ႏိုင္ငံကူးလက္မွတ္အြန္လိုင္းစနစ္ေလွ်ာက္ထားမႈ ေမ ၁ ရက္ ျပန္ဖြင့္မည္

ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားရန္ အြန္လိုင္းစနစ္ Online Appointment System ျဖင့္ ႀကိဳတင္ေလွ်ာက္ထားရန္ QRCode ရယူျခင္းအား ငလ်င္လႈပ္ခတ္မႈေၾကာင့္ ယာယီရပ္နားထားရာမွ ေမ ၁ ရက္တြင္ ျပန္လည္ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ငလ်င္ေဘးဒဏ္ေၾကာင့္ ဆက္သြယ္ေရးတာဝါတိုင္မ်ား ပ်က္စီးခဲ့သည့္အတြက္ Online Appointment System ျဖင့္ ႏိုင္ငံကူး လက္မွတ္ ေလွ်ာက္ထားမႈရပ္နားထားျခင္း တစ္လနီးပါးၾကာျမင့္ခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ ရန္ကုန္၊ ျမစ္ႀကီးနားႏွင့္ လားရႈိးၿမိဳ႕ရွိ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးမ်ားတြင္ ႏိုင္ငံကူးလက္မွတ္ေဆာင္႐ြက္ရန္ Online AppointmentDate ရရွိထားသူမ်ား ေဆာလ်င္စြာေဆာင္႐ြက္ႏိုင္ေရး Appointment Date မ်ား ျပင္ဆင္ထားသည့္အတြက္ျပန္လည္စိစစ္ႏိုင္ေရး အသိေပးထားၿပီး ေျပာင္းလဲျပင္ဆင္ထားသည့္ရက္မ်ားတြင္ သက္ဆိုင္ရာ ႐ုံးမ်ားအလိုက္ ႏိုင္ငံကူးလက္မွတ္သြားေရာက္ျပဳလုပ္ႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ႏိုင္ငံကူးလက္မွတ္ျပဳလုပ္ခြင့္ QR code ရက္ခ်ိန္း ယူခြင့္မရရွိေသာ္လည္း က်န္းမာေရး၊ ပညာေရးစသည့္ အေရးေပၚကိစၥရွိသူမ်ားအတြက္ Green Channel အစီအစဥ္ျဖင့္ ေဆာင္႐ြက္ေပးေနၿပီး ျမန္မာႏိုင္ငံကူးလက္မွတ္႐ုံးမ်ားတြင္ ႀကိဳတင္ရက္ခ်ိန္းကို ဇြန္လအထိေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။
ဓာတ္ပုံ – ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံး


နိုင်ငံကူးလက်မှတ်အွန်လိုင်းစနစ်လျှောက်ထားမှု မေ ၁ ရက် ပြန်ဖွင့်မည်
==================
နိုင်ငံကူးလက်မှတ်လျှောက်ထားရန် အွန်လိုင်းစနစ် Online Appointment System ဖြင့် ကြိုတင်လျှောက်ထားရန် QRCode ရယူခြင်းအား ငလျင်လှုပ်ခတ်မှုကြောင့် ယာယီရပ်နားထားရာမှ မေ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ငလျင်ဘေးဒဏ်ကြောင့် ဆက်သွယ်ရေးတာဝါတိုင်များ ပျက်စီးခဲ့သည့်အတွက် Online Appointment System ဖြင့် နိုင်ငံကူး လက်မှတ် လျှောက်ထားမှုရပ်နားထားခြင်း တစ်လနီးပါးကြာမြင့်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရန်ကုန်၊ မြစ်ကြီးနားနှင့် လားရှိုးမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် နိုင်ငံကူးလက်မှတ်ဆောင်ရွက်ရန် Online AppointmentDate ရရှိထားသူများ ဆောလျင်စွာဆောင်ရွက်နိုင်ရေး Appointment Date များ ပြင်ဆင်ထားသည့်အတွက်ပြန်လည်စိစစ်နိုင်ရေး အသိပေးထားပြီး ပြောင်းလဲပြင်ဆင်ထားသည့်ရက်များတွင် သက်ဆိုင်ရာ ရုံးများအလိုက် နိုင်ငံကူးလက်မှတ်သွားရောက်ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့် QR code ရက်ချိန်း ယူခွင့်မရရှိသော်လည်း ကျန်းမာရေး၊ ပညာရေးစသည့် အရေးပေါ်ကိစ္စရှိသူများအတွက် Green Channel အစီအစဉ်ဖြင့် ဆောင်ရွက်ပေးနေပြီး မြန်မာနိုင်ငံကူးလက်မှတ်ရုံးများတွင် ကြိုတင်ရက်ချိန်းကို ဇွန်လအထိပေးထားပြီးဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး