





မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် MMQR စနစ်နဲ့ ငွေပေးချေနိုင်
======================
မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် Online ငွေပေးချေမှုအား KBZ Pay စနစ်, MPU ကတ် စနစ်နှင့် AYA Pay စနစ်များအပြင် MMQR စနစ်နဲ့ပါ ငွေပေးချေနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးအဖွဲမှ ထုတ်ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ် မေလ ၂ ရက်မှစတင်၍ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် ငွေပေးချေမှု National QR Standard ဖြစ်သည့် MMQR စနစ်ကိုအသုံးပြုလိုရပြီဖြစ်ကြောင်း သိရပါတယ်။

MMQR စနစ်နှင့် နည်းပညာချိတ်ဆက်မှုအသင့်ဖြစ်သည့် မိုဘိုင်းဘဏ်လုပ်ငန်းစနစ်များ၊ Mobile Wallet ဆောင်ရွက်သော ဘဏ်များနှင့် ငွေပေးချေမှုအဖွဲ့အစည်း တိုင်း၏ MM QR စနစ်အသီးသီးတို့နဲ့ မိမိတို့၏ မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် ငွေပေးချေနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။

ဒါ့အပြင် သဘာဝဘေးအန္တရာယ်ကြောင့် ခေတ္တရပ်ဆိုင်းခဲ့သည့် Online Appointment System ဖြင့် နိုင်ငံကူး လက်မှတ်လျှောက်ထားမှုကိုလည်း မေလ ၁ ရက်မှ စ၍ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရပါတယ်။