
စစ်ကိုင်း မေ ၁


နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်များလှူဒါန်းခြင်းနှင့် အုတ်ကျိုးအုတ်ပဲ့များရှင်းလင်းခြင်းဆောင်ရွက်
==============================
စစ်ကိုင်း မေ ၁
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့်နှင့် ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပါတီ ဥက္ကဌ ဦးမင်းမင်းဇေယျာမြင့်တို့သည် ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌများနှင့်အတူ ငလျင်ဘေးဒဏ်ခံခဲ့ရသည့် စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးနှင့် မင်းဝံတောင်ရိုးကြားရှိ သီတဂူအာယုဒါနဆေးရုံတော်အုတ်ဝင်းထရံများးပြိုလဲနေမှုကို အုတ်ကျိုးအပဲ့များရှင်းလင်း၍ ပြန်လည်အသုံးပြုနိုင်မည့်အုတ်များကိုရွေးချယ်စုစီဆောင်ရွက်ခဲ့ပါသည်။
၎င်းနောက်ဘေသဇ္ဇကျောင်းတိုက်နှင့် တိုက်ဝါကြီးကျောင်းတိုက်များသို့သွားရောက်၍ ပဓာနနာယကဆရာတော်များထံဖူး​မြှော်ကြည်ညိုပြီး ဘေသဇ္ဇကျောင်းသံဃာတော် (၁၄)ပါးအား
ဦးတင့်လှိုင်မြင့်မိသားစုမှနေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ပါသည်။
ထိုမှတစ်ဆင့် ရွေကျင်ကျောင်းတိုက်ဆရာတော်နှင့် ရွှေဟင်္သာတိုက်သစ်၊အုပ်ချုပ်မှုဆရာတော်တို့အား သွားရောက်ဖူးမြော်ကြည်ညို၍လှူဖွယ်များဆက်ကပ်လှူဒါန်းခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ငလျင်ဒဏ်သင့် မြို့နယ်ပါတီကော်မတီဝင်များ၏ နေအိမ်များသို့သွားရောက်၍ ဆန်နှင့်စားသောက်ဖွယ်ရာများအားလည်းကောင်း၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက်အချိုရည်များအားလည်းကောင်း လှူဒါန်းခဲ့ပါသည်။