ကဝၿမိဳ႕နယ္က ဒီေရေတာတစ္ခုကို ဒီေရေတာႀကိဳးျပင္ကာကြယ္ေတာအျဖစ္ သတ္မွတ္

၂၀၁၈ ခုႏွစ္က ျပ႒ာန္းထားတဲ့ သစ္ေတာဥပေဒပုဒ္မ ၆၊ ပုဒ္မခြဲ (င)အရ အပ္ႏွင္းထားတဲ့ လုပ္ပိုင္ခြင့္ေတြကို က်င့္သုံးၿပီး အမိန႔္ေၾကာ္ျငာစာအမွတ္ (၄၂/၂၀၂၅)အရ ၁၃၈၇ ခုႏွစ္၊ ကဆုန္လဆန္း(၄)ရက္ (၂၀၂၅ ခုႏွစ္၊ ဧၿပီလ ၃၀ ရက္)မွစၿပီး သတ္မွတ္တယ္လို႔ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနက ေၾကညာထားပါတယ္။

သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနဟာ ဒီေရေတာေဂဟစနစ္ ေရရွည္တည္တံ့ေစရန္၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား ေပါႂကြယ္ဝေစရန္၊ လႈိင္းဒဏ္/ ေလမုန္တိုင္းဒဏ္ ခံစားရ မႈမ်ားအား သဘာဝအစိမ္းေရာင္ တံတိုင္းႀကီးမ်ားသဖြယ္ ကာကြယ္ရန္၊ ကမ္း႐ိုးတန္းေဒသ ေရရွည္တည္တံ့ေစေရးကို အေထာက္အကူျပဳႏိုင္ရန္၊ ေဒသခံျပည္သူေတြအတြက္ ငါး၊ ပုစြန္၊ ကဏန္း စေသာ ေရသယံဇာတေတြ စဥ္ဆက္မျပတ္ ထုတ္ယူသုံးစြဲႏိုင္ရန္၊ ကုန္းတြင္းပိုင္းကို ဆားငံေရ ဝင္ေရာက္မႈေတြက တားဆီးကာကြယ္ႏိုင္ရန္နဲ႔ ဒီေရေတာေဂဟစနစ္ စီမံအုပ္ခ်ဳပ္မႈ ပိုမိုေကာင္းမြန္ လာေစရန္ ရည္႐ြယ္ၿပီး ဒီေရေတာႀကိဳးဝိုင္း/ ႀကိဳးျပင္ကာကြယ္ေတာေတြ ဖြဲ႕စည္းသတ္မွတ္တာျဖစ္တယ္လို႔ ဆိုပါတယ္။

ေအာင္နိမိတ္ ဒီေရေတာ ႀကိဳးျပင္ကာကြယ္ေတာ သတ္မွတ္ျခင္းေၾကာင့္ အဆိုပါဧရိယာအတြင္း ေပါက္ေရာက္လ်က္ေနတဲ့ ဒီေရေတာသစ္မ်ိဳးေတြျဖစ္တဲ့ သမဲ့၊ လမု၊ သေရာ၊ ကန႔္ပလာ၊ သခြတ္၊ ေရခရားသစ္မ်ိဳးေတြကို ထိန္းသိမ္းႏိုင္မယ့္အျပင္၊ ငါးမ်ိဳးစုံ၊ ပုစြန္မ်ိဳးစုံ၊ ခ႐ုမ်ိဳးစုံ၊ ကဏန္းမ်ိဳးစုံတို႔ ရွင္သန္ေပါက္ဖြားရာ ေဂဟစနစ္ ပိုမိုေကာင္းမြန္လာေစျခင္း၊ ဘုတ္၊ ဒင္ႀကီးငွက္၊ ဗ်ိဳင္း၊ ငွက္ၾကား၊ ခ႐ုစုပ္ငွက္၊ ဘီလုံးငွက္၊ စင္ေရာ္ငွက္ စတဲ့ ငွက္မ်ိဳးေတြရဲ႕ ေနရင္းေဒသကို ထိန္းသိမ္းႏိုင္မွာျဖစ္ျခင္း၊ ေဒသခံျပည္သူေတြရဲ႕ လူမႈစီးပြား ဖြံ႕ၿဖိဳးတိုးတက္မႈ အေထာက္အကူျပဳႏိုင္ျခင္း၊ ဒီေရေတာ ေတြဟာ အဏၰဝါေဂဟစနစ္ကို တည္ၿငိမ္မႈအတြက္ အေရးပါတဲ့ ေဂဟစနစ္ တစ္ခုျဖစ္ျခင္းနဲ႔ သဘာဝေဘးအႏၲရာယ္မွ ကာကြယ္ေပးႏိုင္ျခင္း စတဲ့ အက်ိဳးေက်းဇူးမ်ား ရရွိႏိုင္မွာျဖစ္တယ္လို႔ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

 


ကဝမြို့နယ်က ဒီရေတောတစ်ခုကို ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်
======================
၂၀၁၈ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င)အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီး အမိန့်ကြော်ငြာစာအမှတ် (၄၂/၂၀၂၅)အရ ၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း(၄)ရက် (၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်)မှစပြီး သတ်မှတ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဟာ ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်/ လေမုန်တိုင်းဒဏ် ခံစားရ မှုများအား သဘာဝအစိမ်းရောင် တံတိုင်းကြီးများသဖွယ် ကာကွယ်ရန်၊ ကမ်းရိုးတန်းဒေသ ရေရှည်တည်တံ့စေရေးကို အထောက်အကူပြုနိုင်ရန်၊ ဒေသခံပြည်သူတွေအတွက် ငါး၊ ပုစွန်၊ ကဏန်း စသော ရေသယံဇာတတွေ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်၊ ကုန်းတွင်းပိုင်းကို ဆားငံရေ ဝင်ရောက်မှုတွေက တားဆီးကာကွယ်နိုင်ရန်နဲ့ ဒီရေတောဂေဟစနစ် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန် လာစေရန် ရည်ရွယ်ပြီး ဒီရေတောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောတွေ ဖွဲ့စည်းသတ်မှတ်တာဖြစ်တယ်လို့ ဆိုပါတယ်။

အောင်နိမိတ် ဒီရေတော ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းကြောင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်နေတဲ့ ဒီရေတောသစ်မျိုးတွေဖြစ်တဲ့ သမဲ့၊ လမု၊ သရော၊ ကန့်ပလာ၊ သခွတ်၊ ရေခရားသစ်မျိုးတွေကို ထိန်းသိမ်းနိုင်မယ့်အပြင်၊ ငါးမျိုးစုံ၊ ပုစွန်မျိုးစုံ၊ ခရုမျိုးစုံ၊ ကဏန်းမျိုးစုံတို့ ရှင်သန်ပေါက်ဖွားရာ ဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်း၊ ဘုတ်၊ ဒင်ကြီးငှက်၊ ဗျိုင်း၊ ငှက်ကြား၊ ခရုစုပ်ငှက်၊ ဘီလုံးငှက်၊ စင်ရော်ငှက် စတဲ့ ငှက်မျိုးတွေရဲ့ နေရင်းဒေသကို ထိန်းသိမ်းနိုင်မှာဖြစ်ခြင်း၊ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုနိုင်ခြင်း၊ ဒီရေတော တွေဟာ အဏ္ဏဝါဂေဟစနစ်ကို တည်ငြိမ်မှုအတွက် အရေးပါတဲ့ ဂေဟစနစ် တစ်ခုဖြစ်ခြင်းနဲ့ သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။