ပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလားအတူ လွည့္လည္ေအာင္ပြဲခံမယ့္ လီဗာပူး
ပရီးမီးယားလိဂ္ခ်န္ပီယံလီဗာပူးအသင္းဟာ ရာသီပိတ္ပြဲစဥ္အၿပီး တစ္ရက္အၾကာ ေမလ(၂၆)ရက္၊ တနလၤာေန႔မွာ အမိုးဖြင့္ဘတ္စ္ကားနဲ႔ ၿမိဳ႕အႏွံ႔လွည့္လည္ေအာင္ပြဲခံသြားမယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။ တနဂၤေႏြညက အန္ဖီးလ္မွာ စပါးကို (၅-၁)ဂိုးနဲ႔အႏိုင္ရခဲ့တာေၾကာင့္ လီဗာပူးဟာ ပရီးမီးယားလိဂ္ဖလားကို ဒုတိယအႀကိမ္ေျမာက္နဲ႔ အဂၤလန္အမွတ္ေပးခ်န္ပီယံဆုကို အႀကိမ္(၂၀)ေျမာက္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ လီဗာပူးအသင္းသားေတြပါတဲ့ အမိုးဖြင့္ဘတ္စ္ကားဟာ ေမလ(၂၆)ရက္မွာ Allerton Maze ကေန စတင္ထြက္ခြာမွာျဖစ္ၿပီး Blundell Street မွာ အဆုံးသတ္မွာျဖစ္ပါတယ္။ လွည့္လည္ေအာင္ပြဲခံတဲ့ ခရီးစဥ္အစအဆုံးအကြာအေဝးက (၉)မိုင္ရွိတယ္လို႔ သိရပါတယ္။ ေထာင္ေပါင္းမ်ားစြားေသာ ပရိသတ္ေတြဟာ နည္းျပအာနီဆေလာ့နဲ႔ ခ်န္ပီယံဆုရလီဗာပူးအသင္းသားေတြကို လမ္းတစ္ေလွ်ာက္ ဂုဏ္ျပဳအားေပးသြားမွာျဖစ္ပါတယ္။ လွည့္လည္ေအာင္ပြဲခံတဲ့အစီအစဥ္ကို လီဗာပူးၿမိဳ႕ေတာ္ေကာင္စီက စီစဥ္တာျဖစ္ၿပီး အနည္းဆုံး (၃)နာရီကေန (၅)နာရီအၾကား အခ်ိန္ၾကာျမင့္ဖြယ္ရွိပါတယ္။ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ရာသီပိတ္ပြဲအျဖစ္ ေမလ(၂၅)ရက္ေန႔၊ အန္ဖီးလ္မွာ ပဲေလ့စ္အသင္းနဲ႔ ကစားသြားရမွာျဖစ္ပါတယ္။
ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားအတူ လှည့်လည်အောင်ပွဲခံမယ့် လီဗာပူး
===========================================
ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးအသင်းဟာ ရာသီပိတ်ပွဲစဉ်အပြီး တစ်ရက်အကြာ မေလ(၂၆)ရက်၊ တနင်္လာနေ့မှာ အမိုးဖွင့်ဘတ်စ်ကားနဲ့ မြို့အနှံ့လှည့်လည်အောင်ပွဲခံသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ တနင်္ဂနွေညက အန်ဖီးလ်မှာ စပါးကို (၅-၁)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် လီဗာပူးဟာ ပရီးမီးယားလိဂ်ဖလားကို ဒုတိယအကြိမ်မြောက်နဲ့ အင်္ဂလန်အမှတ်ပေးချန်ပီယံဆုကို အကြိမ်(၂၀)မြောက်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းသားတွေပါတဲ့ အမိုးဖွင့်ဘတ်စ်ကားဟာ မေလ(၂၆)ရက်မှာ Allerton Maze ကနေ စတင်ထွက်ခွာမှာဖြစ်ပြီး Blundell Street မှာ အဆုံးသတ်မှာဖြစ်ပါတယ်။ လှည့်လည်အောင်ပွဲခံတဲ့ ခရီးစဉ်အစအဆုံးအကွာအဝေးက (၉)မိုင်ရှိတယ်လို့ သိရပါတယ်။ ထောင်ပေါင်းများစွားသော ပရိသတ်တွေဟာ နည်းပြအာနီဆလော့နဲ့ ချန်ပီယံဆုရလီဗာပူးအသင်းသားတွေကို လမ်းတစ်လျှောက် ဂုဏ်ပြုအားပေးသွားမှာဖြစ်ပါတယ်။ လှည့်လည်အောင်ပွဲခံတဲ့အစီအစဉ်ကို လီဗာပူးမြို့တော်ကောင်စီက စီစဉ်တာဖြစ်ပြီး အနည်းဆုံး (၃)နာရီကနေ (၅)နာရီအကြား အချိန်ကြာမြင့်ဖွယ်ရှိပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲအဖြစ် မေလ(၂၅)ရက်နေ့၊ အန်ဖီးလ်မှာ ပဲလေ့စ်အသင်းနဲ့ ကစားသွားရမှာဖြစ်ပါတယ်။