
 

နေပြည်တော် ဧပြီ ၃၀


ဒုတိယအ​ကြိမ်မြောက် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှအုတ်ကျိုးအုတ်ပဲ့ အပျက်အစီး အပိုင်းအစများအား ရှင်းလင်းရေးဆောင်ရွက်
=================================
နေပြည်တော် ဧပြီ ၃၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဒေါက်တာစန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင် များဖြစ်ကြသည့်ဒေါက်တာ အောင်မြတ်ဦး၊ဒေါ်ခင်ရွှေမြင့်၊ဒေါ်သိင်္ဂီဝင်းရွှေ၊
ဌာနမှူးဦးလှသွင်သောင်း၊ဌာနချုပ်ဦးစီးရုံးအဖွဲ့ဝင် လူငယ်နှင့်အမျိုးသမီးများသည်
ယနေ့ဧပြီ (၃၀)ရက်တွင်ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သောနေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ်၊
ဇေယျသိဒ္ဓိရပ်ကွက်၊သ​ပြေအေးဘုန်းတော်ကြီးကျောင်းအုတ်တံတိုင်းနှင့်ကျောင်းဆောင်အပျက်အစီးအပိုင်းအစများအား ဒုတိယအကြိမ်မြောက် ရှင်းလင်းရေးလုပ်အားဒါနကုသိုလ်ပြုဆောင်ရွက်ခဲ့ကြပါသည်။
၎င်းနောက် ကျောင်းအတွင်းသီတင်းသုံးနေထိုင်ကြသော သံဃာတော်များ ဆွမ်းအခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော် (၄)အိတ် လှူဒါန်းခဲ့ပါသည်။