အိႏၵိယႏိုင္ငံအတြင္းေနထိုင္သည့္ ပါကစၥတန္ႏိုင္ငံသားမ်ား နယ္စပ္ေပါက္မ်ားဆီသို႔ ဦးတည္ထြက္ခြာ
အိႏၵိယႏိုင္ငံ ဂ်မူးႏွင့္ ကတ္ရွ္မီးယားေဒ၌ ဧၿပီလ ၂၂ ရက္တြင္ျဖစ္ပြားခဲ့ေသာ အၾကမ္းဖက္တိုက္ခိုက္ မႈတစ္ရပ္ေၾကာင့္ အိႏၵိယႏွင့္ ပါကစၥတန္တို႔ၾကား တင္းမာမႈျမင့္တက္လာ ခ်ိန္တြင္ အိႏၵိယႏိုင္ငံအတြင္း ေနထိုင္သည့္ ပါကစၥတန္ႏိုင္ငံသားမ်ားသည္ နယ္စပ္ေပါက္မ်ားဆီသို႔ ဦးတည္ထြက္ခြာေနေၾကာင္း ယေန႔သတင္းမ်ားတြင္ ေဖာ္ျပထားသည္။
ဧၿပီလ ၂၂ ရက္က အၾကမ္းဖက္တိုက္ခိုက္မႈ ျဖစ္ပြားခဲ့ၿပီးေနာက္ အိႏၵိယႏိုင္ငံအတြင္းေရာက္ရွိေနသည့္ ပါကစၥတန္ႏိုင္ငံသားအားလုံး ျပန္လည္ထြက္ခြာရန္ အိႏၵိယအစိုးရက ၫႊန္ၾကားထားသည္။
ပါကစၥတန္ႏိုင္ငံသားမ်ားအေနျဖင့္ ဧၿပီလ ၂၇ ရက္ေနာက္ဆုံးထား၍ အိႏၵိယႏိုင္ငံမွထြက္ခြာေပးရမည္ ျဖစ္ေသာ္လည္း ပါကစၥတန္ႏိုင္ငံသားအမ်ားအျပားမွာ နယ္စပ္ ဝင္ေပါက္မ်ားဆီသို႔ ဆက္လက္ထြက္ခြာေနၾကဆဲ ျဖစ္သည္။
အဆိုပါ ပါကစၥတန္ႏိုင္ငံသားမ်ားသည္ အိႏၵိယႏိုင္ငံေျမာက္ပိုင္း ပန္ဂ်ပ္ျပည္နယ္၊ အက္တာရီၿမိဳ႕ နယ္စပ္မွ တစ္ဆင့္ ပါကစၥတန္ႏိုင္ငံဘက္ျခမ္းသို႔ ျပန္လည္ဝင္ေရာက္ ၾကမည္ျဖစ္သည္။
ဂ်မူးႏွင့္ ကတ္ရွ္မီးယားေဒသ ပါဟယ္ဂမ္ၿမိဳ႕အနီး ဧၿပီလ ၂၂ ရက္က ျဖစ္ပြားခဲ့ေသာ တိုက္ခိုက္မႈအတြင္း စစ္ေသြးႂကြမ်ားအျဖစ္ ယူဆရသူမ်ား၏ လက္ခ်က္ေၾကာင့္ အမ်ိဳးသား ၂၆ ဦးေသဆုံး၍ ၁၇ ဦး ဒဏ္ရာမ်ားရရွိခဲ့သည္။
၎အၾကမ္းဖက္တိုက္ခိုက္မႈတြင္ ပါကစၥတန္အၾကမ္းဖက္သမားမ်ားပါဝင္ေနေၾကာင္း အိႏၵိယအစိုးရက ေၾကညာထားၿပီး ပါကစၥတန္ႏိုင္ငံအေပၚ သံတမန္ေရးအရ အေရးယူမႈမ်ားျပဳလုပ္ခဲ့ရာ ႏွစ္ႏိုင္ငံဆက္ဆံေရး ဆိုး႐ြားစြာ တင္းမာခဲ့ေၾကာင္းသိရသည္။
အိန္ဒိယနိုင်ငံအတွင်းနေထိုင်သည့် ပါကစ္စတန်နိုင်ငံသားများ နယ်စပ်ပေါက်များဆီသို့ ဦးတည်ထွက်ခွာ
=====================
အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကတ်ရှ်မီးယားဒေ၌ ဧပြီလ ၂၂ ရက်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက် မှုတစ်ရပ်ကြောင့် အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား တင်းမာမှုမြင့်တက်လာ ချိန်တွင် အိန္ဒိယနိုင်ငံအတွင်း နေထိုင်သည့် ပါကစ္စတန်နိုင်ငံသားများသည် နယ်စပ်ပေါက်များဆီသို့ ဦးတည်ထွက်ခွာနေကြောင်း ယနေ့သတင်းများတွင် ဖော်ပြထားသည်။
ဧပြီလ ၂၂ ရက်က အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနိုင်ငံအတွင်းရောက်ရှိနေသည့် ပါကစ္စတန်နိုင်ငံသားအားလုံး ပြန်လည်ထွက်ခွာရန် အိန္ဒိယအစိုးရက ညွှန်ကြားထားသည်။
ပါကစ္စတန်နိုင်ငံသားများအနေဖြင့် ဧပြီလ ၂၇ ရက်နောက်ဆုံးထား၍ အိန္ဒိယနိုင်ငံမှထွက်ခွာပေးရမည် ဖြစ်သော်လည်း ပါကစ္စတန်နိုင်ငံသားအများအပြားမှာ နယ်စပ် ဝင်ပေါက်များဆီသို့ ဆက်လက်ထွက်ခွာနေကြဆဲ ဖြစ်သည်။
အဆိုပါ ပါကစ္စတန်နိုင်ငံသားများသည် အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်၊ အက်တာရီမြို့ နယ်စပ်မှ တစ်ဆင့် ပါကစ္စတန်နိုင်ငံဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက် ကြမည်ဖြစ်သည်။
ဂျမူးနှင့် ကတ်ရှ်မီးယားဒေသ ပါဟယ်ဂမ်မြို့အနီး ဧပြီလ ၂၂ ရက်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအတွင်း စစ်သွေးကြွများအဖြစ် ယူဆရသူများ၏ လက်ချက်ကြောင့် အမျိုးသား ၂၆ ဦးသေဆုံး၍ ၁၇ ဦး ဒဏ်ရာများရရှိခဲ့သည်။
၎င်းအကြမ်းဖက်တိုက်ခိုက်မှုတွင် ပါကစ္စတန်အကြမ်းဖက်သမားများပါဝင်နေကြောင်း အိန္ဒိယအစိုးရက ကြေညာထားပြီး ပါကစ္စတန်နိုင်ငံအပေါ် သံတမန်ရေးအရ အရေးယူမှုများပြုလုပ်ခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားစွာ တင်းမာခဲ့ကြောင်းသိရသည်။