မႏၲေလးၿမိဳ႕ေပၚေန ျပည္သူမ်ားအတြက္ စားေသာက္ကုန္မ်ား ေဈးကား ၂ စီးနဲ႔ လွည့္လည္ေရာင္းခ်ေပးေန
(ျပည္တြင္း) ေမ ၈
မႏၲေလးၿမိဳ႕ေနျပည္သူမ်ား ဆန္၊ ဆီ၊ အသား/ငါး အပါအဝင္ စားေသာက္ကုန္မ်ားကို သက္သာေသာ ႏႈန္းထားနဲ႔ ဝယ္ယူႏိုင္ေရး ေဈးေရာင္းကား ၂ စီးနဲ႔ လွည့္လည္ေရာင္း ခ်ေပးေနေနေၾကာင္း သိရပါတယ္။
အခုလိုေရာင္းခ်ေပးရာမွာ မႏၲေလးၿမိဳ႕ရွိ ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္အတြင္း လွည္လည္ေရာင္းခ်ေပးေနျခင္းျဖစ္ၿပီး မဟာေအာင္ေျမၿမိဳ႕နယ္၊ တကၠသိုလ္ရပ္ကြက္၊ (၇၃) လမ္း အေျခခံစားေသာက္ကုန္အေရာင္းဆိုင္ (၁) ၊ ျပည္ႀကီး တံခြန္ၿမိဳ႕နယ္၊ (စ)ရပ္ကြက္၊ ၁၂၆ လမ္း၊ (၅၈) လမ္းႏွင့္ ၅၈(A)လမ္းၾကားရွိ အေျခခံစားေသာက္ကုန္ အေရာင္းဆိုင္ (၂) တို႔ လွည့္လည္ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရပါတယ္။
အေျခခံစားေသာက္ကုန္ေဈးႏႈန္းမ်ားအေနျဖင့္ ဆန္ ၁ ျပည္ က်ပ္ ၄,၀၀၀ ၊ ဆီ ၁ ပိႆာ က်ပ္ ၈,၅၀၀၊ ဆား ၅၀ က်ပ္သား ၆၅၀ က်ပ္၊ င႐ုတ္သီးအ ၾကမ္းမႈန္႔ ၁၀ က်ပ္သား ၁,၅၀၀ က်ပ္၊ ကုလားပဲ ၂၅ က်ပ္သား ၁,၈၀၀ က်ပ္၊ ဝက္သား ၁ ပိႆာ ၂၆,၀၀၀ က်ပ္၊ အမဲ ၁ ပိႆာ ၂၅,၀၀၀ က်ပ္၊ ဆိတ္သား ၁ ပိႆာ ၂၈,၀၀၀ က်ပ္၊ ၾကက္သား ၁ ပိႆာ ၂၀,၀၀၀ က်ပ္၊ ငါးမ်ိဳးစုံ၊ ဟင္းသီးဟင္း႐ြက္မ်ိဳးစုံ၊ ၾကက္ဥတစ္လုံး ၄၀၀ က်ပ္ႏွင့္ ဘဲဥတစ္လုံး ၅၅၀ က်ပ္တို႔နဲ႔ အသီးသီးေရာင္းခ်ေပးေနေၾကာင္း သိရပါတယ္။
အဆိုပါ ေရာင္းခ်ေပးမႈအား မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ လမ္းၫြန္မႈျဖင့္ ေဈးႏွင့္ သားသတ္ဌာနက ႀကီးၾကပ္ကာ ေရာင္းခ်ေပးေနျခင္း ျဖစ္ပါတယ္။
မန္တလေးမြို့ပေါ်နေ ပြည်သူများအတွက် စားသောက်ကုန်များ ဈေးကား ၂ စီးနဲ့ လှည့်လည်ရောင်းချပေးနေ
====================
(ပြည်တွင်း) မေ ၈
မန္တလေးမြို့နေပြည်သူများ ဆန်၊ ဆီ၊ အသား/ငါး အပါအဝင် စားသောက်ကုန်များကို သက်သာသော နှုန်းထားနဲ့ ဝယ်ယူနိုင်ရေး ဈေးရောင်းကား ၂ စီးနဲ့ လှည့်လည်ရောင်း ချပေးနေနေကြောင်း သိရပါတယ်။
အခုလိုရောင်းချပေးရာမှာ မန္တလေးမြို့ရှိ မြို့နယ် ၆ မြို့နယ်အတွင်း လှည်လည်ရောင်းချပေးနေခြင်းဖြစ်ပြီး မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ (၇၃) လမ်း အခြေခံစားသောက်ကုန်အရောင်းဆိုင် (၁) ၊ ပြည်ကြီး တံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၆ လမ်း၊ (၅၈) လမ်းနှင့် ၅၈(A)လမ်းကြားရှိ အခြေခံစားသောက်ကုန် အရောင်းဆိုင် (၂) တို့ လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။
အခြေခံစားသောက်ကုန်ဈေးနှုန်းများအနေဖြင့် ဆန် ၁ ပြည် ကျပ် ၄,၀၀၀ ၊ ဆီ ၁ ပိဿာ ကျပ် ၈,၅၀၀၊ ဆား ၅၀ ကျပ်သား ၆၅၀ ကျပ်၊ ငရုတ်သီးအ ကြမ်းမှုန့် ၁၀ ကျပ်သား ၁,၅၀၀ ကျပ်၊ ကုလားပဲ ၂၅ ကျပ်သား ၁,၈၀၀ ကျပ်၊ ဝက်သား ၁ ပိဿာ ၂၆,၀၀၀ ကျပ်၊ အမဲ ၁ ပိဿာ ၂၅,၀၀၀ ကျပ်၊ ဆိတ်သား ၁ ပိဿာ ၂၈,၀၀၀ ကျပ်၊ ကြက်သား ၁ ပိဿာ ၂၀,၀၀၀ ကျပ်၊ ငါးမျိုးစုံ၊ ဟင်းသီးဟင်းရွက်မျိုးစုံ၊ ကြက်ဥတစ်လုံး ၄၀၀ ကျပ်နှင့် ဘဲဥတစ်လုံး ၅၅၀ ကျပ်တို့နဲ့ အသီးသီးရောင်းချပေးနေကြောင်း သိရပါတယ်။
အဆိုပါ ရောင်းချပေးမှုအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် ဈေးနှင့် သားသတ်ဌာနက ကြီးကြပ်ကာ ရောင်းချပေးနေခြင်း ဖြစ်ပါတယ်။