ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ “ယာယီပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးမွသည္ ထာဝရၿငိမ္းခ်မ္းေရးဆီသို႔” စကားဝိုင္းေဆြးေႏြးပြဲသို႔တက္ေရာက္
ဧၿပီ ၂၉၊ ရန္ကုန္
ႏိုင္ငံေရးပါတီအသီးသီးမွ တာဝန္ရွိသူမ်ားပါဝင္သည့္ “ယာယီပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးမွသည္ ထာဝရၿငိမ္းခ်မ္းေရးဆီသို႔” စကားဝိုင္းေဆြးေႏြးပြဲတစ္ခုကို ၂၀၂၅ ခုႏွစ္၊ ဧၿပီလ (၂၉)ရက္ေန႔ ေန႔လည္ (၁) နာရီအခ်ိန္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ပုဇြန္ေတာင္ၿမိဳ႕နယ္ရွိ Orchid Hotel ၌ က်င္းပျပဳလုပ္ခဲ့သည္။
ေဆြးေႏြးပြဲကို ေသနဂၤဗ်ဴဟာအဖြဲ႕မွ ဦးသိန္းထြန္းဦးက Moderator ျပဳလုပ္ၿပီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ဗဟိုအလုပ္အမႈေဆာင္ ဦးလွသိန္း၊ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီမွ ဒုတိယဥကၠ႒ ဦးသိန္းထြန္း၊ အမ်ိဳးသားႏိုင္ငံေရးမဟာမိတ္မ်ားအဖြဲ႕ခ်ဳပ္ပါတီ အေထြေထြအတြင္းေရးမႉး ဦးေက်ာ္သူေအာင္၊ ျပည္ေထာင္စုျမန္မာႏိုင္ငံအမ်ိဳးသားႏိုင္ငံေရးအဖြဲ႕ခ်ဳပ္ပါတီ ဥကၠ႒ ဦးေအးလြင္တို႔မွ ဦးေဆာင္ေဆြးေႏြးခဲ့ပါသည္။
ထို႔ေနာက္ ေဆြးေႏြးပြဲသို႔ တက္ေရာက္လာသူမ်ားမွ ေဆြးေႏြးခ်က္မ်ား၊ ထာဝရၿငိမ္းခ်မ္းေရး ရရွိရန္ ေဆာင္႐ြက္ခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ သိရွိလိုသည္မ်ားအား ေမးခြန္းမ်ားေမးျမန္းၾကရာ ဦးေဆာင္ေဆြးေႏြးသူမ်ားမွ ျပန္လည္ေျဖၾကားခဲ့ၿပီး ညေန (၄)နာရီအခ်ိန္တြင္ စကားဝိုင္းေဆြးေႏြးပြဲ ေအာင္ျမင္စြာ ၿပီးေျမာက္ခဲ့ပါသည္။
အဆိုပါေဆြေႏြးပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ဥကၠ႒ ဦးခင္ရီ၊ ဗဟိုအတြင္းေရးမႉး၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠ႒ ဦးခင္ေမာင္စိုးႏွင့္ ပါတီတာဝန္ရွိသူမ်ား၊ ႏိုင္ငံေရးပါတီအသီးသီးမွ ဥကၠ႒မ်ား၊ အတြင္းေရးမႉးမ်ား၊ အလုပ္အမႈေဆာင္မ်ား၊ ႏိုင္ငံေရးေလ့လာသုံးသပ္သူမ်ား၊ သတင္းမီဒီယာမ်ား၊ အႏုပညာအသိုင္းအဝန္းမွ ပုဂၢိဳလ္မ်ား၊ ၿငိမ္းခ်မ္းေရးလိုလားသူ မိဘျပည္သူမ်ား စုစုေပါင္းအင္အား (၁၄၀)ဦးေက်ာ္ တက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ “ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့” စကားဝိုင်းဆွေးနွေးပွဲသို့တက်ရောက်
===============================
ဧပြီ ၂၉၊ ရန်ကုန်
နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများပါဝင်သည့် “ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့” စကားဝိုင်းဆွေးနွေးပွဲတစ်ခုကို ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့ နေ့လည် (၁) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ Orchid Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲကို သေနင်္ဂဗျူဟာအဖွဲ့မှ ဦးသိန်းထွန်းဦးက Moderator ပြုလုပ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်သူအောင်၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်တို့မှ ဦးဆောင်ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ ဆွေးနွေးချက်များ၊ ထာဝရငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များအား မေးခွန်းများမေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး ညနေ (၄)နာရီအချိန်တွင် စကားဝိုင်းဆွေးနွေးပွဲ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
အဆိုပါဆွေနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ပါတီတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီအသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများ၊ သတင်းမီဒီယာများ၊ အနုပညာအသိုင်းအဝန်းမှ ပုဂ္ဂိုလ်များ၊ ငြိမ်းချမ်းရေးလိုလားသူ မိဘပြည်သူများ စုစုပေါင်းအင်အား (၁၄၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။