တ႐ုတ္မွာ ကမာၻ႔ ပထမဆုံး 10G အင္တာနက္ လာၿပီ

5G ေတြ 6G ေတြ နားလိုက္ေတာ့။ တ႐ုတ္မွာ 10G အင္တာနက္ကို ဝန္ေဆာင္မႈေပးလိုက္ပါၿပီ။ ေဘဂ်င္းရဲ႕ အေနာက္ေတာင္ဘက္ ၇၀ မိုင္မွာ တည္ရွိတဲ့ နည္းပညာၿမိဳ႕ေတာ္ Xiong’an မွာ 10G အင္တာနက္ကို ဝန္ေဆာင္မႈေပးလိုက္တာ ျဖစ္ပါတယ္။
10G အင္တာနက္ရဲ႕ ေဒါင္းလုပ္ အျမန္ႏႈန္းဟာ တစ္စကၠန႔္ကို 10 Gigabytes ရွိၿပီး 8K Video ေတြကို ၾကည့္ရႈႏိုင္ပါတယ္။ ဒါတင္မကေသးပါဘူး။ 10G အင္တာနက္ဟာ AI နည္းပညာကို မ်ားစြာ အေထာက္အကူျပဳမွာ ျဖစ္ၿပီး ေမာင္းသူမဲ့ ကား၊ Virtual Reality (VR) ၊ Augmented Reality (AR) နဲ႔ စမတ္ ၿမိဳ႕ေတာ္ေတြကို တိုးတက္ေစမွာ ျဖစ္ပါတယ္။ 10G အင္တာနက္ဟာ စမတ္ၿမိဳ႕ေတာ္ေတြကို ခ်ိတ္ဆက္ေပးႏိုင္မယ္လို႔ ယုံၾကည္ထားပါတယ္။
10G အင္တာနက္ကို Huawei နဲ႔ China Unicom တို႔ ပူးေပါင္း လုပ္ေဆာင္ခဲ့တာ ျဖစ္ၿပီး 50G-PON နည္းပညာကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ ဒီအျမန္ႏႈန္းနဲ႔ ဆိုရင္ အ႐ြယ္အစားႀကီးမားတဲ့ ႐ုပ္ရွင္ဖိုင္ေတြကို စကၠန႔္ပိုင္းအတြင္း ေဒါင္းလုပ္လုပ္ႏိုင္ၿပီး အြန္လိုင္း ဂိမ္းေတြကို Lag မရွိဘဲ ကစားႏိုင္မွာ ျဖစ္ပါတယ္။
Ref : msn #DigitalTimes


တရုတ်မှာ ကမ္ဘာ့ ပထမဆုံး 10G အင်တာနက် လာပြီ
==============================
5G တွေ 6G တွေ နားလိုက်တော့။ တရုတ်မှာ 10G အင်တာနက်ကို ဝန်ဆောင်မှုပေးလိုက်ပါပြီ။ ဘေဂျင်းရဲ့ အနောက်တောင်ဘက် ၇၀ မိုင်မှာ တည်ရှိတဲ့ နည်းပညာမြို့တော် Xiong’an မှာ 10G အင်တာနက်ကို ဝန်ဆောင်မှုပေးလိုက်တာ ဖြစ်ပါတယ်။
10G အင်တာနက်ရဲ့ ဒေါင်းလုပ် အမြန်နှုန်းဟာ တစ်စက္ကန့်ကို 10 Gigabytes ရှိပြီး 8K Video တွေကို ကြည့်ရှုနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ 10G အင်တာနက်ဟာ AI နည်းပညာကို များစွာ အထောက်အကူပြုမှာ ဖြစ်ပြီး မောင်းသူမဲ့ ကား၊ Virtual Reality (VR) ၊ Augmented Reality (AR) နဲ့ စမတ် မြို့တော်တွေကို တိုးတက်စေမှာ ဖြစ်ပါတယ်။ 10G အင်တာနက်ဟာ စမတ်မြို့တော်တွေကို ချိတ်ဆက်ပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
10G အင်တာနက်ကို Huawei နဲ့ China Unicom တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး 50G-PON နည်းပညာကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒီအမြန်နှုန်းနဲ့ ဆိုရင် အရွယ်အစားကြီးမားတဲ့ ရုပ်ရှင်ဖိုင်တွေကို စက္ကန့်ပိုင်းအတွင်း ဒေါင်းလုပ်လုပ်နိုင်ပြီး အွန်လိုင်း ဂိမ်းတွေကို Lag မရှိဘဲ ကစားနိုင်မှာ ဖြစ်ပါတယ်။
Ref : msn #DigitalTimes