Elon Musk ရဲ႕ Starlink ထက္ ၁၀ ဆ ပိုျမန္တဲ့ တ႐ုတ္ရဲ႕ ၿဂိဳလ္တု အင္တာနက္

တ႐ုတ္ရဲ႕ 100 Gbps ၿဂိဳလ္တု အင္တာနက္ဟာ Starlink ထက္ ၁၀ ဆ ပိုျမန္ပါတယ္။ ေလဆာ နည္းပညာကို အသုံးျပဳထားပါတယ္။
Chang Guang Satellite Technology က တီထြင္ထားတဲ့ Jilin-1 ၿဂိဳလ္တုေပါင္း ၃၀၀ ကို ၂၀၂၇ ခုႏွစ္မွာ အာကာသကိုလႊတ္တင္ဖို႔ စီစဥ္ထားပါတယ္။ အဲဒီ စနစ္မွာ ေက်ာပိုးအိတ္ အ႐ြယ္ ေလဆာ ဆက္သြယ္ေရး Terminal ေတြကို အသုံးျပဳထားၿပီး ၿဂိဳလ္တုနဲ႔ ကမာၻအၾကားမွာ မ်ားျပားတဲ့ ေဒတာေတြကို ပို႔လႊတ္ေပးႏိုင္ပါတယ္။
ေျမျပင္ စေတရွင္ေတြမွာ အဲဒီ Terminal ေတြကို တပ္ဆင္ထားမွာ ျဖစ္ၿပီး ရာသီဥတုေၾကာင့္ အင္တာနက္လိုင္း ျပတ္ေတာက္မႈလည္း မရွိဘူးလို႔ သိရပါတယ္။ အဲဒီ ၿဂိဳလ္တု အင္တာနက္ဟာ ၁ စကၠန႔္မွာ ႐ုပ္ရွင္ ၁၀ ကားကို ေဒါင္းလုပ္လုပ္ႏိုင္ပါတယ္။
ဒီနည္းပညာဟာ ေလဆာ ဆက္သြယ္ေရး နည္းပညာကို ထူးျခားဆန္းသစ္ေစမွာ ျဖစ္ပါတယ္။ Navigation , 6G Internet အတြက္ အလြန္ အက်ိဳးရွိေစမွာ ျဖစ္ပါတယ္။
Ref : Tech Explorers #DigitalTimes


Elon Musk ရဲ့ Starlink ထက် ၁၀ ဆ ပိုမြန်တဲ့ တရုတ်ရဲ့ ဂြိုလ်တု အင်တာနက်
============================================
တရုတ်ရဲ့ 100 Gbps ဂြိုလ်တု အင်တာနက်ဟာ Starlink ထက် ၁၀ ဆ ပိုမြန်ပါတယ်။ လေဆာ နည်းပညာကို အသုံးပြုထားပါတယ်။
Chang Guang Satellite Technology က တီထွင်ထားတဲ့ Jilin-1 ဂြိုလ်တုပေါင်း ၃၀၀ ကို ၂၀၂၇ ခုနှစ်မှာ အာကာသကိုလွှတ်တင်ဖို့ စီစဉ်ထားပါတယ်။ အဲဒီ စနစ်မှာ ကျောပိုးအိတ် အရွယ် လေဆာ ဆက်သွယ်ရေး Terminal တွေကို အသုံးပြုထားပြီး ဂြိုလ်တုနဲ့ ကမ္ဘာအကြားမှာ များပြားတဲ့ ဒေတာတွေကို ပို့လွှတ်ပေးနိုင်ပါတယ်။
မြေပြင် စတေရှင်တွေမှာ အဲဒီ Terminal တွေကို တပ်ဆင်ထားမှာ ဖြစ်ပြီး ရာသီဥတုကြောင့် အင်တာနက်လိုင်း ပြတ်တောက်မှုလည်း မရှိဘူးလို့ သိရပါတယ်။ အဲဒီ ဂြိုလ်တု အင်တာနက်ဟာ ၁ စက္ကန့်မှာ ရုပ်ရှင် ၁၀ ကားကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
ဒီနည်းပညာဟာ လေဆာ ဆက်သွယ်ရေး နည်းပညာကို ထူးခြားဆန်းသစ်စေမှာ ဖြစ်ပါတယ်။ Navigation , 6G Internet အတွက် အလွန် အကျိုးရှိစေမှာ ဖြစ်ပါတယ်။
Ref : Tech Explorers  #DigitalTimes