Grade 12 ကလေးငယ်များ စာမေးပွဲ ပြန်လည်ဖြေဆိုနိုင်ရေး ကူညီဆောင်ရွက်နေမှုများ၊ ပါတီ၏ ရေးရာကဏ္ဍများအလိုက် ပြည်သူနှင့်ထိတွေ့ ဆောင်ရွက်နေမှုများ၊ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် တိုင်းဒေသကြီး/ပြည်နယ်ပါတီများအနေဖြင့် ဆောင်ရွက်ရန် ကိစ္စရပ်များအား ဆွေးနွေးမှာကြားခဲ့ပြီး အစည်းအဝေးကို နေ့လည် ၁၁၅၀ အချိန်တွင် ရပ်နားခဲ့ပါသည်။
အဆိုပါ Zoom Meeting ဖြင့်ကျင်းပပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်ပါတီများမှ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။