ျပည္ခိုင္ၿဖိဳးပါတီဒုတိယဥကၠ႒ဦးမ်ိဳးေဇာ္သိန္း ပဲခူးတိုင္းေဒသႀကီးပါတီတာဝန္ရွိသူမ်ားအား ေရွ႕လုပ္ငန္းစဥ္မ်ားလမ္းၫႊန္မွာၾကား

ပဲခူး ေမ ၅
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ဦးမ်ိဳးေဇာ္သိန္းသည္ ေမလ (၅)ရက္ေန႔တြင္ပဲခူးတိုင္းေဒသႀကီး ပါတီ႐ုံးသို႔ေရာက္ရွိကာ တိုင္းေဒသႀကီး ပါတီတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြး၍ ေရွ႕လုပ္ငန္းစဥ္မ်ားအားလမ္းၫြန္မွာၾကားခဲ့သည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ပါတီဒုတိယဥကၠ႒ဦးမ်ိဳးေဇာ္သိန္း ၊ ပဲခူးတိုင္းေဒသႀကီးပါတီဥကၠ႒ဦးရဲျမင့္ထြန္းႏွင့္ တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ား တက္ေရာက္ေဆြးေႏြးခဲ့ၿပီး ေရွးဦးစြာ ပါတီဒုတိယဥကၠ႒မွ ၫြန္ၾကားထားေသာ လုပ္ငန္းမ်ားအား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ၿပီးစီးမႈ ၊ ေရးရာက႑မ်ား၏ လတ္တေလာေဆာင္႐ြက္ေနမႈ ၊ တိုင္း၊ခ႐ိုင္၊ ၿမိဳ႕နယ္၊ရပ္ကြက္/ ေက်း႐ြာအုပ္စုမ်ားရွိ
ပါတီအဆင့္ဆင့္မ်ားႏွင့္ေတြ႕ဆုံ စည္း႐ုံးထိေတြ႕ေနမႈ ၊ ေရွ႕ဆက္ေဆာင္႐ြက္ရမည့္လုပ္ငန္းမ်ားအား အေသးစိတ္ အက်ယ္တစ္ဝင့္ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။

၎ေနာက္တိုင္းေဒသႀကီးပါတီဥကၠ႒ဦးရဲျမင့္ထြန္းႏွင့္ တိုင္းပါတီေကာ္မတီဝင္မ်ားမွ
တိုင္း၊ခ႐ိုင္၊ၿမိဳနယ္၊​ရပ္ကြက္/ေက်း႐ြာအုပ္စုမ်ား၏ ေဆာင္႐ြက္ ေဖာ္ေဆာင္ေနေသာ လုပ္ငန္းစဥ္မ်ား ၊ ေရးရာက႑အလိုက္ ေျမျပင္ကြင္းဆင္းထိေတြ႕ေနမႈမ်ား ၊ နယ္ေျမကြင္းဆင္းရာတြင္ ျပည္သူမ်ားမွတင္ျပ အႀကံျပဳလာမႈမ်ား ၊ စည္းလုံး ညီၫြတ္ က်စ္လစ္ ခိုင္မာစြာ စုဖြဲ႕ထားႏိုင္မႈအေျခအေနမ်ားအား အသီးသီးသီးတင္ျပခဲ့ၿပီး တင္ျပခ်က္မ်ားအေပၚ ညႇိႏွိင္း ေဆြးေႏြး တိုင္ပင္၍ ေရွ႕လုပ္ငန္းစဥ္မ်ားအား ခ်မွတ္ခဲ့သည္။


ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိန်း ပဲခူးတိုင်းဒေသကြီးပါတီတာဝန်ရှိသူများအား ရှေ့လုပ်ငန်းစဥ်များလမ်းညွှန်မှာကြား
===========================
ပဲခူး မေ ၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိန်းသည် မေလ (၅)ရက်နေ့တွင်ပဲခူးတိုင်းဒေသကြီး ပါတီရုံးသို့ရောက်ရှိကာ တိုင်းဒေသကြီး ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး၍ ရှေ့လုပ်ငန်းစဥ်များအားလမ်းညွန်မှာကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပါတီဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိန်း ၊ ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးရဲမြင့်ထွန်းနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ပြီး ရှေးဦးစွာ ပါတီဒုတိယဥက္ကဋ္ဌမှ ညွန်ကြားထားသော လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု ၊ ရေးရာကဏ္ဍများ၏ လတ်တလောဆောင်ရွက်နေမှု ၊ တိုင်း၊ခရိုင်၊ မြို့နယ်၊ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ
ပါတီအဆင့်ဆင့်များနှင့်တွေ့ဆုံ စည်းရုံးထိတွေ့နေမှု ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား အသေးစိတ် အကျယ်တစ်ဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

၎င်းနောက်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးရဲမြင့်ထွန်းနှင့် တိုင်းပါတီကော်မတီဝင်များမှ
တိုင်း၊ခရိုင်၊မြိုနယ်၊​ရပ်ကွက်/ကျေးရွာအုပ်စုများ၏ ဆောင်ရွက် ဖော်ဆောင်နေသော လုပ်ငန်းစဥ်များ ၊ ရေးရာကဏ္ဍအလိုက် မြေပြင်ကွင်းဆင်းထိတွေ့နေမှုများ ၊ နယ်မြေကွင်းဆင်းရာတွင် ပြည်သူများမှတင်ပြ အကြံပြုလာမှုများ ၊ စည်းလုံး ညီညွတ် ကျစ်လစ် ခိုင်မာစွာ စုဖွဲ့ထားနိုင်မှုအခြေအနေများအား အသီးသီးသီးတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် ညှိနှိင်း ဆွေးနွေး တိုင်ပင်၍ ရှေ့လုပ်ငန်းစဥ်များအား ချမှတ်ခဲ့သည်။