တကၠသိုလ္ဝင္စာေမးပြဲ ျပန္လည္ေျဖဆိုရမည့္ ေက်ာင္းသား/ေက်ာင္းသူမ်ားအား ဆရာ/ဆရာမ ၁,၀၀၀ ေက်ာ္ျဖင့္ ဘာသာရပ္အလိုက္သင္ၾကားေပးမည္

ေနျပည္ေတာ္ရွိ ပညာေရးဝန္ႀကီးဌာန ႐ုံးအမွတ္(၁၃)ရွိ အစည္းအေဝးခန္းမ၌ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ၫြန႔္ေဖ ႏွင့္ တကၠသိုလ္ဝင္စာေမးပြဲ ျပန္လည္ေျဖဆိုမည့္ ေက်ာင္းသား/ေက်ာင္းသူမ်ားအား ဘာသာရပ္အလိုက္ သင္ၾကားေပးမည့္ တကၠသိုလ္၊ ဒီဂရီေကာလိပ္မ်ားမွ ဆရာ/ဆရာမမ်ား ေတြ႕ဆုံပြဲအခမ္းအနားကို ဧၿပီလ ၃၀ ရက္နံနက္ပိုင္းက ျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။

အခမ္းအနားသို႔ ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးမ်ားျဖစ္ေသာ ေဒါက္တာ ေဇာ္ျမင့္ ႏွင့္ ဦးေနမ်ိဳးလႈိင္၊ ဌာန ဆိုင္ရာတာဝန္ရွိသူမ်ား၊ ပါေမာကၡခ်ဳပ္မ်ား၊ ေနျပည္ေတာ္ေကာင္စီပညာေရးမႉးႏွင့္ တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ၿပီး တကၠသိုလ္၊ ဒီဂရီေကာလိပ္မ်ားမွ ပါေမာကၡခ်ဳပ္မ်ား၊ ေက်ာင္းအုပ္ႀကီးမ်ား၊ ဒုတိယပါေမာကၡခ်ဳပ္မ်ား၊ ပါေမာကၡမ်ား၊ တကၠသိုလ္၊ ဒီဂရီေကာလိပ္မ်ားမွ သင္ၾကားေရးတာဝန္မ်ားေဆာင္႐ြက္မည့္ ဆရာ/ဆရာမမ်ား၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ပညာေရးမႉးမ်ားက အြန္လိုင္းျဖင့္ တက္ေရာက္ခဲ့ပါတယ္။

ျပည္ေထာင္စုဝန္ႀကီးက တကၠသိုလ္ဝင္စာေမးပြဲ ျပန္လည္ေျဖဆိုမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို သတ္မွတ္ထားေသာေက်ာင္းမ်ား၌ ေမလ ၂ ရက္တြင္ စတင္သင္ၾကားေပးရန္ စာရင္းေပး ထားသည့္ တကၠသိုလ္၊ ဒီဂရီ ေကာလိပ္မ်ားမွ ဆရာ/ဆရာမ ၁,၀၇၆ ဦးရွိေၾကာင္း၊ ေလဆိပ္ႏွင့္ ကားဂိတ္တို႔တြင္ တာဝန္ရွိသူမ်ားက ႀကိဳဆိုေနၾကမည္ျဖစ္ေၾကာင္း၊ သဘာဝေဘးဒဏ္ခံစား ရသည့္ေဒသမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို စာေမးပြဲေကာင္းမြန္စြာေျဖဆိုႏိုင္ရန္အတြက္ လာေရာက္ကူညီေပးျခင္းျဖစ္သည့္အတြက္ ဆရာ/ဆရာမမ်ား၏ ေနထိုင္၊ စားေသာက္၊ သြားလာေရးအဆင္ေျပေစရန္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ပညာေရးမႉးမ်ားႏွင့္ ပညာေရးမႉး႐ုံး အသီးသီးရွိ ဝန္ထမ္းမ်ားက ဝိုင္းဝန္းေစာင့္ေရွာက္ ကူညီေပးၾကရမည္ျဖစ္ေၾကာင္း၊ စာေမးပြဲ ျပန္လည္ေျဖဆိုမည့္ ေက်ာင္းသား/ေက်ာင္းသူမ်ားကို သြားေရာက္သင္ၾကားေပးျခင္းသည္ ပညာဒါနေျမာက္သည္ျဖစ္၍ ေက်ာင္းသား/ေက်ာင္းသူမ်ားကို သင္ခန္းစာ၊ ေမးခြန္းပုံစံမ်ားကို ေသခ်ာစြာနားလည္သေဘာ ေပါက္ႏိုင္ေစရန္ ေစတနာအျပည့္ျဖင့္ သင္ၾကားေပးေစလိုေၾကာင္း၊ သမိုင္းမွတ္တိုင္စိုက္ထူႏိုင္မည့္ စာသင္ၾကားေပးသည့္အစီအစဥ္တြင္ ပါဝင္ၾကမည့္ ဆရာ/ဆရာမ်ား အားလုံးကို ေက်းဇူးတင္ဂုဏ္ျပဳပါေၾကာင္း ေျပာၾကားခဲ့ပါတယ္။


တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ကျောင်းသား/ကျောင်းသူများအား ဆရာ/ဆရာမ ၁,၀၀၀ ကျော်ဖြင့် ဘာသာရပ်အလိုက်သင်ကြားပေးမည်
==================
နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ နှင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ဘာသာရပ်အလိုက် သင်ကြားပေးမည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများ တွေ့ဆုံပွဲအခမ်းအနားကို ဧပြီလ ၃၀ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်သော ဒေါက်တာ ဇော်မြင့် နှင့် ဦးနေမျိုးလှိုင်၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ နေပြည်တော်ကောင်စီပညာရေးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ သင်ကြားရေးတာဝန်များဆောင်ရွက်မည့် ဆရာ/ဆရာမများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများကို သတ်မှတ်ထားသောကျောင်းများ၌ မေလ ၂ ရက်တွင် စတင်သင်ကြားပေးရန် စာရင်းပေး ထားသည့် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များမှ ဆရာ/ဆရာမ ၁,၀၇၆ ဦးရှိကြောင်း၊ လေဆိပ်နှင့် ကားဂိတ်တို့တွင် တာဝန်ရှိသူများက ကြိုဆိုနေကြမည်ဖြစ်ကြောင်း၊ သဘာဝဘေးဒဏ်ခံစား ရသည့်ဒေသများမှ ကျောင်းသား၊ ကျောင်းသူများကို စာမေးပွဲကောင်းမွန်စွာဖြေဆိုနိုင်ရန်အတွက် လာရောက်ကူညီပေးခြင်းဖြစ်သည့်အတွက် ဆရာ/ဆရာမများ၏ နေထိုင်၊ စားသောက်၊ သွားလာရေးအဆင်ပြေစေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများနှင့် ပညာရေးမှူးရုံး အသီးသီးရှိ ဝန်ထမ်းများက ဝိုင်းဝန်းစောင့်ရှောက် ကူညီပေးကြရမည်ဖြစ်ကြောင်း၊ စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများကို သွားရောက်သင်ကြားပေးခြင်းသည် ပညာဒါနမြောက်သည်ဖြစ်၍ ကျောင်းသား/ကျောင်းသူများကို သင်ခန်းစာ၊ မေးခွန်းပုံစံများကို သေချာစွာနားလည်သဘော ပေါက်နိုင်စေရန် စေတနာအပြည့်ဖြင့် သင်ကြားပေးစေလိုကြောင်း၊ သမိုင်းမှတ်တိုင်စိုက်ထူနိုင်မည့် စာသင်ကြားပေးသည့်အစီအစဉ်တွင် ပါဝင်ကြမည့် ဆရာ/ဆရာများ အားလုံးကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့ပါတယ်။