ကိုရီးယားခြင့္ျပန္လုပ္သားမ်ား အလုပ္သမားဝန္ႀကီးဌာနမွ ေၾကညာသည့္ ထြက္ခြာခြင့္စာရင္းပါမွသာ ျပန္လည္ထြက္ခြာခြင့္ရမည္

ကိုရီးယားႏိုင္ငံသို႔ အလုပ္သြားလုပ္ၿပီး ခြင့္ျဖင့္ ျပန္လာသည့္ ျမန္မာအလုပ္သမားမ်ားအေနျဖင့္အလုပ္သမားဝန္ႀကီးဌာနက ေၾကညာေပးသည့္ထြက္ခြာခြင့္ အမည္စာရင္းပါဝင္မွသာ ကိုရီးယားသို႔ ျပန္လည္ထြက္ခြာခြင့္ ရရွိမည္ျဖစ္ေၾကာင္း ေမ ၇ ရက္က အစိုးရအလုပ္အကိုင္ေအဂ်င္စီ POEA မွ ေၾကညာထားသည္။
ကိုရီးယားႏိုင္ငံမွျမန္မာႏိုင္ငံသို႔ ခြင့္ျဖင့္ျပန္ေရာက္လာပါက အစိုးရ ျပည္ပအလုပ္အကိုင္ ေအဂ်င္စီထံသို႔ မပ်က္မကြက္ သတင္းေပးပို႔ရမည္ျဖစ္ၿပီး ျပန္လည္ထြက္ခြာရမည့္ ေန႔ရက္အား Safe Migiation ၏ တယ္လီဂရမ္ခ်န္နယ္မွ ေၾကညာေပးမည္ျဖစ္ေၾကာင္း သိရသည္။
ကိုရီးယားသို႔ ျမန္မာလုပ္သားေစလႊတ္မႈကို အစိုးရအလုပ္အကိုင္ ေအဂ်င္စီ POEA မွစီစဥ္ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး သြားေရာက္လုပ္ကိုင္ၾကသည့္ အမ်ိဳးသားအမ်ားစုမွာအသက္ (၁၈) ႏွစ္မွ (၃၅) ႏွစ္ၾကားအ႐ြယ္မ်ားျဖစ္ေၾကာင္း သိရသည္။
အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္အသက္(၁၈) ႏွစ္မွ(၃၅) ႏွစ္အတြင္း အသက္ကန႔္သတ္ခ်က္ အက်ဳံးဝင္အမ်ိဳးသားမ်ားအား ျပည္ပထြက္အလုပ္လုပ္ခြင့္ ကန႔္သတ္ေၾကာင္းသာ ျပည္ပအလုပ္အကိုင္ ေအဂ်င္စီမ်ားသို႔ တရားဝင္အသိေပးအေၾကာင္းၾကားထားေၾကာင္း သိရသည္။

#စံေတာ္ခ်ိန္


ကိုရီးယားခွင့်ပြန်လုပ်သားများ အလုပ်သမားဝန်ကြီးဌာနမှ ကြေညာသည့် ထွက်ခွာခွင့်စာရင်းပါမှသာ ပြန်လည်ထွက်ခွာခွင့်ရမည်
=====================
ကိုရီးယားနိုင်ငံသို့ အလုပ်သွားလုပ်ပြီး ခွင့်ဖြင့် ပြန်လာသည့် မြန်မာအလုပ်သမားများအနေဖြင့်အလုပ်သမားဝန်ကြီးဌာနက ကြေညာပေးသည့်ထွက်ခွာခွင့် အမည်စာရင်းပါဝင်မှသာ ကိုရီးယားသို့ ပြန်လည်ထွက်ခွာခွင့် ရရှိမည်ဖြစ်ကြောင်း မေ ၇ ရက်က အစိုးရအလုပ်အကိုင်အေဂျင်စီ POEA မှ ကြေညာထားသည်။
ကိုရီးယားနိုင်ငံမှမြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်ရောက်လာပါက အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီထံသို့ မပျက်မကွက် သတင်းပေးပို့ရမည်ဖြစ်ပြီး ပြန်လည်ထွက်ခွာရမည့် နေ့ရက်အား Safe Migiation ၏ တယ်လီဂရမ်ချန်နယ်မှ ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုရီးယားသို့ မြန်မာလုပ်သားစေလွှတ်မှုကို အစိုးရအလုပ်အကိုင် အေဂျင်စီ POEA မှစီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပြီး သွားရောက်လုပ်ကိုင်ကြသည့် အမျိုးသားအများစုမှာအသက် (၁၈) နှစ်မှ (၃၅) နှစ်ကြားအရွယ်များဖြစ်ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့်အသက်(၁၈) နှစ်မှ(၃၅) နှစ်အတွင်း အသက်ကန့်သတ်ချက် အကျုံးဝင်အမျိုးသားများအား ပြည်ပထွက်အလုပ်လုပ်ခွင့် ကန့်သတ်ကြောင်းသာ ပြည်ပအလုပ်အကိုင် အေဂျင်စီများသို့ တရားဝင်အသိပေးအကြောင်းကြားထားကြောင်း သိရသည်။

#စံတော်ချိန်