တ႐ုတ္ခရီးစဥ္မွာ DeepSeek ကို ခ်ီးက်ဴးခဲ့တဲ့ တင္မ္ကြတ္

Apple CEO ကေတာ့ တ႐ုတ္ေရာက္တုန္း DeepSeek အစြမ္းကိုပါ ခ်ီးက်ဴးသြားပါတယ္။
တင္မ္ကြတ္က ဇန္နဝါရီသုံးလပတ္ ကုမၸဏီဝင္ေငြရလဒ္ ရွင္းတမ္းေၾကညာတုန္းကလည္း DeepSeek ကို ရည္႐ြယ္ၿပီး “အလုပ္ျဖစ္ၿပီး ထိေရာက္တဲ့ တီထြင္ဆန္းသစ္မႈက ေကာင္းတဲ့အရာ” လို႔ ေျပာခဲ့ပါတယ္။ အခု တ႐ုတ္ျပည္ေရာက္ခ်ိန္မွာလည္း DeepSeek ႐ုံးစိုက္တဲ့ ဟန္က်ိဴးအထိ သြားလည္ခဲ့တယ္လို႔ ဆိုပါတယ္။
ဟန္က်ိဴးဆိုတာ တ႐ုတ္ရဲ႕ နည္းပညာဇုံလို႔ ေျပာရမယ့္ ၿမိဳ႕ပါ။ ကမာၻေက်ာ္ Alibaba Group ႐ုံးစိုက္တဲ့ ဒီၿမိဳ႕မွာ “နဂါး ၆ ေကာင္” လို႔ တင္စားထားတဲ့ ထိပ္တန္းနည္းပညာကုမၸဏီ ၆ ခုလည္း ရွိပါတယ္။ နဂါး ၆ ေကာင္လို႔ တင္စားခံရတဲ့ ကုမၸဏီေတြက AI ကုမၸဏီ DeepSeek ၊ Manycore Tech ၊ စက္႐ုပ္ကုမၸဏီ Unitree Robotics ၊ DEEP Robotics ၊ Neuralink စတိုင္ အာ႐ုံေၾကာသိပၸံကုမၸဏီ BrainCo နဲ႔ ဝူခုန္းဂိမ္းကုမၸဏီ Game Science တို႔ပါ။
တင္မ္ကြတ္ရဲ႕ ဟန္က်ိဴးခရီးစဥ္မွာ ဒီကုမၸဏီေတြနဲ႔ ေတြ႕မေတြ႕ေတာ့ မသိရပါဘူး။ ဟန္က်ိဳးကို ေရာက္တုန္း တင္မ္ကြတ္က Zhejiang University က ေက်ာင္းသားေတြနဲ႔ ေတြ႕ခဲ့သလို ေက်ာင္းကိုလည္း ယြမ္သန္း ၃၀ လႉဒါန္းခဲ့တယ္လို႔ဆိုပါတယ္။ ဒီေက်ာင္းက DeepSeek founder လ်န္ ဝမ္ဖန္းနဲ႔ PDD Holding e-commerce လုပ္ငန္းစုသူေဌး ေကာလင္းဟြမ္တို႔ တက္ခဲ့တဲ့ ေက်ာင္းပါ။
၂၀၂၅ အတြက္ တင္မ္ကြတ္ရဲ႕ ပထမဆုံးတ႐ုတ္ခရီးစဥ္က Apple Intelligence တ႐ုတ္မွာ သုံးခြင့္ရဖို႔ကိစၥအျပင္ ရွန္ဟိုင္းမွာ developer ကြန္ဖရင့္ က်င္းပဖို႔လည္း ပါပါတယ္။ Apple ရဲ႕ ရွန္ဟိုင္း developer ကြန္ဖရင့္မွာ Apple Intelligence အေၾကာင္း တ႐ုတ္ developers ေတြကို အေသးစိတ္ ေျပာသြားဖို႔ ရွိပါတယ္။
ေလာေလာဆယ္ေတာ့ တ႐ုတ္က iPhone ေတြမွာ AI သုံးႏိုင္ေရးအတြက္ Apple နဲ႔ Alibaba တို႔ ပါတနာလုပ္ထားတယ္လို႔ ဆိုပါတယ္။ တ႐ုတ္ေဈးကြက္ထဲ ဝင္တဲ့ iPhone ေတြမွာ AI မပါတာနဲ႔ ျပည္တြင္းဖုန္း Brand ေတြရဲ႕ စိန္ေခၚအားေကာင္းမႈေတြေၾကာင့္ iPhone ေရာင္းအား က်လိုက္လာေနပါတယ္။
၂၀၂၄ စတုတၳသုံးလပတ္အတြက္ တ႐ုတ္ေဈးကြက္ထဲ iPhone တင္ပို႔မႈဟာ အရင္ႏွစ္ကထက္ ၂၅% အထိ က်သြားၿပီး တစ္ႏွစ္လုံးေရာင္းအားဆို ၁၇% အထိ က်ဆင္းမယ္လို႔လည္း ခန႔္မွန္းထားပါတယ္။ #Duwun Tech


တရုတ်ခရီးစဉ်မှာ DeepSeek ကို ချီးကျူးခဲ့တဲ့ တင်မ်ကွတ်
