လိုင်ချီးသီးနှင့် ဆီးချိုသွေးချိုရောဂါ
လိုင်ချီးသီးသည် သကြားဓာတ် ၁၅ ရာခိုင်နှုန်းကျော်ပါသည့် သစ်သီးဖြစ်ပြီး ချိုပြီးမွှေးသောအရသာရှိသောကြောင့် ယခင်ကတည်းက ဆီးချိုသွေးချို #လူနာများကို မကျွေးခိုင်းပါ။ သို့သော် ၂၀၁၅ နောက်ပိုင်းထွက်ပေါ်လာသည့် သုတေသနစာတမ်းများအရ #ဆီးချိုဝေဒနာသည်များသည် လိုင်ချီးသီးစားလျှင် ဆီးချိုမတက်သည့်အပြင် အကျိုးကျေးဇူးများစွာရရှိကြောင်း တွေ့ရပါသည်။ ယင်းတို့မှာ-
♦️ သွေးတွင်းဂလူးကို့စ်ဓာတ် ကျဆင်းအောင်ကူညီပေးခြင်း
လိုင်ချီးသီးတွင်ပါဝင်သော ဖိနောလစ်ဒြပ်ပေါင်းများကြောင့် ဖြစ်ပါသည်။ ထို့အပြင် ဟိုက်ပိုဂလိုက်စင်-အေကြောင့် အသည်းမှ ဂလူးကို့စ်များထပ်မထွက်လာအောင် ပြုလုပ်ပေးပါသည်။
♦️ ကြွက်သားများထဲသို့ ဂလူးကို့စ်များဝင်ရောက်နိုင်ရန်အားပေးခြင်း
လိုင်ချီးသီးတွင်ပါဝင်သော အော်လီဂိုနယ်များကြောင့် အင်ဆူလင်၏ လုပ်ငန်းဆောင်တာများကို ကောင်းစေပြီး ကြွက်သားများတွင် လှုံ့ဆော်သောကြောင့် ဂလူးကို့စ်များသည် ကြွက်သားထဲဝင်ပြီး အသုံးပြုနိုင်ပါသည်။ ထို့ကြောင့် ဆီးချိုကြောင့် ကြွက်သားများ အာဟာရပြတ်ပြီး သိမ်သွားခြင်းမှကာကွယ်ပေးပါသည်။
♦️ ဆီးချိုကြောင့်ဖြစ်သော ကျောက်ကပ်ပျက်စီးခြင်း (Diabetic nephropathy) ကို ကာကွယ်ပေးခြင်း
အော်လီဂိုနယ်များသည် ကျောက်ကပ်ဆဲလ်များမပျက်စီးအောင် ကာကွယ်ပေးပါသည်။
♦️ ဆီးချိုကြောင့် မျက်စိတိမ်စွဲရောဂါ (Diabetic cataract) ကို ကာကွယ်ပေးခြင်း
လိုင်ချီးသီးတွင်ပါဝင်သော Beta-galactopyranoside များသည် အဲလ်ဒို့စ် ရီဒက်ဒေ့စ် (Aldose reductase) အင်ဇိုင်းများကို ဟန့်တားပေးခြင်းဖြင့် မျက်စိတိမ်စွဲရောဂါကို ကာကွယ်ပေးပါသည်။
Dr.Khin Maung Lwin