တတိယအႀကိမ္ေျမာက္ ဘုန္းေတာ္ႀကီးေက်ာင္းဝန္းအတြင္းမွ အုတ္က်ိဳးအုတ္ပဲ့ အပ်က္အစီးအပိုင္းအစမ်ားအား ရွင္းလင္းေရးေဆာင္႐ြက္

ေနျပည္ေတာ္ ေမ ၆

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ လူငယ္ေရးရာတာဝန္ခံေဒၚသိဂႌဝင္းေ႐ႊ၊
ဗဟိုေကာ္မတီဝင္ဦးရဲထြဋ္ေအာင္၊ဌာနမႉး ဦးလွသြင္ေသာင္း၊ဌာနခ်ဳပ္ဦးစီး႐ုံးအဖြဲဝင္ လူငယ္ႏွင့္အမ်ိဳးသမီးမ်ားသည္ ယေန႔ေမ(၆)ရက္တြင္ ငလ်င္ဒဏ္ေၾကာင့္ ၿပိဳက်ပ်က္စီးခဲ့ေသာ ေနျပည္ေတာ္၊ဇဗၺဴသီရိၿမိဳနယ္၊ ေဇယ်သိဒၶိရပ္ကြက္၊ သေျပေအးဘုန္းေတာ္ႀကီးေက်ာင္းအုတ္တံတိုင္းႏွင့္ေက်ာင္းေဆာင္အပ်က္အစီးအပိုင္းအစမ်ားအား တတိယအႀကိမ္ေျမာက္ရွင္းလင္းေရးလုပ္အားဒါနကုသိုလ္ျပဳေဆာင္႐ြက္ခဲ့ၾကပါသည္။


တတိယအကြိမ်မြောက် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှ အုတ်ကျိုးအုတ်ပဲ့ အပျက်အစီးအပိုင်းအစများအား ရှင်းလင်းရေးဆောင်ရွက်
=================================
နေပြည်တော် မေ ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာတာဝန်ခံဒေါ်သိင်္ဂီဝင်းရွှေ၊
ဗဟိုကော်မတီဝင်ဦးရဲထွဋ်အောင်၊ဌာနမှူး ဦးလှသွင်သောင်း၊ဌာနချုပ်ဦးစီးရုံးအဖွဲဝင် လူငယ်နှင့်အမျိုးသမီးများသည် ယနေ့မေ(၆)ရက်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော နေပြည်တော်၊ဇဗ္ဗူသီရိမြိုနယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ သပြေအေးဘုန်းတော်ကြီးကျောင်းအုတ်တံတိုင်းနှင့်ကျောင်းဆောင်အပျက်အစီးအပိုင်းအစများအား တတိယအကြိမ်မြောက်ရှင်းလင်းရေးလုပ်အားဒါနကုသိုလ်ပြုဆောင်ရွက်ခဲ့ကြပါသည်။