===================
Apple CEO ကတော့ တရုတ်ရောက်တုန်း DeepSeek အစွမ်းကိုပါ ချီးကျူးသွားပါတယ်။
တင်မ်ကွတ်က ဇန်နဝါရီသုံးလပတ် ကုမ္ပဏီဝင်ငွေရလဒ် ရှင်းတမ်းကြေညာတုန်းကလည်း DeepSeek ကို ရည်ရွယ်ပြီး “အလုပ်ဖြစ်ပြီး ထိရောက်တဲ့ တီထွင်ဆန်းသစ်မှုက ကောင်းတဲ့အရာ” လို့ ပြောခဲ့ပါတယ်။ အခု တရုတ်ပြည်ရောက်ချိန်မှာလည်း DeepSeek ရုံးစိုက်တဲ့ ဟန်ကျိူးအထိ သွားလည်ခဲ့တယ်လို့ ဆိုပါတယ်။
ဟန်ကျိူးဆိုတာ တရုတ်ရဲ့ နည်းပညာဇုံလို့ ပြောရမယ့် မြို့ပါ။ ကမ္ဘာကျော် Alibaba Group ရုံးစိုက်တဲ့ ဒီမြို့မှာ “နဂါး ၆ ကောင်” လို့ တင်စားထားတဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီ ၆ ခုလည်း ရှိပါတယ်။ နဂါး ၆ ကောင်လို့ တင်စားခံရတဲ့ ကုမ္ပဏီတွေက AI ကုမ္ပဏီ DeepSeek ၊ Manycore Tech ၊ စက်ရုပ်ကုမ္ပဏီ Unitree Robotics ၊ DEEP Robotics ၊ Neuralink စတိုင် အာရုံကြောသိပ္ပံကုမ္ပဏီ BrainCo နဲ့ ဝူခုန်းဂိမ်းကုမ္ပဏီ Game Science တို့ပါ။
တင်မ်ကွတ်ရဲ့ ဟန်ကျိူးခရီးစဉ်မှာ ဒီကုမ္ပဏီတွေနဲ့ တွေ့မတွေ့တော့ မသိရပါဘူး။ ဟန်ကျိုးကို ရောက်တုန်း တင်မ်ကွတ်က Zhejiang University က ကျောင်းသားတွေနဲ့ တွေ့ခဲ့သလို ကျောင်းကိုလည်း ယွမ်သန်း ၃၀ လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။ ဒီကျောင်းက DeepSeek founder လျန် ဝမ်ဖန်းနဲ့ PDD Holding e-commerce လုပ်ငန်းစုသူဌေး ကောလင်းဟွမ်တို့ တက်ခဲ့တဲ့ ကျောင်းပါ။
၂၀၂၅ အတွက် တင်မ်ကွတ်ရဲ့ ပထမဆုံးတရုတ်ခရီးစဉ်က Apple Intelligence တရုတ်မှာ သုံးခွင့်ရဖို့ကိစ္စအပြင် ရှန်ဟိုင်းမှာ developer ကွန်ဖရင့် ကျင်းပဖို့လည်း ပါပါတယ်။ Apple ရဲ့ ရှန်ဟိုင်း developer ကွန်ဖရင့်မှာ Apple Intelligence အကြောင်း တရုတ် developers တွေကို အသေးစိတ် ပြောသွားဖို့ ရှိပါတယ်။
လောလောဆယ်တော့ တရုတ်က iPhone တွေမှာ AI သုံးနိုင်ရေးအတွက် Apple နဲ့ Alibaba တို့ ပါတနာလုပ်ထားတယ်လို့ ဆိုပါတယ်။ တရုတ်ဈေးကွက်ထဲ ဝင်တဲ့ iPhone တွေမှာ AI မပါတာနဲ့ ပြည်တွင်းဖုန်း Brand တွေရဲ့ စိန်ခေါ်အားကောင်းမှုတွေကြောင့် iPhone ရောင်းအား ကျလိုက်လာနေပါတယ်။
၂၀၂၄ စတုတ္ထသုံးလပတ်အတွက် တရုတ်ဈေးကွက်ထဲ iPhone တင်ပို့မှုဟာ အရင်နှစ်ကထက် ၂၅% အထိ ကျသွားပြီး တစ်နှစ်လုံးရောင်းအားဆို ၁၇% အထိ ကျဆင်းမယ်လို့လည်း ခန့်မှန်းထားပါတယ်။ #Duwun Tech