ျပည္ခိုင္ၿဖိဳးပါတီဗဟိုအလုပ္အမႈေဆာင္ ဦးလွသိန္း ေဝါၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ
ေဝါ ဧၿပီ ၃၀
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ဦးလွသိန္းသည္
တိုင္းပါတီအတြင္းေရးမႉးဦးေအာင္ႏိုင္လိုက္ပါလွ်က္ ဧၿပီလ(၃၀) ရက္ေန႔ နံနက္ပိုင္းက ပဲခူးတိုင္းေဒသႀကီး ပဲခူးခ႐ိုင္ ေဝါၿမိဳ႕နယ္ရွိ ပါတီတာဝန္ရွိသူမ်ားအား နယ္ေျမကြင္းဆင္းသြားေရာက္ ေတြ႕ဆုံခဲ့ပါသည္ ။
ေတြ႕ဆုံခဲ့ရာတြင္ ဗဟိုအလုပ္အမႈေဆာင္ဦးလွသိန္းမွ ပါတီဗဟိုမွေဖာ္ေဆာင္ေနေသာ မူဝါဒသေဘာထားမ်ား ၊ တိုင္း ၊ ခ႐ိုင္ ၊ ၿမိဳ႕နယ္မ်ားအလိုက္ လႈပ္ရွားေဆာင္႐ြက္ေနေသာလုပ္ငန္းစဥ္မ်ား ၊ ငလ်င္ေဘးအႏၲရာယ္က်ေရာက္ခဲ့စဥ္ ငလ်င္ဒဏ္သင့္ခဲ့ရေသာ ျပည္သူမ်ားအား ပါတီမွအေရးေပၚ ကူညီကယ္ဆယ္ အားေပး ေထာက္ပံ့လႉဒါန္းႏိုင္ခဲ့မႈမ်ား ၊ ပါတီအဆင့္ဆင့္မွ ႀကိဳတင္စီမံေဆာင္႐ြက္ထားရမည့္ လုပ္ငန္းကိစၥရပ္မ်ားအား အေသးစိတ္ ခ်ျပရွင္းလင္းလုပ္ငန္းလမ္းၫြန္ခဲ့ၿပီး တက္ေရာက္လာၾကေသာ ၿမိဳ႕နယ္ ၊ ရပ္ကြက္/ေက်း႐ြာအုပ္စု ပါတီအဆင့္ဆင့္တာဝန္ရွိသူမ်ားမွ ၿမိဳ႕နယ္အတြင္းပါတီ၏ ပကတိအေျခအေနမ်ားအား နယ္ပယ္ က႑အလိုက္တင္ျပခဲ့ၿပီး တင္ျပေဆြးေႏြး အႀကံျပဳခ်က္မ်ားအေပၚ သုံးသပ္ေဆြးေႏြးခဲ့ၾကၿပီး ေရွ႕လုပ္ငန္းစဥ္မ်ားခ်မွတ္ကာ အခမ္းအနားကို ႐ုပ္သိမ္းခဲ့သည္။
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း ဝေါမြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ
=========================
ဝေါ ဧပြီ ၃၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းသည်
တိုင်းပါတီအတွင်းရေးမှူးဦးအောင်နိုင်လိုက်ပါလျှက် ဧပြီလ(၃၀) ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ်ရှိ ပါတီတာဝန်ရှိသူများအား နယ်မြေကွင်းဆင်းသွားရောက် တွေ့ဆုံခဲ့ပါသည် ။
တွေ့ဆုံခဲ့ရာတွင် ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းမှ ပါတီဗဟိုမှဖော်ဆောင်နေသော မူဝါဒသဘောထားများ ၊ တိုင်း ၊ ခရိုင် ၊ မြို့နယ်များအလိုက် လှုပ်ရှားဆောင်ရွက်နေသောလုပ်ငန်းစဥ်များ ၊ ငလျင်ဘေးအန္တရာယ်ကျရောက်ခဲ့စဥ် ငလျင်ဒဏ်သင့်ခဲ့ရသော ပြည်သူများအား ပါတီမှအရေးပေါ် ကူညီကယ်ဆယ် အားပေး ထောက်ပံ့လှူဒါန်းနိုင်ခဲ့မှုများ ၊ ပါတီအဆင့်ဆင့်မှ ကြိုတင်စီမံဆောင်ရွက်ထားရမည့် လုပ်ငန်းကိစ္စရပ်များအား အသေးစိတ် ချပြရှင်းလင်းလုပ်ငန်းလမ်းညွန်ခဲ့ပြီး တက်ရောက်လာကြသော မြို့နယ် ၊ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီအဆင့်ဆင့်တာဝန်ရှိသူများမှ မြို့နယ်အတွင်းပါတီ၏ ပကတိအခြေအနေများအား နယ်ပယ် ကဏ္ဍအလိုက်တင်ပြခဲ့ပြီး တင်ပြဆွေးနွေး အကြံပြုချက်များအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဥ်များချမှတ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။